Friday, November 24, 2017


NLD ပါတီလူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် စီမံချက်စာတမ်းကို ဆွေးနွေး ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် လျာထား ထားသည့် NLD ပါတီ လူငယ်ညီလာခံ အတွက် ညီလာခံကျင်း ပနိုင်ရေး စီမံချက်စာတမ်း ကို ဗဟိုလုပ်ငန်း ကော်မရှင်အဖွဲ့က ဆွေးနွေးခဲ့ကြကြောင်း လူငယ်ညီလာခံ ကျင်းပနိုင်ရေး ဗဟိုလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး က The Ladies News သို့ ပြောကြားသည်။ ထိုသို့ဆွေးနွေးရာတွင် ညီလာခံကျင်းပနိုင်ရန် ကိစ္စအပြင် ညီလာခံအပြီး နောက်ပိုင်းတွင် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်တွင် လူငယ် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းနိုင်ရေး တို့ပါ ဆွေးနွေးခဲ့ကြောင်း ၄င်းက ပြောကြား သည်။ `၂၂ ရက်က ထိုင်တယ်။ ဗဟိုကော်မရှင် အစည်းအဝေးပေါ့။ အစည်း အဝေး လုပ်တဲ့ အဓိက အကြောင်းအရင်း ကတော့ လူငယ်ညီလာခံ စီမံချက်စာတမ်းပေါ့။ စီမံချက်ဆိုတာတော့ ညီလာခံကို ဘယ်လိုကျင်းပမယ် ကျင်းပပြီးတဲ့အခါမှာ လူငယ်ရဲ့ ဖွဲ့စည်းပုံကို ဘယ်လိုဖွဲ့မယ်၊ ဘယ်လို ရွေးချယ်မယ်၊ အဲဒီကိစ္စတွေကို ဆွေးနွေးတာပါ` ဟု ၄င်းကပြောကြား သည်။ NLD လူငယ်ပါတီဝင် လျှောက်လွှာများကို အောက်တိုဘာလမှ စတင်ရောင်းချခဲ့ရာ လျှောက်လွှာပေါင်း ခြေက်သောင်းခန့် ရောင်းချထားသည်ဟု ၄င်းကဆိုသည်။ ယခင် နိုင်ငံရေး အခြေအနေများနှင့် အကျပ်အတည်းများနှင့် ရင်ဆိုင်စဉ် ကာလက NLD လူငယ်ကို ၃၅ နှစ် သတ်မှတ်ခဲ့ပြီး ယခုအခါမှာတော့ နိုင်ငံတကာ စံနှုန်းများအတိုင်း ၁၆ နှစ်မှ ၃၀ နှစ်အဖြစ်သို့ ပြန်ပြောင်း သတ်မှတ်ခဲ့ကြောင်း လူငယ်ညီလာခံ ကျင်းပရေ ဗဟိုလုပ်ငန်းကော်မရှင် နာယက ဦးအောင်စိုးက ပြောကြားထားသည်။ ပထမအကြိမ် NLD လူငယ်ညီလာခံကို ၂၀၁၄ ခုနှစ်က ကျင်းပခဲ့ပြီး လူငယ်ပါတီဝင် အင်အား တစ်သိန်းကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။ The Ladies News
Source : http://ift.tt/2hRP2Mw
via IFTTT

No comments:

Post a Comment