Friday, November 3, 2017


နယူးယောက်ခ်အကြမ်းဖက်မှု ကျူးလွန်သူ သေဒဏ်ပေးရန် သမ္မတထရမ့် တောင်းဆို အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ မင်ဟတ်တန်အရပ်မှာ ဖြစ်ပွားခဲ့တဲ့ လူ ၈ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျူးလွန်တယ်လို့ သံသယရှိသူ ဆေဖူလို ဆိုင်ပေါ့ဗ်ကို သေဒဏ်ပေးဖို့ သမ္မတဒေါ်နယ်ထရမ့် ကတောင်းဆိုလိုက်ပါတယ်။ သမ္မတဒေါ်နယ်ထရမ်က အဆိုပါ အကြမ်းဖက်မှုတိုက်ခိုက်မှု ကို ပြုလုပ်သူ အသက် ၂၉ နှစ်အရွယ်ရှိ ဆေဖူလို ဆိုင်ပေါ့ဗ်ကို အမြန်ဆုံး သေဒဏ်ပေးသင့်တယ်လို့ မနေ့က သူ့ရဲ့ လူမှုကွန်ရက် Twitter မှာ ရေးသားလိုက်တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ညကလည်း “နယူးယောက်ခ် အကြမ်းဖက်သမားဟာ ဆေးရုံခန်းထဲမှာ အစ္စလာမ်မစ် နိုင်ငံ အလံချိတ်ဆွဲခိုင်းပြီး ပျော်နေတယ်၊ လူ ၈ယောက်ကို သတ်ပြီး ၁၂ဦးကို အပြင်းအထန်ဒဏ်ရာရစေခဲ့ တဲ့သူ သေဒဏ်ကျသင့်တယ်” လို့ ရေးသားခဲ့ပါသေးတယ်။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ရေးသားချက်ဟာ ရာဇဝတ်မှုများနဲ့ ပတ်သက်ရင် လူသိရှင်ကြား ဝေဖန်လေ့ မရှိတဲ့ အမေရိကန်သမ္မတတွေရဲ့ အစဉ်အလာကို ချိုးဖောက်နေသလို၊ အစိုးရရှေ့နေတွေ အမှုကို ကိုင် တွယ်ရာမှာ ခက်ခဲစေပြီး၊ အမှုသည်အတွက်လည်း မျှတတဲ့ တရားခွင်ရပိုင်ခွင့်ကို ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ မူလကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ်က ဆိုင်ပေါ့ဗ်ကို ဂွမ်တာနာမို အကျဉ်းစခန်း ကို ပို့ဖို့ သူစဉ်စားနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေပိုင်းက ဥဇဘက်လူမျိုး ဆေဖူလို ဆိုင်ပေါ့ဗ် ဆိုသူက နယူးယောက်ခ်မြို့ မင်ဟက်တန် အရပ်က စက်ဘီးလမ်းကို ထရပ်ကားနဲ့ ဝင်တိုက်ရာ အမေရိကန် ၂ဦး၊ အာဂျင်တီးနား ၅ဦးနဲ့ ဂျာမန် တဦး စုုစုပေါင်း ၈ဦးသေဆုံးကာ လူ ၁၁ဦးဒဏ်ရာရရှိသွားပါတယ်။ ဒီလိုတိုက်ခိုက်ဖို့ ဆိုင်ပေါ့ဗ်ကို အစ္စလမ်မစ်နိုင်ငံအဖွဲ့က စေ့ဆော်ပေးတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှု လက်သည်လို့ အဓိက သံသယရှိသူ ဆေဖူလို ဆိုင်ပေ့ါဗ်ဟာ ၂၀၁၀ ခုနှစ်မှာ အာရှ အလယ်ပိုင်း ဥဇဘက်ကစ္စတန်နိုင်ငံမှ အမေရိကန်သို့ ရောက်လာပြီး တရားဝင်နေထိုင်သူလို့ ယုံကြည် ရပါတယ်။ ၁၉၈၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ မွေးဖွားပြီး၊ အမေရိကန်မှာ နေထိုင်အလုပ်လုပ်ခွင့်ရှိတဲ့ အစိမ်းရောင် ကတ်(Greend Card) ရပြီး၊ ဖလော်ရီဒါ၊ အိုဟိုအိုနဲ့ နယူူးဂျာစီ ပြည်နယ်တွေမှာ နေထိုင်တယ်လို့ ယူဆ ကြပါတယ်။ ကလေး ၃ ယောက်ဖခင် ဆိုင်ပေါ့ဗ်ဟာ အမေရိကန်ကို ရောက်ပြီးမှ အင်တာနက် ကတဆင့် အစွန်းရောက် ဝါဒကို သွပ်သွင်းခံရကာ ရန်လိုလာတယ်လို့ အမေရိကန်အခြေစိုက် ဥဇဘက် ဘာသာရေး တက်ကြွလှုပ်ရှားသူ မာရက် မမ်မီနော့က BBC ကိုပြောပါတယ်။ “အမေရိကန်ကို မရောက်ခင် သူ ပညာကောင်းကောင်းမတတ်သလို၊ ကိုရမ် ကျမ်းအကြောင်းကိုလည်း ကောင်းကောင်းမသိဘူး၊ ဒီမှာရောက်စ သာမန်လူလိုပါပဲ” လို့ မမ်မီနော့က ဆိုပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ဖိစီးမှုဒဏ် ခံရပြီး၊ ရပ်ရွာအသိုင်းအဝန်းနဲ့ သီးခြားဖြစ်ကာ ယာဉ်မောင်း အလုပ်ရှာမရတဲ့အတွက် မုန်းတီးဒေါသထွက်ပြီး အစွန်းရောက်တဲ့ အမြင်တွေကြောင့် တခြား ဥဇဘက်တွေနဲ့ ခဏခဏ စကားများလို့ ဖလော်ရီဒါကို ပြောင်းသွားတာလို့ သိရပါတယ်။ အမေရိကန်မှာ ဥဇဘက် ၇သောင်းခန့် နေကြပြီး အများစုက နယူးယောက်ခ်မှာ နေကြတယ်လို့ သိရပါတယ်။ နယူးယောက်ခ်တိုင်းမ် သတင်းစာကလည်း ဆိုင်ပေါ့ဗ်ဟာ အမေရိကန်ရောက်စက အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ဘဲ ထရပ်ကားနဲ့ Uber တက္ကစီ မောင်းသူအဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့တယ်လို့ ဖော်ပြပါတယ်။ ထိုအကြမ်းဖက်မှုမှာ ဆိုင်ပေ့ါ့ဗ်ကို ရဲအဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်တဲ့အတွက် ဆေးရုံကို တက်ကာ ကုသနေရပြီး၊ ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်ရတယ်ဆိုတာကို အကဲဖြတ်ခွင့်ရမှာဖြစ်တယ်လို့ ဝါရှင်တန်ပိုစ်သတင်းစာကလည်း ဆိုပါတယ်။ ဒါပေမယ့်လည်း စက်ဘီးလမ်းကို ဝင်တိုက်တဲ့ ထရပ်ကားထဲမှာ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ကို ရည်ညွန်းတဲ့ စာတစောင်တွေ့ရတဲ့အပြင် ဘုရားသခင်က ကြီးမြတ်တယ်ဆိုတဲ့ အလာဟူ အက္ကဘာ လို အာရပ်ဘာသာနဲ့ အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုသုံးခဲ့တဲ့ ထရပ်ကားကို ပက်တာဆန်အရပ် တောင်ဘက် စက်မှုဇုန်ဟောင်းကနေ ငှားခဲ့တာ လို့သိရပါတယ်။ ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဆိုင်ပေါ့ဗ်ဟာ ဥဇဘက် ဇာတိဟုတ်မဟုတ် စတင်စစ်ဆေးနေပြီး၊ ဆိုဗီယက်ယူနီယံ ပြိုကွဲအပြီး ထွက်ပေါ်လာတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံဟာ အစ္စလာမ် အစွန်းရောက်ဝါဒကို နှစ်ပေါင်း ၂၀ ကျော် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ The post နယူးယောက်ခ်အကြမ်းဖက်မှု ကျူးလွန်သူ သေဒဏ်ပေးရန် သမ္မတထရမ့် တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2h9GGmt
via IFTTT

No comments:

Post a Comment