အာရှမှာ လည်ပတ်လေ့လာဖို့ အကောင်းဆုံး လိုဏ်ဂူများစာရင်းမှာ မြန်မာက လိုဏ်ဂူလည်း ပါဝင် အခုပြောမှာကတော့ အာရှနယ်အတွင်းမှာ တည်ရှိတဲ့ လူ့ယဉ်ကျေးမှု တိုးတက်လာခြင်းတွေကို သက်သေခံပေးနိုင်မယ့် ရှေး ဟောင်း လူတို့ နေထိုင်ကိုးကွယ်ဖန်တီးခဲ့ရာ လိုဏ်ဂူတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ သွားရောက်လည် ပတ်ဖို့ ကောင်းမွန်တဲ့နေရာတွေ ဖြစ်နေပါပြီ။ (၁၀) Bhimbetka Rock Shelters, India အိန္ဒိယနိုင်ငံ မက်ယာပရာဒက်ပြည်နယ်မှာ ရှိပါတယ်။ ဒေသခံ လူနေမှု အခြေခံ မြင့်မားလာမှုရဲ့ အစောဆုံးလက်ရာတွေကို တွေ့နိုင်မယ့်လိုဏ်ဂူပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သောင်းလောက်က ရေးဆွဲဟန်တွေကို တွေ့နိုင်ပါတယ်။ ပြင်သစ်နိုင်ငံက Lascaux Caveနဲ့ စပိန်က Altamira Caveတွေနဲ့ သက်တမ်းချင်း နီးစပ်ပါတယ်။ (၉) Sky Caves of Mustang Kingdom, Nepal လိုဏ်ဂူက နီပေါမှာ ရှိပါတယ်။ ၁၅၅ ပေလောက် နက်ပါတယ်။ သူက ပင်မ လိုဏ်ဂူဖြစ်ပေမယ့် အခြားလူတို့ကိုယ်တိုင် ဖန် တီးထားတဲ့ လိုဏ်ဂူငယ်လေးပေါင်း ၁ သောင်းလောက် အနီးဝန်းကျင်မှာ ရှိပါသေးတယ်။ သဲကျောက်သား လိုဏ်ဂူဖြစ်ပြီး လွန်ခဲ့တဲ့ သက်တမ်း နှစ်ပေါင်း ထောင်ချီနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ (၈) Kyaut Sae Cave, Myanmar လိုဏ်ဂူအတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ထားရှိကိုးကွယ်ထားတဲ့ မြန်မာနိုင်ငံက လိုဏ်ဂူပါ။ ၁၃ ရာစုအတွင်းက စတင်ပြီး အ ဆိုပါ လိုဏ်ဂူကို စတင် တွေ့ရှိခဲ့တယ်လို့ ယူဆရပြီး အဆိုပါ အချိန်က မွန်ဂိုတွေရဲ့ရန်ကနေ ရှောင်တိမ်းလာသူတွေက စတင် တွေ့ရှိနေထိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒီနေ့ခေတ်မှာတော့ ဘုန်းကြီးကျောင်းနဲ့အတူ တရားထိုင်ဖို့အတွက် သာသနာ့နယ်မြေအဖြစ် သတ်မှတ်ထားရှိထားပါတယ်။ (၇) Mogao Grottoes, China သူ့ကို Caves of Thousand Buddhas and Dunhuang Caves အဖြစ်လည်း လူသိများပါတယ်။ ကမ္ဘာမှာ ဗုဒ္ဓရုပ်ပွား တော်တွေ ထားရှိ ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး တန်ဖိုးအကြီးဆုံး ရှေးဟောင်းနယ်ပယ်တခုပါ။ ဘုရားကျောင်းပေါင်းထောင်နဲ့ ချီပြီး ရှိပါတယ်။ AD ၃၆၆မှာ စတင် တည်ဆောက်ခဲ့တယ်လို့ ယူဆရပါတယ်။ လိုဏ်ဂူပေါင်း ၄၉၂ ခုရှိပြီး မပျက်စီးအောင် ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ (၆) Batu Cave, Malaysia ထုံးကျောက်လိုဏ်ဂူအမျိုးအစား ဖြစ်ပြီး ကွာလာလမ်ပူမှာ ရှိပါတယ်။ လိုဏ်ဂူဘုရားကျောင်းအဖြစ် ခေါ်နိုင်ပါတယ်။ လိုဏ် ဂူထဲမှာ ဘုရားကျောင်းရှိပါတယ်။ အိန္ဒိယ ပြင်ပ ဟိန္ဒိူဘုရားကျောင်းတွေထဲက အကျော်ကြားဆုံးတခုပါ။ လိုဏ်ဂူကို ရောက် ဖို့ လှေခါးထစ် ၂၇၂ ထစ် တက်ရပါတယ်။ ပင်မ လိုဏ်ဂူကြီး ၃ခု၊ အခြား လိုဏ်ဂူငယ်လေးတွေနဲ့ ဂူတွင်းဆေးဆိုးရေးဆွဲ ချက်တွေ မြင်နိုင်ပါတယ်။ (၅) Phraya Nakhon Cave, Thailand Khao Sam Roi Yot National