ဟွန်ဒါ ဆိုင်ကယ်တွေထဲမှာ စူပါငှက်နက်လေးက အမြန်ဆုံး ပြည်တွင်းမှာ လူကြိုက်များလာတဲ့ ဟွန်ဒါ (Honda) ရဲ့ မော်ဒယ် CBR က သိရသလောက် မော်ဒယ်ခွဲပေါင်း ဆယ်နဲ့ချီပြီး ထုတ်လုပ် နေတာ တွေ့ရသလို ပြိုင်ပွဲဝင် မော်ဒယ်အနေနဲ့ရော ပုံမှန် လမ်းကြောင်းမောင်း အလှစီး အနေနဲ့ပါ ရောင်းချ နေတာ တွေ့ရ ပါတယ်။ ဒီထဲက အခုပြောမယ့် CBR1100XX Super Blackbird (စူပါငှက်နက်လေး) ကတော့ ဟွန်ဒါ ထုတ် မော်ဒယ်တွေထဲမှာရော CBR တွေထဲမှာပါ အမြန်ဆုံး မော်ဒယ်ပါ။ ဈေးကွက်ဝင် ကမ္ဘာ့ အမြန်ဆုံး မော်ဒယ်တွေထဲမှာလည်း ထိပ်ဆုံး အဆင့် ၁၀ အတွင်း ဝင်တဲ့ မော်ဒယ်ပါ။ Sport Toreros တန်းဝင် မော်ဒယ် ဖြစ်ပြီး ၁၉၉၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။ အခု အမြန်ဆုံး အနေနဲ့ မှတ်တမ်း တင်ထားနိုင်တာကတော့ ၁၉၉၉ ခုနှစ်ထုတ် မော်ဒယ် ဖြစ်ပြီး နောက်ပိုင်းထုတ် မော်ဒယ်တွေ တောင် ၁၉၉၉ မော်ဒယ်လောက် မမြန်တော့ပါဘူး။ အထူးသဖြင့်တော့ အဆိုပါ အချိန်က အဓိက ပြိုင်ဘက် Kawasaki ZX-11 ကို အသာရအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တပ်ဆင် အင်ဂျင်စနစ်က ၁၁၃၇ စီစီသုံး အရွယ်ကိုတောင် တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်က မြင်းကောင်ရေ ၁၅၂ ကောင်အားထိ ထွက်ရှိသလို အမြန်ဆုံး အနေနဲ့ တနာရီ မိုင် ၁၉၀ ထိ မောင်းနှင်နိုင်မယ် လို့ ဆိုပါတယ်။ အင်ဂျင်စနစ်က Four-Stroke စနစ် ဖြစ်ပြီး လေးလုံးထိုး အင်ဂျင်ပါ။ ဟွန်ဒါ ကုမ္ပဏီရဲ့ အဆိုအရ လမ်းကြောင်း အဆင်ပြေရင် မိုင် ၁၉၀ ထိ မောင်းနိုင်မှာ ဖြစ်ပေမယ့် စမ်းသပ် မောင်းနှင်မှု အရတော့ ၁၉၉၇ မှာ မိုင် ၁၇၀၊ ၁၉၉၉ ခုနှစ်မှာ ၁၇၈ ဒသမ ၅ မိုင်၊ နောက်ဆုံး စမ်းသပ် မောင်းနှင်မှုမှာ မိုင် ၁၈၀ (၂၉၀ ကီလိုမီတာ) ထိ ရောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ အဆိုပါ ၁၉၉၉ ခုနှစ် အထိ ကမ္ဘာ့ အမြန်ဆုံး မော်ဒယ် အဖြစ် မှတ်တမ်းဝင်နေတဲ့ Lockheed SR-71 ရဲ့ စံချိန်ကို ချိုးဖျက်နိုင်လိုက်တာပါ။ CBR1100XX Super Blackbird ရဲ့ စံချိန်ကိုတော့ နောက် ၂ နှစ် အကြာမှာ Suzuki Hayabusa က တနာရီ ၁၉၄ မိုင်ထိ မောင်းနှင်နိုင်တာနဲ့ အတူ ပြန်လည် ကျော်တက်သွားခဲ့ပါတယ်။ မော်ဒယ်က Suspension ပိုင်းမှာ ရှေ့ဘက်က HMAS ဖောက်ကို ထိုင်ထားတယ်၊ ၁၂၀ မီလီ အရွယ်ရှိတယ်၊ နောက်ဘက် က Pro-Link အထိုင် ဖြစ်ပြီး ထူးခြားချက်က ပုံမှန် ဟိုက်ဒရောလစ် အရည်အထိုင်စနစ်မှာ အခုက ဓာတ်ငွေ့ကို ထည့်သွင်း ဖန်တီး ထားတာပါ။ နောက်ဘက် ဖောက်ကလည်း ၁၂၀ မီလီအရွယ်ပဲ ဖြစ်ပြီး အနိမ့်၊ အမြင့် ချိန်နိုင်ပါသေးတယ်။ ဘရိတ်ပိုင်းမှာ ရှေ့ဘက်က ၃၁၀ မီလီအရွယ် ဘရိတ် Dics ကို ၃ ချက်ထောက် စနစ်နဲ့ထိုင်ထားတယ်၊ နောက်ဘက် ကတော့ ၂၅၆ မီလီ အရွယ်ပဲ ရှိပြီး သူလည်း ထိုးပြွန် ၃ ခုနဲ့ ၃ ချက်ထောက်ပါပဲ။ ဘီးတွေကတော့ ရှေ့ရော နောက်ပါ ၁၇ လက်မ ဖြစ်ပြီး တာယာ အရွယ်က ရှေ့ဘက် 120/70 နဲ့ နောက်ဘက် 180/55 ဖြစ်ပါတယ်။ ထိန်းချုပ်မောင်းနှင်ရမှု အားကောင်းအောင် နောက်ဘက် တာယာကို အရွယ်ပိုကြီးထားတာ တွေ့ရပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၃၁ ဒသမ ၉ လက်မ အမြင့်ပါ။ မော်ဒယ်က ၂၅ ဒီဂရီ တိမ်းစောင်း မောင်းနှင်နိုင်ပါတယ်။ အမြန်ဆုံး စံချိန်တင် ထားတဲ့ ၁၉၉၉ ခုနှစ် မော်ဒယ်က ၅၆၃ ပေါင် လေးပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၂၃ လီတာ ဆံ့ပါတယ်။ ဆီ တဂါလံကို ၃၉ မိုင်ထိအောင် စီးနင်းနိုင်တာလည်း တွေ့ရပါတယ်။ Ref: http://ift.tt/2HklhyC The post ဟွန်ဒါ ဆိုင်ကယ်တွေထဲမှာ စူပါငှက်နက်လေးက အမြန်ဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2oVFxj7
via IFTTT
No comments:
Post a Comment