Tuesday, March 6, 2018


ရေစကြို မီးဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး အခက်အခဲရှိနေ မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် သစ်တောကြီးကျေးရွာတွင် မီးအကြီးအကျယ် လောင်ကျွမ်း ခဲ့မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသော မီးဘေးသင့် ပြည်သူတို့၏ ပြန်လည် ထူထောင်ရေးအတွက် အခက်အခဲရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။ အစိုးရနှင့် အလှူရှင် အဖွဲ့အစည်းများက မီးဘေး ဒုက္ခသည်များ အတွက် အစားအစာနှင့် အခြားထောက်ပံ့မှုများ ပေးနေ သော်လည်း ပျက်စီး ဆုံးရှုံးသွားရသည့် အိမ်များ ပြန်လည် တည်ဆောက်ရေး အတွက် အချိန်ကြန့်ကြာဦးမည် ဖြစ်ကြောင်း သစ်တောကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သူရ က ဧရာဝတီကို ပြောသည်။ “လက်ရှိ အနေအထားအရ စားနပ်ရိက္ခာတွေကတော့ ပြည့်စုံသလောက်နီး ရှိနေပါပြီ။ တလစာတော့ ရမယ်ထင်တယ်။ ပြန်လည် ထူထောင်ရေး အတွက်ကတော့ အများကြီး လိုအပ်နေပါသေးတယ်” ဟု ရေစကြို လူငယ်ကွန်ရက်မှ ကိုဝေယံအောင် က ရှင်းပြသည်။ သစ်တောကြီး ကျေးရွာတွင် မတ်လ ၃ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နေအိမ် ၁၆၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး လူဦးရေ ၉၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အထက်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အတွက် တိုင်းအစိုးရက စာအုပ်များနှင့် နေရာထိုင်ခင်းများ ထောက်ပံ့ကူညီမည် ဖြစ်ရာ စာမေးပွဲအတွက် ၎င်းတို့ စာကျက်နိုင်ကြမည် ဖြစ်ကြောင်း မကွေးတိုင်းလွှတ်တော်မှ ရေစကြို မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက ပြောသည်။ မီးလောင်မှု ဖြစ်စဉ်ကြောင့် လူ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။ ပုဂ္ဂလိက နေအိမ်တလုံး၏ မီးဖိုချောင်မှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ထိုဒေသမှ အိမ်အများစုသည် ဝါးများ၊ သက်ငယ် များနှင့် ဆောက်လုပ် ထားခြင်း ဖြစ်သည့် အတွက် ရွာအတွင်းသို့ လျင်မြန်စွာ ကူးစက် လောင်ကျွမ်းခဲ့ကြောင်း မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်သူရက ရှင်းပြသည်။ “အိမ်တွေက တခုနဲ့တခု အရမ်းကပ်နေတော့ အရမ်းမြန်သွားတယ်။ လေကလည်း ပြင်းတယ်”ဟု ၎င်းက ဆိုသည်။ အဆိုပါ မီးဘေးသင့် ပြည်သူများထံသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပြီး မီးဘေးသင့် တအိမ်ထောင်လျှင် ကျပ် ၃ သိန်းစီဖြင့် အိမ်ထောင်စုပေါင်း ၁၆၇ စု အတွက် စုစုပေါင်း ကျပ် ၅၀၁ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဧရာဝတီကို ပြောပြ သည်။ ဝန်ကြီးချုပ်က “တိုင်းအစိုးရ အနေနဲ့ သဘာဝဘေးအန္တရာယ် ရန်ပုံငွေထဲကနေ တအိမ်ထောင်ကို ၃ သိန်းနှုန်းနဲ့ ထောက်ပံ့ ပေးခဲ့တယ်။ ဝင်လာတဲ့ငွေတို့၊ ပစ္စည်းတို့ကို မှန်မှန်ကန်ကန်ဖြစ်အောင် ပြဿနာ မတက်အောင်လုပ်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ကို ညွှန်ကြားခဲ့တယ်။ လောလောဆယ် မီးဘေးသင့်ပြည်သူတွေ သုံးစွဲဖို့ အိမ်သာ ၄ လုံး ဆောက်ပေးခဲ့တယ်။ နောက်ထပ် ထပ်ဆောက်ဖို့လည်း ညွှန်ကြားခဲ့တယ်။ သူတို့ဘဝအတွက် ဘယ်လိုထူထောင်မယ် ဘာညာတော့ မပြောခဲ့သေးဘူး”ဟု လည်း ပြောဆိုသည်။ မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲခန့်က စတင်လောင်ကျွမ်းခဲ့သည့် သစ်တောကြီးကျေးရွာ မီးသည် မတ်လ ၄ ရက် နံနက် ၂ နာရီခွဲကျော်မှ ငြိမ်းသွားခဲ့ခြင်း ဖြစ်သည်။ မကွေးတိုင်းသည် ပူပြင်း၍ ခြောက်သွေ့သော အခြေအနေရှိသည့်အတွက် မြန်မာနိုင်ငံတွင် မီးဘေးအန္တရယ် အမြင့်မားဆုံး နေရာများထဲမှ တခုဖြစ်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မကွေးတိုင်း မြို့သစ်မြို့နယ် ဆုတက်ကြီး ကျေးရွာတွင် မီးလောင်ကျွမ်းခဲ့သောကြောင့် အိမ် ၃၁ လုံး ဆုံးရှုံးခဲ့ရပြီး လူ ၁၄၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ဆန်၊ အခြား ထောက်ပံ့မှုများနှင့် ၎င်းတို့၏ နေအိမ်များ ပြန်လည် ဆောက်လုပ်ရန်အတွက် ဒုက္ခသည်တဦးလျှင် ကျပ် ၁ သိန်းခန့် ထောက်ပံ့ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ The post ရေစကြို မီးဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး အခက်အခဲရှိနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2HaYmFU
via IFTTT

No comments:

Post a Comment