စတုတ္ထတန်း၊ အဋ္ဌမတန်းစာမေးပွဲကာလအတွင်း ဆေးရုံတက်နေရသူများနှင့် ဘာသာရပ်တစ်ခုခုဖြေဆိုပြီး ဆက်လက်မဖြေဆိုနိုင်သူများကို နှုတ်မေး၊ နှုတ်ဖြေစစ်ဆေးမည် စတုတ္ထတန်း၊ အဋ္ဌမ တန်းစာမေးပွဲကာလအတွင်း ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက် ကုသနေသူ များနှင့် စာမေးပွဲဖြေဆိုစဉ် အ ကြောင်းအမျိုးမျိုးကြောင့် ဘာ သာရပ်တစ်ခုခုဖြေဆိုပြီး ဆက် လက်မဖြေဆိုနိုင်သူများကို နှုတ် မေး၊ နှုတ်ဖြေစစ်ဆေးမည်ဟု အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲအတွက် ခုံအမှတ်ထွက် ပြီး လုံးဝဖြေဆိုခြင်း မပြုသူများကို ပျက်ကွက်စာရင်းအဖြစ် သတ် မှတ်မည်ဖြစ်သည်။ သို့သော် ဆေးရုံတက်နေရသူများနှင့် ဘာသာ ရပ်အချို့ကိုသာဖြေဆိုရန် ပျက် ကွက်သူများကို ၎င်းတို့၏ တစ် နှစ်ပတ်လုံး ကြိုးစားအားထုတ်မှု ကို အသိအမှတ်ပြုသည့်အနေဖြင့် နှုတ်မေး၊ နှုတ်ဖြေထပ်မံစစ်ဆေး ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖြေဆိုရန် ပျက်ကွက်ခဲ့သည့် ဘာသာရပ်များနှင့် သက်ဆိုင် သည့် သင်ခန်းစာများကို နှုတ်မေး၊နှုတ်ဖြေစစ်ဆေးကာ တစ်နှစ်ပတ် လုံးဖြေဆိုခဲ့သည့် အခန်းဆုံးစစ် ဆေးမှု (CET)၊ ပထမနှစ်ဝက်ဆုံး စာမေးပွဲ၊ ကျောင်းလုပ်ငန်း ဆောင်ရွက်မှု ရမှတ်များနှင့် ချိတ် ဆက်၍ အောင်စာရင်းထုတ်ပြန် မည် ဖြစ်သည်။ ‘‘နောက်ဆုံးစစ်တဲ့ စာမေးပွဲ မှာ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် တစ် ဘာသာဖြေပြီး ဆက်မဖြေနိုင်တာ ဖြစ်ဖြစ် အချွတ်အချော်ရှိနိုင် တယ်။ ဒီစာမေးပွဲတစ်ခုတည်းနဲ့ ကျသွားတာမျိုး မဖြစ်အောင် ဆရာတို့ ကလေးတွေအတွက် ဒါကိုထည့်စဉ်းစားပေးတာမျိုးပေါ့။ တစ်နှစ်လုံး သူ့ကြိုးစားမှုကို ဆရာ တို့က အသိအမှတ်ပြုတဲ့ သဘော ပေါ့’’ ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးများ၊ ခရိုင်ပညာရေး မှူးများ ညှိနှိုင်းချက်အရ ယင်းသို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည် ဟု ဆိုသည်။ ‘‘အရင်နှစ်ကလည်း အဲဒီလို ပျက်ကွက်သူတွေကို နှုတ်မေး၊ နှုတ်ဖြေစစ်ပြီး အအောင်ပေး တယ်လို့တော့ ကြားတယ်။ ဒီနှစ် ကတော့ ဆရာမတို့က အဖြေလွှာ တွေတော့ စစ်ပေးလိုက်တယ်။ CET၊ ပထမနှစ်ဝက်အမှတ်တွေ နဲ့ CPR (ကျောင်းလုပ်ငန်းဆောင် ရွက်မှု) အမှတ်တွေက စာမေးပွဲ တွေ မဖြေခင်ကတည်းက တင် ထားပြီးသား။ ပျက်ကွက်တွေ ပြန် ဖြေခိုင်းတာကတော့ ဆရာမတို့ မလုပ်ရဘူး’’ဟု မန္တလေးတိုင်းဒေ သကြီးမှ အလယ်တန်းပြဆရာမ တစ်ဦးက ပြောသည်။ ၂၀၁၇-၁၈ ပညာသင်နှစ် စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံး စာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်ကစ၍ အဖြေလွှာများ စစ်ဆေးနေသည်။ စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲတွင် အမှတ် ၃၉ မှတ်အောက်ရရှိသူ (ကျရှုံးသူ) များအား အခန်းဆုံး စာမေးပွဲ၊ ပထမ နှစ်ဝက်ဆုံး စာမေးပွဲနှင့် ကျောင်း လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ ဖြင့် အအောင်ပေးမည်ဟု အခြေ ခံပညာဦးစီးဌာနက ပြောကြားမှု များ ရှိသည်။ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကို ကျောင်းပြင်ပစစ်စာမေးပွဲအ နေဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ် က စတင်ကျင်းပခဲ့သည်။ ယခု ပညာသင်နှစ်အတွက် အခြေခံ ပညာအတန်းများ၏ အောင်စာ ရင်းကို ဧပြီ ၂၂ ရက်တွင် ထုတ် ပြန်မည် ဖြစ်သည်။
Source : http://ift.tt/2t86Z1T
via IFTTT
No comments:
Post a Comment