သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ ကဗျာဆရာ သီချင်းရေးဆရာ သုခမိန်လှိုင်ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲပါတယ်၊ ပြည်မြို့မှာ ကြီးပြင်းခဲ့ တဲ့ သုခမိန်လှိုင်ဟာ နာမည်ကျော် ခေတ်ပြိုင် ကဗျာဆရာတွေဖြစ်တဲ့ အောင်ချိမ့် ၊ မောင်ချောနွယ်၊ ဖော်ဝေးတို့နှင့် အတူ ခေတ်ပေါ်ကဗျာများကို ရှေးရိုးစွဲ ကာရန်များရဲ့ ချုပ်နှောင်မှုကနေ လွတ်ကင်း အောင် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည် ရဲ့ ထင်ရှားတဲ့ သီချင်ရေးဆရာတဦးလည်း ဖြစ်ပါတယ်။ မေး။ ။ ခင်ဗျား ဘယ်အချိန်ကစပြီး ကဗျာတွေ စရေးခဲ့တာလဲ။ ဖြေ။ ။ ၁၉၆၅ခုနှစ်က စပြီးရေးဖြစ်ပါတယ်။ ကျနော့်ကို ဘာလို့ကဗျာရေးတာလဲလို့ လာမေးရင် ရေးချင်လို့ ရေးတာလို့ပဲ ပြန်ဖြေဖြစ်တယ်။ ဒါက အဖြေကောင်းလို့ ကျနော်ထင်တယ်။ ကျနော့် ကို ကျနော် ကဗျာရှိရင် ပြည့်စုံပြီလို့ စိတ်ထဲက လေးလေးနက်နက်ကို ခံယူထားတယ်။ ကိုယ့်ကိုကိုယ် ကဗျာအတွက်ပဲပေးအပ်တော့မယ်လို့ နှလုံးသားထဲ ကလက်ခံယုံကြည်လာတယ်။ အဲဒါကြောင့် ၁၉၆၆ခုနှစ်မှာ အထက်တန်းကျောင်းကနေ ထွက်ခဲ့တယ်။ အဲဒီ့အချိန်ကတည်းက ကဗျာတွေကို ရေးချင်နေခဲ့တာ။ စားဖို့ အိပ်ဖို့ ရေချိုးဖို့ အချိန်တောင်မှ မယူချင်ဘူး။ ကဗျာပဲ အမြဲတမ်းရေးချင်နေခဲ့တယ်။ ကဗျာရေးဖို့အချိန်ရောက်ပြီလို့ မတွေးအောင်ကို အချိန်တိုင်းရေးနေချင်တယ်။ ၁၉၆၆မှာ ကျွန်တော် ၁၈နှစ်သားပေါ့။ အချစ်ထက်စာရင် ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေက ကျနော်ကို ပိုလွှမ်းမိုးတယ်။ ဗီယက်နမ်စစ်ပွဲ၊ မြန်မာ့နိုင်ငံရေးအခြေအနေ၊ ပိုက်ဆံ၊ အာဏာ၊ ကမ္ဘာ့ရေးရာတွေ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း အစုံပေါ့။ ဒီလွှမ်းမိုးမှုတွေ၊ စိတ်ခံစားချက်တွေ အကုန်လုံးကို သမားရိုးကျ လေးလုံးစပ်လင်္ကာနဲ့တော့ မဖမ်းယူနိုင်ဘူးဆိုတာ ကျနော့် ကဗျာဆရာဘ၀ အစမှာတင် သိခဲ့တယ်။ ကျနော်ရဲ့ ကဗျာနဲ့ပတ်သက်တဲ့ အတွေးအခေါ်၊ သောက နဲ့ ခံစားချက်တွေကို ကျနော်ကဗျာတွေမှာ တွေ့ရမှာပါ။ မေး။ ။လူမှုပတ်ဝန်းကျင်မှာ ကဗျာဆရာတွေရဲ့ အခန်းကဏ္ဍအပေါ် ခင်ဗျားရဲ့ အမြင်ကရော။ ဖြေ။ ။အမြင် ဆိုတဲ့ စကားလုံးကို မသုံးချင်ဘူး။ ကျနော်ရဲ့ ယုံကြည်မှုလို့ပဲ ပိုသုံးချင်ပါတယ်။ လူတိုင်း ကဗျာအကြောင်းသိနေရင် ဒီကမ္ဘာပေါ်မှာဘယ်သူမှ ဒုက္ခနဲ့ကြုံရမှာမဟုတ်ဘူး။အဲဒါ ကျနော်ရဲ့ ကဗျာအပေါ်ထားတဲ့ ယုံကြည်ချက်ပဲ။ ကျနော်မှတ်ချက်တွေက မြန်မာ့သမိုင်းရဲ့ လွှမ်းမိုးမှုတွေပါ နေမှာပဲ။ ၁၉၄၈ လွတ်လပ်ရးမရခင်၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရခင်ကတည်းက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကအချင်းချင်း အပြုတ်ဆော်တာ၊ လျှို့ဝှက်ကြံစည်တာ၊ သစ္စာဖောက်တာတွေ ရှိနှင့် နေပြီးသား။ ကျနော် ကဗျာသက် ၁၀နှစ်ပြည့်တဲ့ ၁၉၇၅ခုနှစ်ကတည်းက အဲဒီ့ အပြုတ်ဆော် နိုင်ငံရေး လောကထဲ ဝင်မပါဖို့ ဆုံးဖြတ်ထားတယ်။ကျနော် ရွေးချယ်ခဲ့တဲ့နိုင်ငံရေးက ကဗျာနဲ့ထမ်ဆောင် ရတဲ့နိုင်ငံရေး။ ခေါင်းစဉ်ပေးမထားတဲ့ ကျနော့်ရဲ့ ၂ကြောင်းကဗျာလေးက ဒီမေးခွန်းကို ဖြေပေးမှာပါ။ “ကျနော် တတ်နိုင်သော ကမ္ဘာလောကကြီးထဲသို့ ရောက်ခဲ့သည်။ ကျနော်တတ်နိုင်သလောက် ကြိုးစားခဲ့မိသည်။” အခုဆို တစ်ကမ္ဘာလုံးက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို မြင်နေရပြီ။ ဒီနိုင်ငံက ဘယ်ကဗျာ စာအုပ်မဆို အုပ်ရေ ၅၀၀ထက် ပိုထုတ်လို့မရဘူး။ ဘယ်သူမှမဝယ်ကြဘူး။ ကျနော်တို့ ဘယ်လိုရှင်သန် နေထိုင်ရသလဲ။ ဒီမေးခွန်းကလည်း သိပ်ကိုအရေးကြီးတယ်။ နောက်ဆုံးအနေနဲ့ ကျနော် ရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်နဲ့ပဲ ဖြေပြချင်တယ်။ Bob Dylan နိုဘယ်စာပေဆုမရခင်က ကျနော် ရေးခဲ့တဲ့ “ဆု” ဆိုတဲ့ ကဗျာပါ။ “ဟေး . . ကဗျာဆရာ ဘာဆုရသလဲ ကမ္ဘာကြီးကို ရတယ်လေ The post သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ appeared first on ဧရာဝတီ.
Source : http://ift.tt/2ASFJDl
via IFTTT
No comments:
Post a Comment