နယ်စပ်ဖြတ်ကျော် ကုန်တင်ကားမောင်းနှင်ရန် ခုနစ်နိုင်ငံ သဘောတူညီထားသော်လည်း မြန်မာက သွားရောက်မှုမရှိသေး မြန်မာနိုင်ငံရှိ ကုန်တင် ကားမောင်းသူများနှင့် ကားပိုင်ရှင် အုံနာများအဆင်သင့် မဖြစ်သေး သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်၍ မောင်းနှင်မှုမရှိသေးကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောသည်။ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ တရုတ်၊ ဗီယက် နမ်၊ မြန်မာနိုင်ငံတို့ အစိုးရချင်း သဘောတူညီချက်ဖြင့် ကုန်တင် ကားများ သတ်မှတ်ဧရိယာအထိ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ကို ၂၀၁၅ ကတည်းက ရရှိခဲ့သော်လည်း မြန်မာနိုင်ငံက ကုန်တင်ကားများ နယ်စပ်ဖြတ်ကျော်သွားရောက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။
Source : http://ift.tt/2u4SyMk
via IFTTT
No comments:
Post a Comment