Thursday, July 27, 2017

Tomorrow News Journal

နယ်ကျော်မောင်းနှင်သည့် YBS ယာဉ်များအား ပြေးဆွဲခွင့် သုံးလပိတ်မည် YBS ယာဉ်များ နယ်ကျော်မောင်းနှင်လာပါက လမ်းကြောင်းပြေးဆွဲခွင့်နှင့် CNG ဝယ်ယူသုံးစွဲခွင့် သုံးလအထိ ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ “YBS ဆိုတာက ရန်ကုန်တိုင်းထဲမှာပါပဲ။ ဒါကို စည်းကမ်းမဲ့ ရန်ကုန်နယ်ကျော်ဖြတ်ပြီး တခြားတိုင်းဒေသကြီးနဲ့ နယ်ကျော်လာတဲ့ YBS ယာဉ်တွေကို ပြေးဆွဲခွင့်ပိတ်သိမ်းပြီး CNG ဝယ်ယူသုံးစွဲခွင့်မှာ သုံးလအထိ ပိတ်သိမ်းသွားမှာပါ” ဟု ဒေါက်တာမောင်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် YBS ယာဉ်လိုင်းတာဝန်ရှိသူများ ပူးပေါင်းပြုလုပ်သည့် YBS ယာဉ်နှင့် ပတ်သက်သည့် အစည်းအဝေးတစ်ခုတွင် YBS ယာဉ်လိုင်းတာဝန်ရှိသူများကို ၄င်းအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း YBS ၂၁ ယာဉ်လိုင်းမှ ကိုတရုတ်လေးက ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၁၁ ရက်နေ့တွင် နယ်ကျော်ပြေးဆွဲခဲ့သည့် YBS ယာဉ် ၂၅ စီးကိုလည်း ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်မည်ဖြစ်ပြီး CNG ယာဉ် ၁၁ စီးကိုလည်း CNG ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထို့အတူ ဇူလိုင် ၁၉ ရက်နေ့တွင် နယ်ကျော်ပြေးဆွဲခဲ့သည့် အော်ဒါလိုက်ခဲ့သော YBS ယာဉ်လိုင်း ၆၊ ၁၀၊ ၁၁၊ ၃၁၊ ၄၁ နှင့် ၇၆ ယာဉ်လိုင်းတို့မှ ယာဉ်ခုနစ်စီးကို လိုင်းပြေးဆွဲခွင့်နှင့် CNG ဝယ်ယူခွင့်များ ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုဇင် http://ift.tt/2vaa7u3
Source : http://ift.tt/2vaa7u3
via IFTTT

No comments:

Post a Comment