Saturday, July 29, 2017

7Day News Journal

ရာသီတုပ်ကွေး ကုသဆေးများ ဈေးတင်ရောင်းချသော ဆေးဆိုင်နှင့် ကုမ္ပဏီများကို ထိန်းချုပ်ရန်စီစဉ် ရာသီတုပ်ကွေးရောဂါ ကုသဆေးများကို ပုံမှန်ထက် ဈေးတင်ကာ ရောင်းချနေသော ဆေး ဆိုင်များနှင့် ဆေးကုမ္ပဏီများကို တိုင်းအစိုးရက ထိန်းချုပ်ရန်စီစဉ် ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရာသီတုပ်ကွေးရောဂါဖြစ် ပွားပြီးနောက် ဆေးဝါးလိုအပ် ချက်များရှိလာပြီး ဆေးရောင်းချ သူများသည်လည်း ဆေးဈေးနှုန်း ကို အဆမတန်မြှင့်တင်ကာ ရောင်း ချနေမှုများရှိနေခြင်းကြောင့် ယခု ကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ဇူ လိုင် ၂၈ ရက်က တိုင်းအစိုးရရုံး တွင် ကျင်းပသည့် ရာသီတုပ်ကွေး ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဌာနဆိုင် ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ၌ ပြောသည်။ ‘‘ဒီဆေးကို ဈေးကြီးကြီးနဲ့ တင် ရောင်းလိုက်ရင်တော့ ငါသူ ဌေးဖြစ်မယ်ဆိုတဲ့ အတွေးအခေါ် နဲ့ ဆိုင်မျိုးတွေကို၊ ဘယ်ဆိုင်မျိုး ဆိုတာကို တိတိကျကျဖော်ထုတ် သွားနိုင်ဖို့နဲ့ ဆေးကုမ္ပဏီကြီးတွေ ကလည်း ဆေးဝါးဖြန့်ချိတဲ့ ကိုယ့် ရဲ့ကျင့်ဝတ်သိက္ခာနဲ့ မညီညွတ်တဲ့ ဆေးဝါးဖြန့်ဖြူးထားတဲ့ လက်လီ ဆိုင်လေးတွေကို ထိန်းကျောင်းနိုင် ဖို့အတွက် ကျွန်တော်တို့အစိုးရ တစ်ရပ်အနေနဲ့ ထိန်းချုပ်မှုပုံစံ တစ်ခုလို ပြင်ဆင်သွားမှာဖြစ်ပါ တယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြော ကြားသည်။ လက်ရှိ အသုံးပြုနေသော ရာသီတုပ်ကွေးရောဂါကုသဆေး Tamiflu ဆေးများသည် ယခင်ကကျပ်တစ်သောင်းကျော်၊ နှစ်သောင်းခန့်သာရှိသော်လည်း ယခုဆေးဝါးလိုအပ်ချက်နှင့် သုံးစွဲမှုများလာခြင်းတို့ကြောင့် ဆေးဈေးနှုန်းသည် ငါးသောင်းမှ ခြောက်သောင်းခွဲအထိ မြင့်တက်လာ ကြောင်း Biotrust Myanmar ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ မထွေးငယ်က ပြောသည်။ ‘‘အရင်က ကုသဆေးက တစ်သောင်းလောက်ပဲ ရှိတယ်။ ဒါကို ဈေးကွက်စီးပွားရေးစနစ်အ ဖြစ် အသုံးပြုနေတယ်။ နှာခေါင်း စည်းတွေလည်း ဈေးတက်နေ တယ်။ ဆေးဝါးတွေ ဈေးတက်နေ တယ်။ ဒါကို ထိန်းချုပ်ပေးဖို့လည်း လိုတယ်’’ဟု ရန်ကုန်တိုင်းကျန်း မာရေးဦးစီးဌာန တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။ ပြည်တွင်းရောဂါကြိုတင် ကာကွယ်ဆေးများနှင့် ကုသဆေး များလိုအပ်ချက်ရှိနေခြင်းကြောင့် Vaccines အလုံး ၃၀,၀၀၀ ကို ပြည်ပမှ မှာယူထားပြီး ရောက်ရှိ လာပါက လူများနှင့် အနီးကပ်ထိ တွေ့ဆက်ဆံနေရသည့် ဆရာဝန် များကို ဦးစားပေးထိုးနှံပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ရာသီတုပ်ကွေးရောဂါကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေ ရန်နှင့် လူနာများကို ကူညီမှုပေး နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖောင်ဒေးရှင်းများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် အစိုးရဘက် ပေါင်းစုံပါဝင်သည့် ကွန်ရက်တစ်ခုဖွဲ့စည်းရန် စီစဉ်ထားကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။ ‘‘ဘယ်နေရာမှာတော့ ကျန်း မာရေးမကောင်းတဲ့လူနာရှိတယ်။ ဒီလူနာတွေကို ကူညီပေးနိုင်ဖို့ လိုအပ်ချက် ဘယ်လိုရှိနိုင်လဲ၊ ဘယ်ဆေးရုံတွေမှာတော့ ဘယ် လိုအကူအညီမျိုးပေးဖို့ လိုအပ် တယ်ဆိုတဲ့ သတင်းအချက်အ လက်တွေကို သယ်ပြီးတော့ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။ လက်ရှိ ဖြစ်ပေါ်နေသော ရောဂါအခြေအနေကို သာမက နောင်ဖြစ်ပေါ်လာမည့် ကျန်းမာ ရေးဆိုင်ရာ ပြဿနာများကိုပါ အရပ်ဘက်အဖွဲ့ အစည်းများ၊ လွှတ်တော်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ ဘက်ပေါင်းစုံပူးပေါင်းကာ မှန်ကန်သော သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ကာ ရောဂါဖြစ်ပွားမှုများကို ဆက် လက်ထိန်းချုပ်မည်ဖြစ်သည်။
Source : http://ift.tt/2tLKX0u
via IFTTT

No comments:

Post a Comment