Airbus ကုမ္ပဏီမှ A380 လေယာဉ်ထုတ်လုပ်မှုကို လျှော့ချ ဥရောပအခြေစိုက် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Airbus ဟာ ၎င်းရဲ့ “A380 superjumbo” အမျိုးအစားဖြစ်တဲ့ လေယာဉ်ထုတ်လုပ်ရေးကို ယခုနှစ်အတွင်းမှာဘဲ ဒုတိယအကြိမ်မြောက်အနေနဲ့ လျှော့ချခဲ့ပါတယ်။ အဆိုပါ “A380 superjumbo”နှစ်ထပ်လေယာဉ် တင်ပို့မှုမှာလည်း ယခုနှစ်မှာ ၁၅ စီး၊ ၂၀၁၈ မှာ ၁၂ စီးနဲ့ ၂၀၁၉ မှာ ၈ စီးအထိ တဖြည်းဖြည်းချင်းလျော့နည်းလာတယ်လို့ Airbus ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တာဝန်ရှိ အကြီးအကဲတဦးဖြစ်သူ Tom Enders က “ဒီ A380 လေယာဉ် တင်ပို့ရောင်းချမှုဟာ ကာလတိုအတွင်းမှာ လိုအပ်သလောက် မြင့်မားလာမှာ မဟုတ်တော့ဘူး” လို့ ပြောကြားထားပါတယ်။ အဆိုပါ A380 လေယာဉ်ကို အော်ဒါအဖြစ် မှာယူခြင်းမရှိတော့တာဟာ ၂ နှစ်လောက်ရှိသွားပြီဖြစ်ကြောင်းနဲ့ အဆိုပါ လေယာဉ် အမျိုးအစား ထုတ်လုပ်မှုဟာလည်း အရှုံးပေါ်နေကြောင်းကို ကြာသပတေးနေ့က ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး Airbus ကုမ္ပဏီဟာ ဝင်ငွေစုစုပေါင်း ၁၅.၂၇ ဘီလျံမှာ အမြတ်ငွေရာခိုင်နူန်း ၂၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ Airbus ရဲ့ A380 လေယာဉ်တွေဟာ တစီးကို ၄၃၂.၆ မီလီယံတန်ကြေးရှိပြီးတော့ လူ ၆၀၀ နဲ့ အထက်ကို တပြိုင်နက်တည်း သယ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ ယခုလို လူပမာဏများပြားစွာ တင်ဆောင်နိုင်တဲ့ A380 လေယာဉ်ရဲ့ ကမ္ဘာအရပ်ရပ်မှ မှာယူမှုပမာဏ လျော့နည်းလာရခြင်းရဲ့အဓိကမှာ ပျံသန်းမှု ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။ ခရီးသည်များပြားစွာတင်ဆောင်နိုင်ပေမယ့် ဆီစားနှုန်းကုန်ကျမှုဟာ တနာရီကို အမေရိကန်ဒေါ်လာ ၂၆၀၀၀ မှ ၂၉၀၀၀ အထိ ရှိနေတာပါ။ ပျှမ်းမျှအားဖြင့် တမိုင်ကို အမေရိကန်ဒေါ်လာ ၄၀.၁၉ မှ ၄၄.၈၂ အထိ ရှိနေတာပါ။ နောက်ထပ်ပြဿနာတခုကတော့ လေယာဉ်ရပ်နားဖို့နေရာပါ။ လေယာဉ်ကွင်းကြီးရှိတဲ့ နိုင်ငံတွေအတွက်တော့ ပြဿနာ မရှိနိုင်ပေမယ့် ကွင်းဧရိယာကြီးကြီးမားမားမရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်တော့ ဆင်းသက်ရ ခက်ခဲစေတာကြောင့်လို့ သိရပါတယ်။ Airbus ကုမ္ပဏီရဲ့ အဓိကပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Boeing ကုမ္ပဏီရဲ့ ရှယ်ယာရာခိုင်နှုန်းကတော့ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့မှာ သိသိသာသာမြင့်တက်လာကြောင်းကို သတင်းကဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လပိုင်းက Airbus ဟာ အဆင့်မြှင့်တင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ဂျက်လေယာဉ်ကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဆိုပါလေယာဉ်နဲ့ပတ်သက်ပြီးဆီစားသက်သာကြောင်းကိုလည်း အာမခံထားပြီး ထိုင်ခုံနေရာများ ပိုမိုများပြားကြောင်း လည်း ပြောကြားခဲ့ပါတယ်။ ယခုလို လေယာဉ်သစ်ထုတ်လုပ်မှုဟာ လေကြောင်းလိုင်းတွေအနေနဲ့ Airbus ကို အော်ဒါပိုမို မှာယူလာနိုင်စေဖို့အတွက် အထောက်အကူတခုဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်လို့လည်း သတင်းက ဖော်ပြထား ပါတယ်။ လက်ရှိမှာတော့ အဆိုပါလေယာဉ်ဟာ စမ်းသပ်ဆဲအဆင့်မှာသာရှိနေပြီး အင်ဂျင်ပိုင်းဆိုင်ရာမှာ ချို့ယွင်းချက် ရှိနေသေးကြောင်း၊ ထိုချို့ယွင်းချက်ကို မကြာမီမှာ ပြင်ဆင်နိုင်ဖို့ ကြိုးစားအဖြေရှာနေကြောင်း ဖော်ပြထားပါတယ်။ Ref: bbc.com/ http://ift.tt/2hfFxcf The post Airbus ကုမ္ပဏီမှ A380 လေယာဉ်ထုတ်လုပ်မှုကို လျှော့ချ appeared first on ဧရာဝတီ.
Source : http://ift.tt/2vWUEux
via IFTTT
No comments:
Post a Comment