Friday, July 28, 2017


နှိပ်စက်ခံ အိမ်အကူ မိန်းကလေးကို ခြိမ်းခြောက်ခေါ်ဆောင် အဓမ္မ ပြုကျင့်သူကို ဖမ်းမိ ရန်ကုန်၊ ဇူလိုင် ၂၆ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦး၏ နေအိမ်၌ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုကြောင့်အမှု ရင်ဆိုင်ရန်လာရောက်သော တရားလို အိမ်အကူမိန်းကလေးကို ခြိမ်းခြောက်ခေါ်ဆောင်၍ သားမယားအဖြစ် ပြုကျင့်ခဲ့သူ အမျိုးသားကို ယနေ့ (ဇူလိုင် ၂၇ ရက်)ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ အိမ်အကူ မနန်းမို့မို့အေးမှာ ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးသို့ ဇူလိုင်လ ၄ ရက်နေ့က ရုံးချိန်းလာရောက်စဉ် အောင်မင်္ဂလာ အဝေးပြေးဝင်းအနီးရှိ ဇေကမ္ဘာ ဘုရားဝင်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ “ငါနဲ့လိုက်ခဲ့၊ မလိုက်ရင် သတ်ပစ်မယ်လို့ ပိန်ပိန်ရှည်ရှည်နဲ့ လူတစ်ယောက်ကပြောပြီး ခေါ်သွားတယ်။ သူငှားနေတဲ့ အခန်းရောက်တော့ အဓမ္မ ပြုကျင့်တယ်။ ရက် ၂၀ ကြာ သူနဲ့နေခဲ့ရပြီး ဒီလ ၂၅ ရက်နေ့က အမေ့အိမ်ရှိရာ မြစ်သားကို ထွက်ပြေးခဲ့တာပါ။ ၂၆ ရက်နေ့မှာ မြစ်သား ပြန်ရောက်တယ်။”ဟု မနန်းမို့မို့အေးက ပြောကြားသည်။ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မနန်းမို့မို့အေးမှာ ဇူလိုင်လ ၄ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးတွင် အစစ်ဆေးခံရန် နယ်မှ ရန်ကုန်သို့ ၎င်းအဘွားဖြစ်သူနှင့် အတူလာခဲ့စဉ် အောင်မင်္ဂလာ အဝေးပြေးဝင်းအရောက် ကားဝင်းဘေးရှိ ဇေကမ္ဘာ ဘုရားဝင်းတွင် ခေတ္တနားခိုစဉ် ရဲထွဋ်ဆိုသူက ၎င်းကို ခြိ်မ်းခြောက် ခေါ်ဆောင်သွားကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ သိရသည်။ “ခရီးပန်းလာတော့ အဘွားဖြစ်သူက ခဏ အိပ်ပျော်သွားတယ်။ နန်းမို့မို့အေးက အိပ်မပျော်လို့ အိမ်သာဘက် ထွက်သွားချိန် အမျိုးသား တစ်ယောက်က ခြိ်မ်းခြောက် ခေါ်ဆောင်သွားတာလို့ ကလေးမက ပြန်ပြောပြတယ်။ အဲလူနာမည်က ရဲထွဋ်တဲ့။ သူက ကလေးမကို အလိုမတူ သားမယားအဖြစ် ပြုကျင့်တယ်။ ပြီးတော့ အမှုရင်ဆိုင်နေတဲ့ အရင် အိမ်အကူလုပ်ခဲ့တဲ့ အိမ်ရှင်ဆီ သွားပြီးလဲ ဒီလူက ငွေသွားညှစ်တယ်လို့ ကလေးမထံက သိရတယ်။”ဟု ယင်းအမှုအား လိုက်ပါ ကူညီဆောင်ရွက်နေသည့် မြစ်သားမြို့တွင် နေထိုင်သော လူ့အခွင့်အရေးလှုပ်ရှားသူ ဦးခင်အောင်လင်းက ရှင်းပြသည်။ အိမ်အကူ မိန်းကလေးအား ခြိမ်းခြောက်ခေါ်ဆောင်သွားသူဟုဆိုသူ ရဲထွဋ်ကို ယနေ့ (ဇူလိုင် ၂၇ ရက်) ညနေပိုင်းက မင်္ဂလာဒုံမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၆၃/ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖမ်းမိသူ ရဲထွဋ်မှာ မိန်းကလေးအား မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ၎င်းငှားရမ်းနေထိုင်သော လေးခန်းတွင် အဆောင်ရှိ အခန်းတစ်ခန်းထဲ ခေါ်ဆောင်ပြီး နေ့စဉ် အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ လိုင်းခန်းအနီးရှိ စတိုးဆိုင် တစ်ဆိုင်၌ မိန်းကလေးက တစ်နေ့ လုပ်အားခ ကျပ်နှစ်ထောင်ဖြင့်ဝင်လုပ်၍ ရသည့်ငွေဖြင့် မိဘများရှိရာ မြစ်သားမြို့သို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း မနန်းမို့မို့အေး၏ မိသားစုဝင်များထံမှ သိရသည်။ အိမ်အကူ မနန်းမို့မို့အေးမှာ ၂၀၁၅ ခုနှစ်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာဝင်းရှိ အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် တစ်လလျှင် လုပ်အားခ ကျပ်ငါးသောင်းဖြင့် အိမ်အကူ လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခင်နန်းတင့်မှ ၎င်းအား ညှဉ်းပန်းနှိပ်စက်၍ ယင်းနေအိမ်တွင် အိမ်အကူ လုပ်ကိုင်နေသည့် မနှင်းဝေကျော်ကို ငရုတ်ကျည်ပွေ့ပေးပြီး မနန်းမို့မို့အေး၏ သွားများကို ရိုက်ချိုးရန် စေခိုင်းခဲ့ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်များအရ သိရသည်။ အမှုဖွင့် တရားစွဲဆိုပြီးနောက် ငွေကြေး အခက်အခဲရှိသူ မနန်းမို့မို့အေး၏ အမှုကို ရှေ့နေ ဦးရောဘတ်စန်းအောင်မှ အခမဲ့ လိုက်လံ အကျိုးဆောင်ပေးခဲ့ပြီး ယနေ့ (ဇူလိုင် ၂၇ ရက်) နံနက် ၈ နာရီက ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ (အောက်ဘလောက်)ရှိ မြန်မာာနိုင်ငံများ ရှေ့နေကွန်ယက်ရုံးခန်း၌ အိမ်အကူ မိန်းကလေး ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်ထံမှ သိရသည်။
Source : http://ift.tt/2v48cXi
via IFTTT

No comments:

Post a Comment