Thursday, November 2, 2017


အနည်းဆုံးအခကြးငွေနှုန်းထားသစ် ကိစ္စ အစိုးရနှင့် အလုပ်သမားကိုယ်စားလှယ်များ တွေ့ဆုံမည် အနည်းဆုံး အခကြေးငွေသစ် သတ်မှတ်နိုင်ရန်အတွက် လက်ရှိလျာထားသော အဆိုပြုနှုန်းထား များပေါ်တွင် အစိုးရနှင့် အလုပ်သမားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးမှုကို လာမည့် နိုဝင်ဘာ ၄ ရက်နေ့ တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမား သင်တန်းကျောင်းတွင် ပြုလုပ်မည်ဖြစ်ပြီး အစိုးရနှင့် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ရှိသော အလုပ်သမား အဖွဲ့အစည်းများမှ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး အလုပ်သမားများ ဘက်မှ အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်သည့် သဘောထားအမြင်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM ) မှ ဗဟိုကော်မတီဝင် ဦးဝင်းဇော်က ဧရာဝတီသို့ ပြောသည်။ “အလုပ်သမား ဝန်ကြီးဌာနကနေ ဦးဆောင်ကျင်းပ ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး အဖွဲ့ချုပ်တို့ နိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ်တို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ မြို့နယ် အဆင့်အထိ အလုပ်သမား ကိုယ်စားလှယ် တဦးစီကို ဖိတ်ကြားပြီးတော့ အလုပ်သမားတွေရဲ့ အနည်းဆုံး အခကြေးငွေနဲ့ ပတ်သက်ပြီးတော့ သဘောထား အမြင်တွေကို ဆွေးနွေးမှာပါ”ဟု ၎င်းက ဆိုသည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီမှ အနည်းဆုံးအခကြေးကို ၄၀၀၀ နှင့် ၄၈၀၀ ကျပ်ကြားသတ်မှတ်ရန် လျာထား အဆိုပြုထားပြီး CTUM မှ ၆၆၀၀ ကျပ်နှင့် အခြား အလုပ်သမား အဖွဲ့အစည်းများက ၅၆၀၀ ကျပ် သတ်မှတ်ရန် အဆိုပြုထားသည်။ အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။ ၂၀၁၃ ခုနစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနစ်၊ မတ်လ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားများကို နှစ်နှစ်လျှင် တကြိမ်နှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် – တွက်ချက်ညှိနှိုင်းနေရဆဲ အနိမ့်ဆုံးလုပ်ခလစာ The post အနည်းဆုံးအခကြးငွေနှုန်းထားသစ် ကိစ္စ အစိုးရနှင့် အလုပ်သမားကိုယ်စားလှယ်များ တွေ့ဆုံမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2z63AzD
via IFTTT

No comments:

Post a Comment