ဦးသောင်းထွန်းကို ဝန်ကြီးခန့်အပ်မှု သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်း ကန့်ကွက်မည် အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ဆောင်ရွက်နေသူ ဦးသောင်းထွန်းကို အစိုးရအဖွဲ့ရုံး၏ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမှုကို ယနေ့ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုမည် ဖြစ်ရာ ယင်းအချက်ကို သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက ကန့်ကွက်ဆွေးနွေးသွားမည်ဟု လွှတ်တော် အစီအစဉ်အရ သိရသည်။ ယခင်က အစိုးရအဖွဲ့ရုံးကို ညွှန်ကြားရေးမှူးချုပ်တဦးသာ ဦးဆောင်နေရာမှ NLD အစိုးရသက်တမ်း ၂ နှစ်ခန့်တွင် ဝန်ကြီးတဦးဖြင့် ဦးဆောင်နိုင်ရန် စီစဉ်လာခြင်း ဖြစ်ရာ ဘတ်ဂျက်ချွေတာသည့်ဘက်မှ ကြည့်ပါက မလိုအပ်ဟု သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းက မှတ်ချက်ပြုထားသည်။ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဖြစ်လာမည့် ဦးသောင်းထွန်းသည် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သံအမတ်ကြီး(ငြိမ်း) တာဝန်ကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က နိုင်ငံတကာ သံတမန်ရေးရာ ကိစ္စများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့သူ တဦး ဖြစ်ကြောင်း သိရသည်။ NLD အစိုးရ အနေဖြင့် ဝန်ကြီးဌာန အသစ် ၂ ခု အဖြစ် အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့အား ထပ်မံတိုးချဲ့မည်ဖြစ်ကာ ဦးသောင်းထွန်းနှင့် ဦးကျော်တင်တို့က တာဝန်ယူမည် ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌအဖြစ် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ခန့်အပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ The post ဦးသောင်းထွန်းကို ဝန်ကြီးခန့်အပ်မှု သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်း ကန့်ကွက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2jQ5gdi
via IFTTT
No comments:
Post a Comment