Saturday, November 4, 2017


ကျန်းမာရေး အတွက် အကောင်းဆုံး အားကစားနည်းများ လေ့ကျင့်ခန်းဆိုတာကို အားကစားနည်း လို့ ဆိုရင်လည်း ရပါတယ်။ ပြိုင်ပွဲ၊ ဆု၊ စည်းကမ်းတွေနဲ့ ယှဉ်ပြိုင်လာချိန်မှာ အားကစား ဖြစ်လာတယ်၊ ကိုယ်တိုင် ကျန်းမာရေး အတွက် အပျော်တမ်း ကစားတော့ လေ့ကျင့်ခန်းပေါ့။ ဒါကြောင့် သူတို့ဟာ ဆက်နွယ် နီးစပ်မှု ရှိပါတယ်။ စက်ဘီးစီးတယ်၊ လမ်းလျှောက်တယ်၊ ပြေးတယ်၊ ရေးကူးတယ်၊ ဒီ အားကစားတွေ အားလုံးက လေ့ကျင့်ခန်းတွေလည်း ဖြစ်ပါတယ်။ ကျန်းမာရေး အတွက် အကောင်းဆုံးသော အားကစားနည်းတွေကို ပြောပြချင်ပါတယ်။ အပြေး ။ ။ ပေါင် ၁၆၀ လောက်ထိအောင် ဝတဲ့ လူတယောက်က အချိန် တနာရီလောက် လေ့ကျင့်ခန်း ပုံစံ အပြေး လေ့ကျင့်မယ် ဆိုရင် ကယ်လိုရီ ၁၀၀၀ လောက်ထိ လောင်ကျွမ်းသွားစေနိုင်ပါတယ်။ နောက်ပြီး ပြေးခြင်း ကနေ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်၊ စိတ်ကြည်စေတယ်၊ ဒီလို နောက်ဆက်တွဲ ကောင်းကျိုးတွေလည်း ရပါသေးတယ်။ အပြေးလေ့ကျင့်တဲ့ ရက်တိုင်းမှာ ညဘက် ပိုပြီး အိပ်လို့ ကောင်းတယ်၊ ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ အထက်မှာ တနာရီ ပြေးရင် ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းတယ် ပြောခဲ့ပေမယ့် ပြိုင်ပွဲမဟုတ်တော့ ပန်းတိုင် မလိုအပ်သလို ကိုယ်ပြေးနိုင်သလောက် ပြေးချင်သလောက် ပြေးပါ လို့ အကြံပြုချင်ပါတယ်။ ရေကူး ။ ။ မြန်မာနိုင်ငံမှာတော့ ရေကူး အားကစား တော်တော်လေး အားနည်းပါတယ်။ အားကစားနည်းလည်း ဟုတ်တယ်၊ လေ့ကျင့်ခန်းလည်း ဟုတ်တဲ့ ဒီနည်းက ပြည်တွင်းက မိန်းကလေး အများစုတောင် ရေမကူးတတ်ချင်ကြ တာ တွေ့ရပါတယ်။ တကယ်တော့ ရေကူး အတတ်ကို သင်ထားသင့်ပါတယ်။ တကိုယ်လုံး လှုပ်ရှား ကစားရတဲ့ အားကစားနည်း ဖြစ်ပြီး ရေ တနာရီလောက် ကူးရင် ကယ်လိုရီ ၅၀၀ လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ အထက်မှာ ပြောသလိုပဲ တနာရီ ရေကူးဖို့ အကြံပြုတာ မဟုတ်ဘဲ မိမိ အချိန် ဘယ်လောက်ကြာအောင် ရေကူးတယ်၊ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းသွားတယ် ဆိုတာ သိထားဖို့ အတွက် ပြောပြတာပါ။ ရေကူးကန်မှာပဲ ဖြစ်ဖြစ်၊ ချောင်းတွေ ဖြစ်တွေမှာပဲ ဖြစ်ဖြစ် ကူးနိုင်ပါတယ်။ ရေကူးခြင်းဟာ ပုံမှန် ကစားပေးသင့်တဲ့ အားကစား