Friday, March 9, 2018


ဆပ်ကပ်ထဲမှ ဆင်အစွယ်ဖြင့် ထိုး၍ အဘိုးအို ၁ ဦး သေဆုံး ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ကပြဖျော်ဖြေခဲ့သည့် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ ဆင်တကောင်က အစွယ်ဖြင့် ထိုးသည့်အတွက် အဘိုးအို ၁ ဦး မနေ့က သေဆုံးသွားကြောင်း မြောင်းမြမြို့မ ရဲစခန်းမှ သတင်းရရှိသည်။ မြောင်းမြမြို့နယ် ကံကြီးကျေးရွာတွင် အောင်ပင်လယ် ဆပ်ကပ်အဖွဲ့မှ မတ် ၅ ရက်နှင့် ၆ ရက်များ၌ ဖျော်ဖြေမှုများပြုလုပ်ခဲ့ ပြီးနောက် မတ် ၈ ရက်တွင် တခြားဒေသသို့ ဇာတ်ပွဲရွေ့ပြောင်းရန် ပြင်ဆင်နေ ချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ဆပ်ကပ်တွင် အသုံးပြုသည့် ဆင်ထီးတကောင်ကို ကံကြီးကျေးရွာမှ ဦးအေးသန်း (ခ) စိန်အောင်မင်း၏ နေအိမ်အနီး သစ်ပင်တွင် ချည်နှောင်ထားခဲ့ကြောင်း နေအိမ်ပိုင်ရှင် ဦးအေးသန်းမှာ အမြင်အာရုံ ချို့ယွင်းနေသူဖြစ်ပြီး ဆင်အနီးသို့ သွားမိရာမှ ဆင်က အစွယ် ဖြင့်ထိုးလိုက်သည့်အတွက် သေဆုံးခဲ့ခြင်းဖြစ်သည်။ “လူကအနားလာတော့ ဆင်ဆိုတာ တိရစ္ဆာန်ပဲလေ။ အဓိကတော့ ဆင်ဦးစီးပေါ့လျော့တာ။ ဆင်အနား ကို လူသွားတာ မသိ လိုက်ဘူး။ အဘိုးကြီးကလည်း မျက်စိသိပ်မကောင်းတော့ မမြင်မစမ်းနဲ့ သွားရင်း ကနေ ဆင်အနားရောက်တော့ ဆင်က အစွယ်နဲ့ ထိုးသတ်လိုက်တာ” ဟု မြောင်းမြမြို့မစခန်းမှူး ဒုရဲမှူး အောင်ဇော်မင်းက ဧရာဝတီသို့ ပြောသည်။ အသက် ၆၅ နှစ် အရွယ် ဦးအေးသန်းမှာ မတ် ၈ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်၌ အခင်းဖြစ်နေရာတွင် သေဆုံး သွားကာ ၎င်း၏ရုပ်အလောင်းအား မြောင်းမြနာရေးကူညီမှုအသင်းမှ မြောင်းမြဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရ သည်။ ယင်းသို့ လူသေဆုံးမှုအတွက် မြောင်းမြစခန်းမှူး ဒုရဲမှူး အောင်ဇော်မင်းက တရားလိုပြုလုပ်၍ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့ ဆင်ဦးစီး လှဌေးအား ရာဇသတ်ကြီး ဥပဒေ ပေါ့လျော့မှု ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်အရေး ယူထားပြီး ယင်းပုဒ်မအရ လူ ကို သေစေလျှင် ထောင်ဒဏ် ၇ နှစ်အထိချမှတ်ရမည့် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း သိရသည်။ The post ဆပ်ကပ်ထဲမှ ဆင်အစွယ်ဖြင့် ထိုး၍ အဘိုးအို ၁ ဦး သေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2IbImEG
via IFTTT

No comments:

Post a Comment