Thursday, July 27, 2017

7Day News Journal

ပြည်ထဲရေး အရာရှိလေးဦးအပါအဝင် ခြောက်ဦးကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးခံရ သည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဦးပြုံးချိုနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုရဲမှူးကြီး တစ်ဦး အပါအဝင် ခြောက်ဦးကို ဇူလိုင် ၂၅ ရက်က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးတွင် တရား စွဲဆိုလိုက်ကြောင်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က အသေးစိတ် သတင်းထုတ်ပြန်သည်။ ဦးပြုံးချိုသည် ယခင်အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဖြစ်သည်။ ထို့ကြောင့် အဆိုပါကိစ္စဖြစ်ခဲ့စဉ်က ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိလေးဦး ပါဝင် ပတ်သက်ခဲ့ကြောင်း စွပ်စွဲ တရားစွဲဆို ခံရခြင်းဖြစ်သည်။ နိုင်ငံတော်က ပြန်လည်လွှဲ ပြောင်းပေးအပ်ထားသည့် ရန် ကုန်မြို့ရှိ စက်မှုဝန်ကြီးဌာနမြေ အမည်ပေါက်ကိစ္စနှင့်ပတ်သက် ပြီး ရောင်းချသူမြေရှင်နှင့်ဝယ်ယူ သူတို့ကို အဂတိလိုက်စားပြီး နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်း ခြောက်မှုအပေါ် ရန်ကုန်မြို့ကမာ ရွတ်နှင့် ရန်ကင်းမြို့နယ်ရှိ နစ်နာ သူများက တိုင်ကြားခြင်းဖြစ် ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ဇူလိုင် ၂၆ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဦးပြုံးချိုသည် ရာထူးတာဝန်ကို အကြောင်းပြု၍ ကိုယ်ကျိုးစီးပွားအတွက် အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်ဇေယျ၊ စစ်ကိုင်းတိုင်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ မြေရှင်၏ ကိုယ်စားလှယ် ဦးကျော်စိုးနိုင်နှင့် အငြိမ်းစား ဗိုလ်ကြီး ဦးနေမျိုးထွန်းတို့ကို ရာထူးအလွဲသုံးစား လုပ်သည်ကို သိလျက်ဖြင့် လိုက်ပါကူညီခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/ ၆၃ ဖြင့် တရားစွဲဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တရားစွဲဆိုထားသည့် ခြောက်ဦးအနက် မော်လိုက်ခ​​​ ရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဒုညွှန်ကြားရေးမှူးဦးကျော်ရဲ သွေးသည် ထွက်ပြေးတိမ်းရှောင် နေသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ ၆၃ အပြင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်း တရားစွဲဆိုထားသည်။ ထို့အပြင် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန စုံစမ်းရေးမှူးဦး အောင်ကြည်သည် နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် ဆောင်ရွက်ရန် မသင့်သော ကိစ္စအား ဖျောက်ဖျက် ဆောင်ရွက်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၃ တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀ (ခ) အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း ပါရှိသည်။ ထို့အပြင် ဦးပြုံးချိုနှင့် ဒုရဲ မှူးကြီးကျော်ဇေယျ အပါအဝင် ဖမ်းဆီးထားသူသုံးဦးကို ဇူလိုင် ၁၇ ရက်က ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူ၍ အင်းစိန် အကျဉ်းထောင်သို့ ပို့ခဲ့သည်။
Source : http://ift.tt/2v19a6n
via IFTTT

No comments:

Post a Comment