ကင်ဂျုံအန်နှင့် တောင်ကိုရီးယား ဆွေးနွေးမှု၊ စိတ်ကျေနပ်ဖွယ် သဘောတူညီမှုရဟု ဆို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲကို မျိုးချစ် စိတ်နှင့် ရိုးသားဖြူစင်မှုများပြည့်လွှမ်းနေသော ညစာစားပွဲဖြင့်ဧည့့်ခံခဲ့ပြီး ထိုညစာစားပွဲသည် အနာဂါတ်ဘက်စုံ ဆွေးနွေးပွဲများအတွက် အခြေခံကောင်းများ ချမှတ်နိုင်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ယနေ့ ကြေညာသည်။ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲ ချန်အွီယောင် နှင့် ပြန် လည်ပေါင်းစည်းရေး ဒုတိယဝန်ကြီး ကင်ဆန်ဂျန်း ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၀ဦးပါကာ နှစ် ရက်ကြာခရီးစဉ် အဖြစ် ပြုံယမ်းသို့မတ်လ ၅ ရက်နေ့တွင်ရောက်နေခြင်းဖြစ်သည်။ ထိုကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လိုကြောင်း ပြသသည့် အနေဖြင့် မြောက် ကိုရီးယား ခေါင်းဆောင်ကိုယ်တိုင် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ သမ္မတ မွန်ဂျေးအင်၏စာကို ညနေ ၆ နာရီတွင် ချန်အွီယောင်က ပေးအပ်ခဲ့ပြီးနောက် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် ၄ နာရီကျော်ကြာမြင့်သည့် ညစာစားပွဲအတွင်း ကင်ဂျုံအွန်နှင့် အရေးပါသော အကြောင်းအရာများကို စတင်ဆွေးနွေးသည်။ မြောက်ကိုရီးယား နိုင်ငံ သတင်းဌာန(KNC) ၏ ယနေ့ ကြေညာချက်တွင် “သမ္မတ မွန်ဂျေးအင်၏ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပ လိုသည့် ရည်ရွယ်ချက်ကို တောင်ကိုရီးယား အထူး သံတမန်ထံမှ ကြားသိ ရသောအခါ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းသည် အမြင်ချင်းဖလှယ်ပြီးနောက် ဝမ်းမြောက်ကျေနပ်ဖွယ် ရာ သဘောတူညီမှု ပြုလုပ်ခဲ့သည်”ဟုဆိုထားပြီး၊ တခြားသော သဘောတူညီမှု အသေးစိတ်ကိုမူ ထုတ်ဖော်ကြေညာခြင်းမရှိပေ။ ခေါင်ဆောင်ကြီး ကင်ဂျုံအန် သည် သူ၏ တောင်မြောက်ကိုရီးယား ဆက်ဆံရေး လျင်မြန်စွာ တိုးတက် စေရန် နှင့် အမျိုးသားပြန်လည် ပေါင်းစည်းရေး သမိုင်းသစ်ရေးရန် သူ၏ ခိုင်မာသော စိတ်ဓါတ်ကို ထပ်မံအတည်ပြုခဲ့ပြီး ဆွေးနွေးပွဲများ အရှိန်မြှင့်လုပ်ဆောင်ရန် လက်တွေ့ကျသည့် ခြေလှမ်းများ လှမ်းရန် သက်ဆိုင်ရာ အာဏာပိုင်များအား ညွှန်ကြားခဲ့သည်ဟု သတင်းများက ဆိုသည်။ ပြောင်ချန် ဆောင်းရာသီ အိုလံပစ် အတွင်းက ရရှိခဲ့သော အမျိုးသားပြန်လည် သင့်မြတ်ရေး အရှိန် အဟုန်သစ် ၏ အရေးပါမှုကို နှစ်နိုင်ငံလုံးက အလေးအနက်ပြုခဲ့ကြသည်။ “ဆောင်းရာသီ အိုလံပစ် ပွဲတော်ဟာ ကျနော်တို့ နိုင်ငံရဲ့ ခံနိုင်ရည်ရှိမှုနဲ့ ဂုဏ်သိက္ခာကို ပြည်တွင်းမှာ သာမက ပြည်ပမှာပါ ပြသနိုင်ခဲ့သလို တောင်နဲ့ မြောက်ပိုင်းအကြား ပြန်လည်သင့်မြတ်မှု၊ ညီညွတ်မှုနဲ့ ဆွေးနွေးပွဲတွေ အတွက် ကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတဲ့ အလွန်အရေးပါတဲ့ အချိန် အခါဖြစ်ခဲ့ပါတယ်” ဟု ကင်ဂျုံအွန်က ပြောကြောင်း KCNA သတင်းဌာနက ကြေညာသည်။ သို့သော် ကိုရီးယားကျွန်းဆွယ်တွင် ညူကလီးယား ကင်းမဲ့ရေး သို့မဟုတ် အလားအလာရှိသော အမေရိကန်-မြောက်ကိုရီးယား တိုက်ရိုက်ဆွေးနွေးပွဲများအကြောင်း သုံးသပ်ချက်များကို KNC သတင်းက ပြောကြားခဲ့ခြင်း မရှိပေ။ ပြီးခဲ့သည့်လကလည်း ပြောင်ချန်ဆောင်းရာသီ အိုလံပစ်ပွဲကို အကြောင်းပြုကာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ယိုဂျောင်ကလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ထံ ပေးအပ်ခဲ့သလို၊ ကင်ဂျုံအန်၏ ဇနီး ရီဆိုလ်ဂျူလည်း တက်ရောက်ကြောင်း တောင်ကိုရီးယား သတင်း ဌာန ယွန်ဟပ်ကဆိုသည်။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် မြို့တော်ဆိုးလ်သို့မပြန်မီ ဆွေးနွေးပွဲများ ဆက်လက် ကျင်းပ မည်ဖြစ်ပြီး ယင်းတောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ သွားရောက်ကာ မြောက်ကိုရီးယား ခရီးစဉ်၏ ရလဒ်များကို ရှင်းလင်းပြောကြားမည်ဟု သိရသည်။ The post ကင်ဂျုံအန်နှင့် တောင်ကိုရီးယား ဆွေးနွေးမှု၊ စိတ်ကျေနပ်ဖွယ် သဘောတူညီမှုရဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2Fjr8Yo
via IFTTT
No comments:
Post a Comment