Friday, July 28, 2017

The Voice

ကျောက်ပန်းတောင်းကိစ္စ သမ္မတရုံး ရှင်းလင်း ၁) ဖြစ်ပေါ်နေသော သတင်းများအတိုင်း ဆောက်လက်စ အဆောက်အဦ ဖြိုချသည်မှာ မှန်ပါသည်။ အဆောက်အဦပိုင်ရှင်မှာ ဘာသာခြားမဟုတ် ဟု သိရှိရပါသည်။ ကျောက်ပန်းတောင်းတွင် ထိုသို့ အဆောက်အဦမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသော မြို့လည်း ဖြစ်ပါသည်။ ဘာသာရေးအဆောက်အဦမျိုးဆိုလျှင် ခွင့်ပြုချက် ပို၍ လိုအပ်ပါသည်။ ကျောက်ပန်းတောင်းတွင် ခွင့်ပြုချက် ရရန် ခက်ခဲပါသည်။ (၂) ကနဦးသတင်းများအရ အုတ်ရေကန် ၃ လုံး အောက်ထပ်တွင် တွေ့ရသည်မှ အစပြု၍ သတင်းပြန့်ပြီး ဖြစ်ရကြောင်း သိရှိရပါသည်။ ယင်းအဆောက်အဦ ဆောက်လုပ်မှုနှင့် ပတ်သက်၍ စည်ပင်သာယာ ခွင့်ပြုချက် မရှိဟုလည်း လတ်တလော သိရှိရပါသည်။ ဆောက်လုပ်မှု ကြီးကြီးမားမား ပြီးမြောက်နေချိန်တွင် စည်ပင် မသိဘဲ ဆောက်၍ ရသလား မေးစရာ ဖြစ်နေပါသည်။ ဤသည်ကိုလည်း စစ်ဆေးလျက် ရှိပါသည်။ (၃) ကျောက်ပန်းတောင်းလို နေရာမျိုးတွင် မည်သည့်အတွက်ကြောင့် ဤသို့ ဆောက်လုပ်ရန် ရည်ရွယ်သည်ကို ဆက်လက် မေးမြန်းလျက် ရှိပါသည်။ စတင်ဖြစ်ပွားရသည့် အကြောင်းရင်းများကိုလည်း တိတိကျကျ သိရှိစေရန် စစ်ဆေးလျက် ရှိပါသည်။ (၄) လက်ရှိအချိန်တွင် အခြားပြဿနာ ဖြစ်ပွားခြင်း မရှိဘဲ တာဝန်ရှိသူတို့က ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။ မလိုလားအပ်သော အခြား ပြဿနာများ မဖြစ်ပွားစေရန် သတိရှိကြစေလိုပါသည်။ သတင်း အပြည့်အစုံကို နိုင်ငံပိုင်မီဒီယာတွင် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
Source : http://ift.tt/2v2Efr7
via IFTTT

No comments:

Post a Comment