Friday, November 24, 2017

အထောက်အထား ခိုင်လုံခြင်းမရှိဘဲ နိုင်ငံရေးပါတီတချို့၏ ပြောကြား ချက်သည် ပြည်ထောင်စု ရွေးေ

အထောက်အထား ခိုင်လုံခြင်းမရှိဘဲ နိုင်ငံရေး ပါတီတချို့၏ ပြောကြားချက်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပေါ် ပြည်သူတို့ အထင်မှားအမြင်မှား ဖြစ်စေနိုင်၊ ကော်မရှင်အနေဖြင့် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ဟု သတင်းထုတ်ပြန် အထောက်အထား ခိုင်လုံခြင်းမရှိဘဲ နိုင်ငံရေးပါတီတချို့၏ ပြောကြား ချက်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပေါ် ပြည်သူတို့ အထင်မှားအမြင်မှား ဖြစ်စေနိုင်၊ ကော်မရှင်အနေဖြင့် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။ နိုင်ငံရေးပါတီများသည် ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကိုလည်းကောင်း စည်းရုံးရမည် ဖြစ်ကြောင်းနှင့် လျော့နည်းသွားပါက ပါတီ ဝင် အင်အား ပြည့်မီအောင် မည်သို့ ထပ်မံ၍ စည်းရုံးရမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ) နှင့် ပုဒ်မ ၁၃၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃(က)နှင့် ၁၃(ခ) တို့တွင် ပြဋ္ဌာန်းထားပါသည်။ သို့ရာတွင် နိုင်ငံရေးပါတီများသည် အဆိုပါ ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက် ခဲ့ကြခြင်း မရှိသဖြင့် နိုင်ငံရေး ပါတီများ၏ ပါတီဝင် အင်အား အခြေအနေ ကို ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်း လိုက်နာ ဆောင်ရွက်ကြစေရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၆-၁၀-၂၀၁၇ ရက်စွဲပါ စာအမှတ် ၅/နငရ- ကြီးကြပ်(၂)/ ကမရ ဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင်နိုင်ငံရေးပါတီများသည် အများပြည်သူ တို့ သိရှိနိုင်ရန် သဘောထား ထုတ်ပြန်ချက် များ၊ ကြေညာချက်များ ပြုလုပ်နေသည်ဖြစ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း သိရှိထားရမည့် ကိစ္စဖြစ်ပါ သည်။ ထို့ကြောင့် ထုတ်ပြန်ပြီးသော သဘောထား ထုတ်ပြန်ချက်၊ ကြေညာ ချက်များ၏ မိတ္တူ တစ်စောင်ကိုသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ရန် ၂၅-၁၀-၂၀၁၇ ရက်စွဲပါ စာအမှတ် ၅/နငရ- ကြီးကြပ် ( ၁ ) / ကမရ ဖြင့် နိုင်ငံရေး ပါတီများသို့ တောင်းခံခဲ့ခြင်း ဖြစ်ပါ သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီများအား သဘော ထား ထုတ်ပြန်ချက်များ ကြေညာချက်များ မပြုလုပ် ရန် တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်း၊ တစ်စုံ တစ်ရာ အလျဉ်းမရှိခဲ့ပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီဆောင် ရွက်ခြင်းအပေါ် ပါတီအချို့နှင့် လူပုဂ္ဂိုလ်အချို့ တို့က အပြုသဘောအသွင် မဆောင်ဘဲ သဘောထား ကြေညာချက်များ ထုတ်ပြန် ခြင်း၊ သတင်းမီဒီယာများသို့ ပြောကြားခြင်း များ ရှိခဲ့ပါသည်။ ထို့ကြောင့် အထောက်အထား ခိုင်လုံခြင်း မရှိဘဲ နိုင်ငံရေးပါတီအချို့၏ ပြောကြားချက် များသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပေါ် အများပြည်သူတို့အနေဖြင့် အထင်မှား အမြင်မှား ဖြစ်စေနိုင်ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါ သဖြင့် နိုင်ငံရေး ပါတီများ အားလုံးသည် ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ သာ လိုက်နာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ The Ladies News
Source : http://ift.tt/2A3O9dT
via IFTTT

No comments:

Post a Comment