Park ထဲမှာ တည်ရှိပါတယ်။ ထုံးကျောက်တောင်သဖွယ် ဖြစ်တည်နေတာပါ။ ၁၈၉၀ မှာ ဘုရင် ချာလွန်လောင်ကွန် လာရောက်လည်ပတ်ရင်း The Kuha Karuhas အမည်ရှိ ပွဲကြည့်စင်ကို တည်ဆောက်ထားခဲ့တာ လည်း တွေ့ရပါတယ်။ သူ့နောက်မှာတော့ အခြားသော ဘုရင်တွေလည်း အများအပြား လာရောက် လည်ပတ်ကြတာ တွေ့ရ ပါတယ်။ (၄) Sangeshkan Cave, Iran Sang Shekanan Cave အဖြစ်လည်း လူသိများပါတယ်။ အီရန်နိုင်ငံ၊ ဂျရွန်မြို့အနီးမှာ ရှိပါတယ်။ Alborz တောင်နဲ့လည်း နီးပါတယ်။ လိုဏ်ဂူက အလယ်တည့်တည့်လောက်မှာ ကောက်ကွေ့သွားပါတယ်။ လူတို့ ဖန်တီးထားတဲ့ အကောင်းဆုံးနဲ့ အ ခမ်းနားဆုံး လိုဏ်ဂူအဖြစ် သတ်မှတ်ထားပါတယ်။ အဓိက ပြိုင်ဘက်အနေနဲ့တော့ နော်တင်ဂမ်မှာ ရှိတဲ့ City of Caves လိုဏ်ဂူပဲ ရှိပါတယ်။ (၃) Shapur Cave, Iran အီရန်တောင်ပိုင်း၊ Zagros တောင်တန်းမှာ ရှိပါတယ်။ ဘီရှာပါ မြို့ကနေ ကီလိုမီတာ အနည်းငယ်ပဲ ဝေးပါတယ်။ AD 240 လောက်ကနေ စတင် ဖန်တီး လူသိခဲ့တယ်လို့ ယူဆရပါတယ်။ ဘုရင်ရှာပါရဲ့ရုပ်တုကို ၇ မီတာလောက် အမြင့်ရှိအောင် ဖန်တီး ထားတာလည်း တွေ့ရပါတယ်။ ဒီရုပ်တုက အနည်းဆုံး သက်တမ်း နှစ်ပေါင်း ၁၄၀၀ လောက် ရှိနေပါပြီ။ ၁၄ ရာစုနှစ်တွေမှာ မြေအောက်မှာ နစ်နေခဲ့ပြီး ၁၉၅၇ ခုနှစ် အတွင်းကနေမှ ပြန်လည် တူးဖော်မှုတွေ လုပ်ဆောင်ထားခဲ့တာပါ။ (၂) Shah Allah Ditta Caves, Pakistan ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘက်ရဲ့အနောက်တောင်ပိုင်းမှာ ရှိပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေ ကိုးကွယ်ထားရှိမှု တွေ့နိုင် ပါ တယ်။ ၈ ရာစုလောက်က လက်ရာ ရေးဆွဲမှုတွေကို တွေ့နိုင်သလို နံရံပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်ထုဆစ် ပုံဖော် ကိုးကွယ်မှုတွေ တွေ့ရပြီး သက်တမ်း နှစ်ပေါင်း၂၄၀၀ ရှိပြီလို့ ယူဆရလောက်အောင် ရှေးကျပါတယ်။ အစပိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ တရားအားထုတ်ခဲ့တယ်လို့ ယူဆရပြီး နောက်ပိုင်းမှာ ဟိန္ဒူကိုးကွယ်မှုတွေ ဝင်လာတယ်လို့ ယူဆရပါတယ်။ အစ္စလာမ်မာ ဘက်မြို့ရဲ့ အစောဆုံး ဖြစ်တည်မှုအဖြစ်လည်း မှတ်ယူနိုင်မယ်လို့ ယူဆရပါတယ်။ (၁) Ajanta and Ellora Caves, India အာရှမှာ နာမည်အကြီးဆုံး အိန္ဒိယမှာရှိတဲ့ လိုဏ်ဂူပါ။ ၂ရာစုလောက်ကတည်းက ဖြစ်တည်နေခဲ့တယ်လို့ ယူဆရပါတယ်။ ကျောက်သားတွေပေါ်မှာ ဗုဒ္ဓကိုးကွယ်မှုဆိုင်ရာ ပုံဖော်မှုတွေ တွေ့နိုင်ပါတယ်။ အိန္ဒိယရိုးရာ ရှေးခေတ်ရေးဆွဲမှု လက်ရာတွေ လည်း မြင်နိုင်ပါတယ်။ ၅ ရာစုကနေ ၁၀ ရာစုအတွင်း လိုဏ်ဂူတွင်း ကိုးကွယ်မှုပုံစံတွေ ပြောင်းလဲခဲ့ပြီး ဗုဒ္ဓ၊ ဟိန္ဒူ၊ ဂျိန်း ကိုး ကွယ်မှုပုံစံတွေ လေ့လာနိုင်ပါတယ်။ Ref: www.wonderslist.com The post အာရှမှာ လည်ပတ်လေ့လာဖို့ အကောင်းဆုံး လိုဏ်ဂူများစာရင်းမှာ မြန်မာက လိုဏ်ဂူလည်း ပါဝင် appeared first on ဧရာဝတီ.
Source : http://ift.tt/2uGNKLi
via IFTTT
No comments:
Post a Comment