Saturday, March 3, 2018


အမျိုးသမီးများ ဓမ္မတာ အချိန်မမှန်ရခြင်း အကြောင်းအရင်း ၅ ချက် အမျိုးသမီးတွေ ဓမ္မတာ မမှန်တဲ့အခါ ကိုယ်ဝန်ရှိနေပြီလား ဒါမှမဟုတ် ရောဂါတခုခုများ ဖြစ်နေပြီလားဆိုပြီး စိုးရိမ်စိတ် များတတ်ကြပါတယ်။ ဒီလိုမျိုး ရာသီ်ချိန်မှန် မလာတာဟာ တခြားအခြေခံ အကြောင်းအရာတွေကြောင့်လည်း ဖြစ်တတ်တဲ့ အတွက် အခြေခံကျန်းမာရေး ဗဟုသုတတွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ (၁) လေ့ကျင့်ခန်း အလွန်အကျွံ လုပ်လွန်းခြင်း ခန္ဓာကိုယ် လှုပ်ရှားမှု လုပ်တာက ကောင်းပေမယ့် အပြင်းအထန် လုပ်တဲ့အခါ ရာသီစက်ဝန်းအတွက် Oestrogen ထုတ်လုပ်မှုမှာ အဟန့်အတား ဖြစ်တဲ့အတွက် ဓမ္မတာလာတာ နောက်ကျတတ်ပါတယ်။ (၂) ကိုယ်အလေးချိန် မမှန်ခြင်း ကိုယ်အလေးချိန် အဆမတန် တက်လာခြင်း၊ ကျလာခြင်းတို့ကြောင့်လည်း ရာသီစက်ဝန်း နောက်ကျတတ်ပါတယ်။ သင့် ကိုယ်အလေးချိန် အပြောင်းအလဲက ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် တချို့အတွက် အရေးပါတဲ့ ဂလင်းထုတ်ပေးတဲ့ ဦးနှောက်အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ (၃) စိတ်ဖိစီးမှု များခြင်း အလုပ်နဲ့ လူမှုရေး ပြဿနာတွေကြောင့် စိတ်ဖိစီးမှု များတဲ့အခါမှာလည်း ရာသီ မမှန်တာမျိုး ဖြစ်တတ်ပါတယ်။ ဦးနှောက်မှာ ရာသီစက်ဝန်း ပုံမှန်လည်ပတ်ဖို့ ဟော်မုန်း အချိန်မီ မထုတ်မိတာမျိုးကို Hypothalamic Amenorrhea လို့ခေါ်ပြီး ဒီဖြစ်စဉ်မျိုးက စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ အချိန်မျိုးမှာ ဖြစ်လေ့ရှိပါတယ်။ (၄) နေမကောင်း ဖြစ်ခြင်း သာမန်ရိုးရိုး နေမကောင်းဖြစ်တဲ့ နှာစေး၊ ချောင်းဆိုးစတဲ့ အခြေအနေမျိုးမှာတောင် ဓမ္မတာ မမှန်တာမျိုး ဖြစ်တတ်ပါတယ်။ ဇီဝကမ္မ ဖြစ်ပျက်မှု ပုံမှန် မဟုတ်တဲ့ ဘယ်လို အခြေအနေမျိုးမှာမဆို ရာသီ မမှန်တတ်ပါဘူး။ (၅) ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ခြင်း ကိုယ်ဝန်ဆောင် တားဆေးနဲ့ သားဥကြွေခြင်းကို တားဆီးတဲ့ ဆေးမျိုး စားမိ၊ ထိုးမိပြီ ဆိုရင်လည်း ရာသီ မမှန်တတ်ပါဘူး။ ကဲ ဒါဆိုရင် ဘာကြောင့် ဓမ္မတာစောတယ်၊ နောက်ကျတယ်၊ ပုံမှန် မလည်ပတ်ရသလဲ ဆိုတာ သိပြီမို့လို့ ရာသီ မမှန်တဲ့ အခါ အရမ်းစိုးရိမ်စရာ မလိုဘူးနော်။ ဒီထက် သေချာချင်ရင်တော့ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ The post အမျိုးသမီးများ ဓမ္မတာ အချိန်မမှန်ရခြင်း အကြောင်းအရင်း ၅ ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2CSDmAZ
via IFTTT

No comments:

Post a Comment