Tesla ရဲ့ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကား မော်ဒယ်သစ် Roadster လာတော့မည် လျှပ်စစ်ကားလောကမှာ ဈေးကွက် အများဆုံး နေရာ ရရှိနေတဲ့ Tesla ကုမ္ပဏီက အိမ်စီးနဲ့ ဇိမ်ခံ လျှပ်စစ်ကားတွေကို ရောင်းချ နေရာကနေ စွမ်းဆောင်ရည်မြင့် နှစ်ယောက်စီး Roadster ဈေးကွက်ဘက်ကို ဦးတည်းလာတာ တွေ့ရပါတယ်။ အသစ် မိတ်ဆက် လာတဲ့ မော်ဒယ်သစ် Roadster က ဈေးကွက်ဝင် လျှပ်စစ်ကားတွေထဲမှာ အမြန်ဆုံး အဖြစ် မှတ်တမ်းဝင်နိုင်လောက်အောင် စွမ်းဆောင်ရည် အထူးကောင်းမွန်နေတာ တွေ့ရပါတယ်။ အခုချိန်ထိအောင် Tesla ကနေ ဈေးကွက်ထဲကို စွမ်းဆောင်ရည်မြင့် Sedan နဲ့ ဇိမ်ခံ SUV မော်ဒယ်တွေ ထုတ်လုပ် ရောင်းချဖူး ပေမယ့် Roadster လို မော်ဒယ်တွေကိုတော့ ရောင်းချဖူးသေးခြင်း မရှိသလို အခု မိတ်ဆက် မော်ဒယ်က ဈေးကွက်အတွက် စမ်းသပ်မောင်းနှင်နိုင်တဲ့ အဆင့်ထိအောင် ရောက်ရှိနေပြီ ဖြစ်ကြောင်း အသိပေး မိတ်ဆက်တာ ဖြစ်ပြီး မော်ဒယ်ကို လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာမှ စတင်ရောင်းချဖို့ ရှိနိုင်သလို တကယ်တမ်း ဈေးကွက် ဝင်လာချိန်မှာ မော်ဒယ်က အခုထက် ပိုမို မြန်ဆန်အောင် မောင်းနှင်နိုင်ဖို့ ရှိတယ် လို့ ခန့်မှန်းနေသူတွေလည်း ရှိပါတယ်။ မော်ဒယ်က တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၁ ဒသမ ၉ စက္ကန့်တည်းနဲ့ ရောက်အောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး ဒီနှုန်းက ဒေါ်လာ သိန်းကျော်တန်တဲ့ Supercar တွေနဲ့ Sport မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည်လောက်ထိ မြင့်မားနေတာလည်း ဖြစ်ပါတယ်။ တနာရီ မိုင် ၂၅၀ နဲ့ အထက်ထိ မောင်းနှင်နိုင်ဖို့ ပြင်ဆင်နေပြီး အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုရော အမြန်ဆုံး မောင်းနှင်နိုင်မှု နှုန်းတွေမှာပါ လျှပ်စစ်ကားတွေထဲမှာ အမြန်ဆုံး၊ အခြား Supercar တွေကို ကောင်းကောင်း အမီလိုက်နိုင်ဖို့ ကြိုးစား ဖန်တီးနေတာလည်း တွေ့ရပါတယ်။ ဒီ မော်ဒယ်မှာ ဘက်ထရီက 200 kWh ထိအောင် အားထိန်းပေးနိုင်မယ့် စနစ်ကို တပ်ဆင်ထားပြီး ဒီဘက်ထရီက အားတခါ သွင်းရုံနဲ့ ခရီးမိုင် ၆၀၀ ထိအောင် မောင်းနှင်နိုင်ဖို့ ရှိနေပြီး လျှပ်စစ်ကားတွေထဲမှာ ဘက်ထရီ သက်တမ်း အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ အခုနှုန်း အတိုင်း ခရီးအကွာအဝေးကို ရောက်မယ်၊ အားသွင်းစနစ်လည်း မြန်ဆန်မယ် ဆိုရင်တော့ ဆီကားတွေကို ကောင်းကောင်း နေရာ ဖယ်ထုတ်လိုက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့တော့ ဒေါ်လာ ၂ သိန်းနဲ့ ရောင်းချလာဖို့ ရှိနေပြီး ၂၀၁၉ ခုနှစ် အတွင်းမှာ ၂၀၂၀ ခုနှစ် မော်ဒယ် အဖြစ် ဈေးကွက် ဝင်လာနိုင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတေ့ အစမ်း ဖန်တီးအောင်မြင်ပြီး ဖြစ်တဲ့ မော်ဒယ်က တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃ ဒသမ ၇ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်နေပြီး အင်ဂျင်နဲ့ ဘက်ထရီပိုင်း ဖန်တီးမှု ပိုမို ကောင်းမွန်အောင် ဆက်လက် ဖန်တီးနေဆဲ ဖြစ်တယ်လို့ Tesla ရဲ့ CEO ဖြစ်သူ ElonMusk က ပြောပါတယ်။ လက်ရှိ ဈေးကွက်ဝင် Supercar နဲ့ Roadster တွေ အနေနဲ့က ဆီသုံး အင်ဂျင်တွေ တပ်ဆင်ထားသလို အင်ဂျင် အရွယ် ကြီးမားတယ်၊ ဆီစားနှုန်းလည်း များတယ်၊ စွမ်းဆောင်ရည် ကောင်းပေမယ့် ဆီစားများသလို ဓာတ်ငွေ့ထုတ်လွှတ်မှု များခြင်း တွေက သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ အတူ နောက်ပိုင်းမှာ ဆီသုံးကားတွေကို နိုင်ငံ အများစုမှာ အသုံးပြု စီးနင်းခွင့် ပိတ်ပင်လာဖို့ ရှိနေပါတယ်။ ဒါကြောင့် လက်ရှိ ဆီဒင်ရော SUV ဈေးကွက်မှာပါ အောင်မြင်ထားပြီ ဖြစ်လို့ Sport မော်ဒယ် ဈေးကွက်မှာပါ အောင်မြင်ဖို့ အခုကတည်းက ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်တယ် လို့ ဆိုပါတယ်။ လက်ရှိမှာ လျှပ်စစ်ကား ထုတ်လုပ်မှု အတွက် ကားကုမ္ပဏီကြီးတိုင်း လိုလို ဖန်တီးအားထည့် နေသလို ဘက်ထရီ အားအပြည့်နဲ့ ခရီးမိုင် အဝေးဆုံး ရောက်အောင် မောင်းနှင်နိုင်မှုနှုန်းမှာတော့ အပြိုင်အဆိုင် ဖန်တီး အားထည့်နေလို့ အခု Roadster ရဲ့ အားအပြည့်နဲ့ မိုုင် ၆၀၀ ရောက်အောင် မောင်းနှင်နိုင်မယ့်နှုန်းက အကောင်းဆုံး ဖြစ်ဖို့ မသေချာပေမယ့် မိုင် ၆၀ နှုန်းကို အချိန် ၂ စက္ကန့် အတွင်းရောက်ဖို့နဲ့ တနာရီ မိုင် ၂၅၀ ဝန်းကျင်ထိ မောင်းနှင်နိုင်မယ့် နှုန်းတွေကတော့ လက်ရှိ အချိန်ထိေ ဘယ်ကား ကုမ္ပဏီကမှ မိတ်ဆက် ကြေငြာခြင်း မရှိသေးတဲ့ လျှပ်စစ်ကားတစီးရဲ့ စွမ်းဆောင်ရည်နှုန်း အသစ်တွေပဲ ဖြစ်နေပါတယ်။ Musk ကတော့ အနာဂါတ်မှာ သူတို့ရဲ့ မော်ဒယ်တွေ အနေနဲ့ ဆီသုံးကားတွေရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်အောင် ဖန်တီးနိုင်ဖို့ ရှိနေတယ် လို့လည်း ဆိုသလို ဘက်ထရီနဲ့ လျှပ်စစ်မော်တာပိုင်း နည်းပညာ ဖန်တီးနိုင်မှု အကောင်းဆုံး ကုမ္ပဏီ အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားနေတယ် လို့ ဆိုပါတယ်။ Ref: http://ift.tt/eKERsB The post Tesla ရဲ့ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကား မော်ဒယ်သစ် Roadster လာတော့မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2Azm3Z9
via IFTTT
No comments:
Post a Comment