လွှတ်တော်တွင် လောင်းကစားကိစ္စ အဆိုတင်သော အမတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ ဇော်မင်းထိုက် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသဖြင့် ပုတီးကုန်းနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်နေသည့် တိုင်းဒေသကြီးအမတ်နှင့် ပါတီဝင်အချို့ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − Zaw Naing Oo/Facebook) လောင်းကစားကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သဖြင့် ဓားရှည် ကိုင် လောင်းကစားသမားတစ်စု ၏ လိုက်လံရှာဖွေခြင်းခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ သဲကုန်းမြို့နယ်အမတ် ဦးဇော်နိုင်ဦးက ပြောကြားသည်။ ပဲခူးတိုင်းဒေသကြီး သဲကုန်း မြို့နယ် ပုတီးကုန်းမြို့တွင် နိုဝင် ဘာ ၅ ရက် ညနေက ဓားရှည် ကိုင်သူလေးဦးအပါအဝင် လောင်းကစားသမားများ ပါရှိသော အမျိုး သား ၁၅ ဦးခန့်က အသက်အန္တ ရာယ်ကို ခြိမ်းခြောက်ခဲ့ကြောင်း အမှတ်(၁) တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးက ပြောသည်။ ၎င်းကိုရှာဖွေပေးရန် ပုတီး ကုန်းမြို့ ဘောလုံးအားကစားကွင်း အတွင်းရှိ ဒီချုပ်ပါတီဝင်များထံ တောင်းဆိုခဲ့ကြောင်း ဦးဇော်နိုင် ဦးကပြောသည်။‘‘ကျွန်တော့်ရှေ့မှာလာပြီး တိုက်ရိုက် ရမ်းကားတာတော့ မဟုတ်ဘူး။ ဒီချုပ်ပါတီဝင်တွေ ရှေ့မှာ ကျွန်တော့်ကိုရှာပေးဖို့၊ ကျွန်တော်တို့တိုင်လို့ သူတို့လောင်းကစားကိစ္စတွေ ခံနေရတာကြောင့် သတ်မယ်ဆိုတဲ့အကြောင်း ခြိမ်း ခြောက်တာပါ။ ကျွန်တော်တင်မ ကဘူး။ ဒီချုပ်ပါတီဝင် လေးဦးရဲ့ အိမ်ရှေ့တွေအထိသွားပြီး စိန်ခေါ် ခြိမ်းခြောက်ခံခဲ့ရတယ်’’ ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် သတ္တမအကြိမ် မြောက် ပဲခူးတိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် တိုင်း ဒေသကြီးအတွင်း လောင်းကစား ကိစ္စများဖြစ်ပွားနေခြင်းနှင့်ပတ် သက်ပြီး အဆိုပြု ဆွေးနွေးခဲ့ခြင်း များကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း ဦးဇော်နိုင်ဦးက သုံးသပ်သည်။ လွှတ်တော်ကိုယ်စားလှယ် များ၏ အသက်အိုးအိမ်လုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်နေရပြီး မင်းမဲ့စရိုက်ဖြင့် ရမ်းကားခြင်း၊ခြိမ်းခြောက်ခြင်း ပြုလုပ်သူများကို အရေးယူပေးရန် ပုတီးကုန်းနယ် မြေ ရဲစခန်းတွင် ယမန်နေ့နံနက် က သွားရောက်တိုင်ကြားထား ကြောင်း ၎င်းကပြောသည်။ ထို့အပြင် အသက်အန္တ ရာယ်ခြိမ်းခြောက်ခံရခြင်းကို ပဲခူး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးထံသို့လည်း တင်ပြထား ကြောင်း ဦးဇော်နိုင်ဦးက ပြောသည်။ စိန်ခေါ်ခြိမ်းခြောက်ခံရချိန်တွင် အစည်းအဝေးခန်းမ တစ်ခု၌ ရောက်ရှိနေပြီး နေအိမ်သို့ပြန်ရောက်သည့်အခါ ဒီချုပ် ပါတီဝင်တစ်ဦး၏ ပြောပြချက်အရ ၎င်းကို သတ်ရန် ရှာနေသည် ဟု သိရသည့်အခါ စိုးရိမ်စိတ်ဖြစ် ပေါ်ခဲ့ပြီး လက်ရှိတွင် သတိထားနေရကြောင်း ပြောသည်။ ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့် သည့်အခါ ၎င်းနေအိမ်ဘက်သို့ သွားရောက်ရန် ရဲစခန်းမှူးက ကင်းအဖွဲ့ကိုမှာကြားထားပြီး နေ အိမ်တွင် မူ သီးသန့်လုံခြုံရေးပေး ထားခြင်း မရှိကြောင်း ပြောသည်။ မတ်လ ၂၁ ရက်က ကျင်းပ သော ပဲခူးတိုင်းဒေသကြီးလွှတ် တော် အစည်းအဝေးတွင် ဒေသ တွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအ တွက် လောင်းကစားပြုလုပ်နေ ခြင်းနှင့် ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ် နည်းအားပျော့နေခြင်းအပေါ် ရဲ လုပ်ငန်းများကို တင်းတင်းကျပ် ကျပ် ဆောင်ရွက်ပေးရန် ဦးဇော် နိုင်ဦးက အဆိုတင်သွင်းပြီး မဲခွဲ ရာ လွှတ်တော်က တစ်ခဲနက် ထောက်ခံခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ က သဲကုန်းမြို့နယ်အတွင်း လောင် ကစားပြုလုပ်နေသူများကို ဖမ်း ဆီးအရေးယူမှုများ ရှိလာသဖြင့် လောင်းကစားသမားများကရန်ရှာ ခြိမ်းခြောက်ခြင်းဖြစ် ကြောင်း ဦးဇော်နိုင်ဦးက ပြော သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ပါတီရုံးချုပ်သို့ မတင်ပြရသေး ကြောင်း၊ အမှုဖွင့်တိုင်ကြားသူများ တွင် ဒီချုပ်ပါတီဝင်သုံးဦးလည်း ပါဝင်ကြောင်း ဦးဇော်နိုင်ဦးက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ် နှင့် ဒီချုပ်ပါတီဝင်များ၏ တိုင် ကြားချက်အရ ညစ်ညမ်းစွာပြောဆိုခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၆/ ၂၉၄ တို့ဖြင့် ပုတီးကုန်းမြို့နေ အသက်(၆၀)ကျော် အရွယ် ဦးစန်းမောင်နှင့်အဖွဲ့ဝင်၁၅ ဦးခန့်ကို အမှုဖွင့်အရေး ယူထားပြီး ဖမ်းဆီးနိုင်ရန် စုံစမ်း နေကြောင်း ပုတီးကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်လှဝင်းက ပြော ကြားသည်။
Source : http://ift.tt/2hNsXPw
via IFTTT
No comments:
Post a Comment