ဖခင်နှင့် စကားများရန် ဖြစ်သည့် အမျိုးသားကို မကျေနပ်၍ နေအိမ်ရှေ့သွားရောက် စိန်ခေါ်သည့် အသက်(၁၆)နှစ်အ ရွယ် လူငယ်တစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ် ပေါက်တော မြို့ အနောက်ပိုင်းရပ်ကွက်နေ(၄၇)နှစ်အရွယ် ကျော်ဇောရီ နေအိမ်ရှေ့သို့ မတ်လ ၃ ရက် ည၁၁ နာရီ ၄၅ မိနစ်ခန့်က ၎င်းနှင့်စကားများရန်ဖြစ်ခဲ့သည့် ဦးသန်းဝင်းမောင်၏ သား(၁၆)နှစ်အရွယ် ဇင်ကိုသန့်က လာရောက်စိန်ခေါ်သဖြင့် ကျော်ဇောရီက ဓားဖြင့်ထိုးခဲ့သည်။ ကျော်ဇောရီသည် ယခင်က ဦးသန်းဝင်းမောင်ဖခင် နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ဆဲဆိုသဖြင့် ဦးသန်းဝင်းမောင်က တိုင်တန်းခဲ့ရာ ထောင်ကျခဲ့ခြင်းအပေါ် မကျေနပ်သဖြင့် ဦးသန်းဝင်းမောင်နှင့် ကျော်ဇောရီတို့ စကားများရန် ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဇင်ကိုသန့်ကို ကျော်ဇောရီ က ဓားဖြင့်ထိုးသောကြောင့် ဇင်ကိုသန့် ဘယ်ဘက်ရင်အုံ တွင် ဒဏ်ရာရပြီးသေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ကျော်ဇောရီကို ပေါက်တောမြို့မရဲစခန်းက လူသတ်မှုဖြင့် အရေးယူထားသည်။
Source : http://ift.tt/2I2GVsl
via IFTTT
No comments:
Post a Comment