Wednesday, November 22, 2017


အမေရိကန်ရေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျ ၃ဦး ပျောက်ဆုံး အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘော USS Ronald Reaganမှ C-2 Greyhound, အမျိုးအစား သယ်ယူပို့ ဆောင်ရေး လေယာဉ် တစီး ဖိလစ်ပိုင်ပင်လယ် တောင်ပိုင်းမှာ ပျက်ကျသွားရာ လေယာဉ် ပေါ် ၁၁ဦးအနက် ၈ဦး ကယ်တင် နိုင်ခဲ့ပြီး ၃ဦးပျောက်ဆုံးနေကြောင်း NHK သတင်းဌာနက ဖော်ပြ ထားသည်။ ပျက်ကျလေယာဉ်နှင့် ပတ်သက်၍ လေယာဉ်တင်သင်္ဘော ရော်နယ်ရီဂင်က ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ လေယာဉ်ပျက်ရခြင်း အကြောင်းအရင်းကို မသိရ သေးကြောင်း အမေရိကန်ရေတပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီး အိဆုနိုရီ အိုနိုဒီရာက အမေရိကန်ရေတပ်က ဖိလစ်ပိုင်ပင်လယ်၌ လေ ယာဉ်ပျက်ကျမှုနဲ့ ပတ်သက်၍ ၎င်းအားပြောဆိုကြောင်း၊ အင်ဂျင်ပိုင်းဆိုင်ရာကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။ ဂျပန်ရှိ အမေရိကန်ရေတပ် ပြောခွင့်ရသူတဦးက “ဘယ်သူတွေပါသွားတယ်၊ ဘယ်သူတွေကို ကယ်တင်နိုင်တယ်ဆိုတာ သတင်းမရသေးဘူး”ဟု ပြောသည်။ အဆိုပါ C-2 ဂရေးဟောင်း သယ်ယူပို့ဆေင်ရေး လေယာဉ်မှာ လူနှင့် စာအပါအဝင် တခြားသော ပစ္စည်းများကို တင်ဆောင်ကာ ကုန်းတွင်းရေတပ်အခြေစိုက်စခန်းမှာ လေယာဉ်တင်သင်္ဘောများ အကြား ပို့ဆောင်ရေး တာဝန်များကို ထမ်းဆောင်သည်။ The post အမေရိကန်ရေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျ ၃ဦး ပျောက်ဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2zdenr7
via IFTTT

No comments:

Post a Comment