လေ့ကျင့်ခန်း တခုပါပဲ။ စက်ဘီးစီးပါ ။ ။ တကယ်တော့ နယ်ဘက်တွေမှာ အသုံးများနေသေးတဲ့ စက်ဘီးတွေက တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို မိမိလိုရာ ခရီးကိုလည်း ရောက်၊ လေ့ကျင့်ခန်းလည်း လုပ်ဆောင်ပြီးရာကျ၊ ကျန်းမာရေးလည်း ပြည့်ဝစေပါ တယ်။ တနာရီ စက်ဘီး စီးပြီးတိုင်း ကယ်လိုရီ ၆၀၀ လောက်ထိ လောင်ကျွမ်းပါတယ်။ ဘတ်စကက်ဘော ။ ။ ဒီအားကစားနည်းကလည်း မြန်မာနိုင်ငံမှာ ရေကူးတာလိုပဲ တော်တော်လေး အားနည်းတဲ့ ကစားနည်းပါ။ ရေကူးနည်းနဲ့ အတူတူပဲ ကယ်လိုရီ လောင်ကျွမ်းမှု ရှိပါတယ်။ တကယ်လို့ ဘတ်စကက်ဘော ကစားတတ်တယ် ဆိုရင်တော့ တခြားသူတွေ ဘတ်စကက်ဘော မကစားတတ်ချိန်မှာ ကိုယ်က ကျွမ်းကျင်နေမယ်၊ ကစားတတ်နေမယ် ဆိုရင် ခေတ်စကားအရ ဆရာကျ စေပါလိမ့်မယ်။ ပျော်ပွဲစားထွက်ချိန်၊ အားလပ်ချိန်၊ အိမ်နီးချင်းတွေနဲ့ ကစားနိုင်ပါတယ်။ ဂရုပြုစရာ ရှိတာက သင့် အနေနဲ့ စက်ဘီးပုံမှန် စတင် စီးမယ် ဆိုရင် စီးချိန် အချိန်ကြာကြာ မစီးပါနဲ့။ ဆိုလိုတာက စပြီး စီးတဲ့ နေ့မှာ ၁၀ မိနစ်၊ တပတ်ကြာ ပုံမှန် စီးပြီးမှ မိနစ် ၂၀၊ ဒီလိုနဲ့ ရက်ကာလ တခုထိအောင် အသားကျစေပြီးမှ အချိန်ပိုပြီး စီးနင်းသင့်ပါတယ်။ ခြေထောက်ကြွက်သားနဲ့ ဒူးတွေကို ထိခိုက်မှု ရှိစေနိုင်တာကြောင့် ဖြစ်ပါတယ်။ အိမ်ထဲမှာ လေ့ကျင့်ဘီးနဲ့ရော အပြင်မှာပါ ထွက်စီးနိုင်ပါတယ်။ တိုက်ကွမ်ဒို ။ ။ ပြည်တွင်းမှာတော့ ဒီနည်းကို အားကစားလို့ပဲ သတ်မှတ်ထားပါတယ်။ လေ့ကျင့်ခန်း အဖြစ် မခေါ်ကြ ပါဘူး။ ဒါပေမယ့် အခု ပြောနေတာကလည်း ကျန်းမာရေး အတွက် အကောင်းဆုံး အားကစားနည်းတွေ ဖြစ်လို့ တိုက်ကွမ်ဒိုကို အခု စာရင်းမှာ ထည့်လိုက်ပါတယ်။ ကစားချိန် တနာရီ ကြာတိုင်း ကယ်လိုရီ ၇၀၀ လောက်ထိအောင် လောင်ကျွမ်းစေပါတယ်။ ဒီအားကစားနည်းက ဟန်ချက်ညီရမယ်၊ ထိန်းနိုင်ရမယ်၊ စည်းကမ်းနဲ့ ကိုက်ညီရမယ်၊ နည်းစနစ်ကျကျ ကစားရမယ်၊ ကလေးဘ၀ ကတည်းက မိဘတွေ အနေနဲ့ အခြေခံ တိုက်ကွမ်ဒို ကစားနည်းကို သင်ပေးထားသင့်ပြီး ကိုယ်ခံပညာ တခု အနေနဲ့ပါ သင်ထားဖို့ ကောင်းတဲ့ အားကစားနည်း ဖြစ်ပါတယ်။ Ref: www.mmo-champion.com The post ကျန်းမာရေး အတွက် အကောင်းဆုံး အားကစားနည်းများ appeared first on ဧရာဝတီ.
Source : http://ift.tt/2h9wlHi
via IFTTT

No comments:

Post a Comment