တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဗီယက်နမ်တွင် လူ ၂၇ ဦးထက်မနည်း သေဆုံး ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ရာ အနည်းဆုံး လူ ၂၇ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။ ဒမ်ရေး တိုင်ဖွန်းသည် တစ်နာရီ ကီလိုမီတာ ၉၀ မျှ လေတိုက်နှုန်းဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဗီယက်နမ် တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းအပြီးတွင် သေဆုံးသူဦးရေ ၂၇ ဦးထိ မြင့်တက်လာသလို နောက်ထပ် လူ ၂၀ မျှ ပျောက်ဆုံးလျက် ရှိသည်။ မုန်တိုင်းကြောင့် နေအိမ် လေးသောင်းကျော် ထိခိုက် ပျက်စီးခဲ့ပြီး နေရာဒေသ အများအပြားတွင် လျှပ်စစ်မီး ပြတ်တောက်နေဆဲဟု ဆိုသည်။ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံရသည်မှာ နာထရန်မြို့ ဖြစ်သည်။ နာထရန်သည် ယခုသီတင်းပတ်ကုန်တွင် ကမ္ဘာ့ခေါင်းဆောင်များ Apec ညီလာခံ တက်ရောက်မည့် ကမ်းရိုးတန်းမြို့ နာထရန်နှင့် ကီလိုမီတာ ၅၀၀ မျှ အကွာတွင် တည်ရှိသည်။ အရှေ့တောင်အာရှ ဒေသရှိ နိုင်ငံသည် ယခင်ကလည်း ပြင်းထန် ကြမ်းတမ်းသည့် မုန်တိုင်းများ၏ဒဏ်ကို ကြုံတွေ့ခံစားခဲ့ရဖူးသည်။ ထို့အပြင် ရေကြီးမှု၊ ရေလွှမ်းမိုးမှုများကြောင့်လည်း အသေအပျောက်များ ဖြစ်ပေါ်လေ့ ရှိသည်။ ဒမ်ရေး တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းဝင်ရောက်ရာ လမ်းတလျှောက်တွင် လူပေါင်း သုံးသောင်းကျော်ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပြီး ကမ္ဘာလှည့် ခရီးသွား အများအပြား ပါဝင်ခဲ့သည်။ မိုးလေဝသ ပညာရှင်များက ဒမ်ရေးသည် ဆယ်စုနှစ် အတော်များများအတွင်း နိုင်ငံတောင်ပိုင်း ဒေသကို ဝင်ရောက် တိုက်ခတ်ခဲ့သည့် ဖျက်ဆီးမှု အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ပုံမှန်အားဖြင့် ဗီယက်နမ် မြောက်ပိုင်းဒေသများကိုသာ မုန်တိုင်းများ အဓိက ဝင်ရောက်လေ့ ရှိကြောင်းလည်း သိရသည်။ Ref: AFP
Source : http://ift.tt/2yAPrNU
via IFTTT
No comments:
Post a Comment