Friday, March 9, 2018

7Day News Journal

ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်နဲ့ ချစ်ကောင်းတို့အပြိုင်ကြဲမယ့် 90's Rock Legends ဖျော်ဖြေပွဲ အဆိုတော် ဂျေမောင် မောင်၊ ဇော်ဝင်းထွဋ် နှင့် ချစ် ကောင်းတို့သုံးဦး ဖျော်ဖြေမည့် 90's Rock Legends အမည်ရှိ စင်တင်ဂီတပွဲကို မတ်လ ၂၄ ရက်ညတွင် သုဝဏ္ဏဘူမိပန်းခြံ၌ ပြု လုပ်မည်ဖြစ်သည်။ ‘‘ပရိသတ်ကလည်း ယောက်ျားလေးသုံးယောက်ဆို လာကြည့်ချင်ကြမှာပေါ့။ ခေတ် တစ်ခေတ်လည်း ကျွန်တော်တို့ ဖြတ်ခဲ့ပြီးပြီဆိုတော့ အဆင်ပြေ မယ်ထင်ပါတယ်။ ကျွန်တော်တို့ သီချင်းမဟုတ်တဲ့ ၉၀ ခုနှစ်က အောင်မြင်ခဲ့တဲ့ သီချင်းတွေလည်း ပြန်ဆိုကောင်း ပြန်ဆိုဖြစ်လိမ့် မယ်။ ကျွန်တော်တို့ရှေ့မှာလည်း စီနီယာတွေရှိသေးတာကိုး။ အဓိ ကကတော့ ကိုဂျေကြီးက ဝါအကြီးဆုံးဖြစ်တဲ့အတွက် သူ့ဆီက အကြံဉာဏ်လည်း ယူရဦးမှာပေါ့။ အဲဒီနေ့ကျရင် ခန့်မှန်းကြည့်ရသ လောက်က မျက်နှာတွေကြည့် လိုက်တာနဲ့၊ ရုပ်တွေကြည့်လိုက် တာနဲ့ ကျွန်တော်တို့အတူ ဖြတ် သန်းလာခဲ့တဲ့သူတွေဆိုတာ မှန်း မိမှာပါ။ အဲဒီတော့ ပျော်ရမှာပါ။ ဒီပွဲဆိုပြီးရင်တော့ လန်းဆန်းသွား မယ်လို့ ထင်ပါတယ်’’ဟု အဆို တော် ဇော်ဝင်းထွဋ်က ပြောသည်။ ပွဲတွင်သီဆိုမည့် သီချင်းနှင့် ပတ်သက်၍ သုံးဦးပေါင်း တစ်ပုဒ် သီဆိုမည့် အစီအစဉ်များရှိကာ နှစ်ဦး တွဲသီဆိုမည့် အစီအစဉ်များ လည်း ပါဝင်မည်ဖြစ်သည်။ ဂျေမောင်မောင်၊ ဇော်ဝင်း ထွဋ်နှင့် ချစ်ကောင်းတို့စုစည်း၍ ၁၉၉၁ က လျှပ်စစ်မိုး ကောင်းကင်တေးအယ်လ်ဘမ် ဝမ်းတူးနှစ်ခွေထွက်ခဲ့ပြီး အင်ပါယာတီးဝိုင်းအ ပြင် အခြားသော အဆိုတော်များနှင့်၎င်းတို့သုံးဦး တွဲဖက်ဖျော်ဖြေသည့် ပွဲများစွာရှိခဲ့သည်။ သို့သော် ယခုပွဲသည် သီးခြားထူးထူးခြားခြားဖြစ်အောင် သီဆိုမည့်ပွဲ ဖြစ်သလို ပရိသတ်များအနေဖြင့် အခွေတစ်ခုအနေဖြင့် အောင် မြင်ခဲ့သည့် ၎င်းတို့သုံးဦးအတွဲ 90's Rock Legendsရှိုးပွဲတွင် ပထမဦးဆုံးအကြိမ် မြင်တွေ့ရ မည်။ ‘‘ပြီးခဲ့တဲ့ ၂ နှစ်၊ သုံးနှစ် လောက်ကတည်းက ကျွန်တော် တို့ သုံးယောက်တွဲပွဲလေးစီစဉ်မယ် ဆိုပြီး ပြောနေကြတာပါ။ ဒါပေမဲ့ အခုဒီပွဲလေး သေချာပေါက်လုပ် ဖြစ်သွားတော့ ပျော်ပါတယ်’’ ဟုပွဲတွင် ပါဝင်သီဆိုမည့် အဆိုတော်ဂျေမောင်မောင်က ပြောသည်။ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်များ အတိအကျမရေးဆွဲ ရသေးသော်လည်း ခန့်မှန်းခြေ တစ်ဦး ၁၂ ပုဒ် နှုန်းဖြင့် ပါဝင်သီဆိုဖျော် ဖြေမည်ဖြစ်ကြောင်း ၎င်းတို့ပြော သည်။ ‘‘ဒီပွဲလေးက ထူးခြားမှာပါ။ နဂိုကတည်းကလည်း ထူးထူး ခြားခြား တစ်ဦးစီ အောင်မြင်ခဲ့ တဲ့ လူသုံးယောက်ကိုး။ အဲဒီသုံး ယောက်ရဲ့ အတွဲပွဲကတော့ထူး ခြားနေဦးမှာပါ’’ ဟု အဆိုတော် ချစ်ကောင်းက ပြောသည်။ လက်မှတ်များကို ကျပ်ငါးသောင်း၊ သုံးသောင်းနှင့်တစ်သောင်းသတ်မှတ်ထားပြီး မြန်မာပလာဇာ၊ မန်းသီရိတေးသံသွင်း၊ MMTIX, Myanpwal တွင် ဝယ်ယူနိုင်သည်။
Source : http://ift.tt/2HkuCXf
via IFTTT

No comments:

Post a Comment