စကားပြော၊ သီချင်းဆို၊ ပြုံးပြနိုင်သည့် စက်ရုပ်ခေါင်း တီထွင် ပေကျင်း၊ ဇူလိုင် ၂၇ လိင်ဖျော်ဖြေရေးအရုပ်များ ထုတ်လုပ်နေသည့် တရုတ်နိုင်ငံမှ EX Doll နှင့် ဂျပန်နိုင်ငံမှ Doll Sweet Dolls တို့ ပူးပေါင်းပြီး ရှေ့ပြေးအစီအစဉ် အနေနှင့် စက်ရုပ်မခေါင်းပိုင်းကို တီထွင်ခဲ့ရာ သီချင်းဆို၊ စကားပြောနိုင်သည့်အပြင် ပြုံးပြနိုင်သည့် အဆင့်ကို ရောက်ရှိပြီ ဖြစ်ကြောင်း Daily Mail သတင်းတွင် ဖော်ပြထားသည်။ DS Doll Roboic Head ဟု အမည်ပေးထားသည့် စက်ရုပ်မ ဦးခေါင်းတွင် အလွယ်တကူ ဖယ်ရှားနိုင်သည့် ဆီလီကွန် အရေပြားကို တပ်ဆင်ထားပြီး အရုပ်ခေါင်း၏ လုပ်ဆောင်ချက် အားလုံးကို စမတ်ဖုန်း သို့မဟုတ် PlayStation ဂိမ်းစက်မှ controller နှင့် ထိန်းချုပ်လုပ်ဆောင်ခိုင်းနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။ အလွန်လှပသည့် မျက်နှာဖြင့် ဖန်တီးထားသည့် အရုပ်မသည် ပြောသည့်စကားကို နားလည်ပြီး၊ မေးခွန်းကို ဖြေဆိုနိုင်သည့်အပြင်၊ အသံကို မှတ်သားသိနိုင်သည့် Voice Recognition ဆော့ဖ်ဝဲကို ထည့်သွင်းပေးထားသည်။ အရုပ်ခေါင်းပိုင်းကို လက်ရှိတွင် အင်္ဂလိပ်စကားပြော တစ်မျိုးတည်းဖြင့်သာ ရနိုင်သေးပြီး၊ မကြာမီ အင်္ဂလိပ်၊ ဂျပန်ဘာသာနှစ်မျိုး ပြောဆိုနိုင်သော အရုပ်များကို ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ယခုအခါ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ရနိုင်မည် ဖြစ်ကြောင်း၊ အဖော်မဲ့နေသူများအတွက် တီထွင်ထားခြင်းဖြစ်ကြောင်း Ex Doll မှာ တာဝန်ရှိသူများက ပြောကြားသည်။ ခေါင်းချည်းသက်သက် တီထွင်ရောင်းချရခြင်းမှာ အခြားကိုယ်ထည်ပိုင်းကို မိမိနှစ်သက်ရာ အရုပ်များနှင့် တပ်ဆင်ရန် ရည်ရွယ်ကြောင်း၊ စက်ရုပ် ခေါင်းတစ်ခေါင်းလျှင် ဒေါ်လာ ၅၈၇၀ ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း Daily Mail တွင် ရေးသားထားသည်။ EX Doll ဥရောပကုမ္ပဏီမှ အကြီးအကဲ ပေါလ်လမ်းက ယခုနှစ်ကုန်ပိုင်းတွင် စက်ရုပ်ဦးခေါင်းများကို ဗြိတိန်နိုင်ငံအတွင်း ဖြန့်ချိရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။ အရုပ်မခေါင်းကို အသံထုတ်နိုင်ခြင်းမှာ စမတ်ဖုန်းများကို အသုံးပြုရခြင်းနှင့် ကွဲပြားခြင်း မရှိကြောင်း၊ လာမည့် ၂ နှစ်အတွင်း လူသားနှင့်မခြား အသိဉာဏ်ရှိသည့် စက်ရုပ်မများကို တီထွင်ရန် စီစဉ်ထားကြောင်း ပေါလ်က ပြောကြားသည်။ လိင်ဖျော်ဖြေရေးဆိုင်ရာ အထောက်အကူပြုပေးမည့် အရုပ်များကို လူ့ဘောင်အတွင်း တီထွင်ပေးရခြင်းမှာ ကျန်းမာရေး အထောက်အကူပြုရန် ဖြစ်ကြောင်း ပေါလ်က ဆိုသည်။
Source : https://goo.gl/qQcbnQ
via IFTTT
No comments:
Post a Comment