Monday, March 19, 2018


ဘရာဇီးကို ကမ္ဘာ့ဖလားမှာ ပြန်မျှော်လင့်နိုင်ဦးမလား လက်ရှိ ဘောလုံးလောကမှာ ကလပ်အသင်း အလိုက် ပရိတ်သတ် အများဆုံး ရှိနေတဲ့ ပြိုင်ပွဲတွေက ဥရောပမှာ ရှိတဲ့ ပြိုင်ပွဲတွေ ဆိုပေမယ့် နိုင်ငံအသင်း အလိုက် အောင်မြင်မှု အများဆုံးရထားတဲ့ အသင်းကတော့ တောင်အမေရိကတိုက်ရဲ့ အင်အားအကြီးဆုံး ဘရာဇီးပါ။ ဘရာဇီးနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်း အနေနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်နေတာ ဖြစ်ပြီး ဘရာဇီးဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်းဖြစ်ပါတယ်။ ၁၉၁၆ ကတည်းက တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် လက်အောက်ခံနယ်ဝင် အသင်း ဖြစ်ပေမယ့် ၁၉၂၃ ခုနှစ်ရောက်မှ ဖီဖာရဲ့ တရားဝင် အသိအမှတ်ပြု ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဘရာဇီးအသင်းရဲ့ နည်းပြက Tite ပါ၊ သူ့ အမည်အရင်းက Adenor Leonardo Bacchi ဖြစ်ပေမယ့် Tite လို့ပဲ ခေါ်ကြပါတယ်။ အရင်က ဘရာဇီးအသင်းသားဟောင်း ဖြစ်ပြီး ကစားသမားဘဝက အနားယူပြီး နည်းပြလောကမှာ ကျင်လည်နေသူပါ။ အသင်းခေါင်းဆောင် အဖြစ်နဲ့တော့ ပုံသေ ရွေးချယ်ထားမှု မရှိဘဲ ဝါရင့် ကစားသမားတွေကို အလှည့်ကျ ပုံစံ ခန့်အပ်တာဝန် ပေးတတ်တာ တွေ့ရပါတယ်။ ESPN ကနေ ဖော်ပြချက် အရတော့ အခုလာမယ့် ကမ္ဘာ့ဖလား အတွက် ဘရာဇီးအသင်းက ဂိုးသမား အနေနဲ့ ရိုးမားမှာ ကစားနေတဲ့ Alisson ပါမယ်၊ ကိုရင်သီယန်မှာ ကစားနေတဲ့ Cassio နဲ့ မန်းစီးတီးမှာ ကစားနေတဲ့ Ederson တို့ကို ရွေးချယ်ထားတာပါ။ နောက်တန်း အတွက်က မန်းစီးတီးမှာ ကစားနေတဲ့ Danilo၊ အင်တာမီလန်မှာ ကစားနေတဲ့ Miranda၊ ပီအက်ဂျီမှာ ကစားနေတဲ့ Marquinhos, Thiago Silva, Daniel Alves၊ မိုနာကိုမှာ ကစားနေတဲ့ Jemerson၊ အက်သလက်တီကိုမှာ ကစားနေတဲ့ Fillipe Luis နဲ့ ရီးရဲမက်ဒရစ်မှာ ကစားနေတဲ့ Marcelo တို့ ပါဝင်ပါတယ်။ အလယ်တန်း အတွက်ကို ရီးရဲမှာ ကစားနေတဲ့ Casemiro၊ မန်းစီးတီးမှာ ကစားနေတဲ့ Fernandinho၊ ဘာစီလိုနာမှာ ကစားနေတဲ့ Paulinho၊ ပေကျင်းဂူအန်မှာ ကစားနေတဲ့ Renato Augusto၊ လီဗာပူးလ်မှာ ကစားနေတဲ့ Philippe Coutinho၊ ချယ်ဆီမှာ ကစားနေတဲ့ Willian၊ ဂရီမီယိုမှာ ကစားနေတဲ့ Athur၊ ဖလာမင်ဂိုမှာ ကစားနေတဲ့ Diego၊ ရှက်တာဒိုးနက်မှာ ကစားနေတဲ့ Fred တို့ ဖြစ်ပါတယ်။ ရှေ့တန်း အတွက်ကတော့ ရှန်ဒေါင်းလူနန်မှာ ကစားနေတဲ့ Deigo Tardelli၊ မန်းစီးတီးမှာ ကစားနေတဲ့ Gabriel Jesus၊ ပီအက်ဂျီမှာ ကစားနေတဲ့ Neymar၊ လီဗာပူးလ်မှာ ကစားနေတဲ့ Roberto Firmino တို့ကို ရွေးချယ်ထားတာ တွေ့ရပါတယ်။ အိမ်ကွင်းမှာ ဝတ်စုံ အနေနဲ့ အကျႌကို အဝါရောင်၊ ဘောင်းဘီက အပြာရောင်၊ ခြေအိတ်ကတော့ အဖြူရောင်ပါ။ အဝေးကွင်း ဝတ်စုံ အနေနဲ့တော့ အကျႌကို အပြာရောင်၊ ဘောင်းဘီက အဖြူနဲ့ ခြေအိတ်ကတော့ အပြာရောင်ကို ဝတ်ဆင် ကစားတာ တွေ့ရပါတယ်။ လက်ရှိမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အနေနဲ့ ဘရာဇီးက ဖီဖာ သတ်မှတ်ချက် အဆင့် ၂ မှာပါ။ ဒါက ဖေဖော်ဝါရီလ ကတည်းက အဆင့်ကို ဆက်လက် ထိန်းထား နေနိုင်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး အသင်းလို့ ဆိုနိုင်လောက်တဲ့ အသင်းကြီးဖြစ်လို့ လစဉ် အဆင့် သတ်မှတ်ချက် ပြောင်းလဲမှုမှာ ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁ နေရာကို ၁၅၃ ကြိမ်ထိအောင် သတ်မှတ်ခံရဖူးတာလည်း တွေ့ရပါတယ်။ သမိုင်းတလျှောက် စံချိန်တင် အဆင့် အနိမ့်ဆုံး အဖြစ်နဲ့တော့ ၂၀၁၃ ခုနှစ် ဇွန်လ အတွင်းက အဆင့် ၂၂ ထိအောင် ၁ ကြိမ် ရောက်သွားဖူးတာပဲ ရှိပါတယ်။ အသင်းက နိုင်ငံပွဲ ကစားမှု အနေနဲ့ ၁၉၁၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က မက္ကဆီကို နိုင်ငံ၊ မက္ကဆီကိုစီးတီးမှာ အာဂျင်တီးနားနဲ့ ပထမဆုံးပွဲ ကစားခဲ့ပြီး အဖွင့့်မကောင်းဘဲ ၃ ဂိုး ဂိုး မရှိနဲ့ ရှုံးခဲ့ပါတယ်။ သမိုင်းတလျှောက် အကြီးမားဆုံး နိုင်ပွဲ အဖြစ်တော့ ၁၉၇၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ချီလီနိုုင်ငံ၊ ဗီနာ ဒယ် မာမှာ ကစားတဲ့ နီကာဂွာရာနဲ့ ပွဲမှာ ၁၄ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာပါ။ ဒီလိုပဲ စံချိန်တင် ဂိုးပြတ်ရှုံးပွဲ အနေနဲ့ ၁၉၂၀ စက်တင်ဘာ ၁၈ ရက်က ဥရုုဂွေးနဲ့ ပွဲရယ်၊ ၂၀၁၄ ခုနှစ် ဇူလိုင် ၈ ရက်က ကစားတဲ့ ဂျာမနီနဲ့ ပွဲတွေမှာ ၆ ဂိုးပြတ် ရှုံးဖူးတာ တွေ့ရပါတယ်။ ဘရာဇီးဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု အမြင့်ဆုံး အသင်းပါ။ အခုထိအောင် ခြေစစ်ပွဲ ၂၁ ကြိမ် အောင်ပြီး ဝင်ခွင့်ရထားတယ်၊ ချန်ပီယံ ၅ ကြိမ်ထိအောင် ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ရထားပါတယ်။ Copa America ဖလားပွဲမှာလည်း ဘရာဇီးရဲ့ သြဇာကြီးမားမှုကို တွေ့နိုင်ပြီး ၁၉၁၆ ကတည်းကနေ အခုထိအောင် ၃၅ ကြိမ် ဝင်ပြိုင်ပြီး ချန်ပီယံံ ၈ကြိမ် ဖြစ်ထားပါတယ်။ ကွန်ဖက်ဒရေးရှင်း ဖလားမှာလည်း ၁၉၉၇ ကတည်းကနေ ၇ ကြိမ် ဝင်ခွင့်ရသလို ချန်ပီယံ ၄ ကြိမ် ဖြစ်ထားတာတွေက ဂုဏ်ယူစရာ သမိုင်းကြောင်းတွေပါ။ အိုလံပစ်ပြိုင်ပွဲတွေမှာလည်း ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်မှာ ရွှေ၊ ၁၉၈၄ ခုနှစ် လော့အိန်းဂျလိစ် အိုလံပစ်မှာ ငွေ၊ ၁၉၈၈ ဆိုးလ်အိုလံပစ်မှာ ငွေ၊ ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်မှာ ငွေ၊ ၁၉၉၆ ခုနှစ် အန်တလန်တာ အိုလံပစ်မှာ ကြေး၊ ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်မှာ ကြေး ဆုတွေ ရထားဖူးပါတယ်။ ဘရာဇီးဟာ ကမ္ဘာပေါ်က တိုက်အစုံမှာ ကမ္ဘာ့ဖလား ရထားဖူးတဲ့ ၁ သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ဖလားရချိန်က ဆွီဒင်မှာ အောင်ပွဲခံလို့ ဥရောပမြေမှာ ဖလားရတာပါ၊ ၁၉၆၂ ခုနှစ် ချီလီမှာ ဖလားထပ်ရတော့ တောင်အမေရိကတိုက်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ၁၉၇၀ မက္ကဆီကိုနဲ့ ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားတွေမှာ ဖလား ၂ လုံးရတော့ မြောက်အမေရိကတိုက်မှာ ဖလား ၂ ကြိမ် ကိုင်မြှောက်တယ်၊ ၂၀၀၂ ခုနှစ် ဂျပန်၊ ကိုရီးယား ကမ္ဘာ့ဖလားမှာ ဖလားရပြန်တော့ အာရှမှာ အောင်ပွဲ ထပ်ခံထားတာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံ အသင်းပွဲစဉ်တွေမှာ စပိန်နဲ့ အတူ ၃၅ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကိုလည်း တင်ထားနိုင်ပါသေးတယ်။ အသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲတွေကိုတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ချီလီနဲ့ ကစားတယ်၊ ၃ ဂိုးပြတ်နဲ့ နိုင်တယ်၊ နိုဝင်ဘာ ၁၀ ရက်က ဂျပန်နဲ့ ကစားထားတယ်၊ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်တယ်၊ နိုဝင်ဘာ ၁၄ ရက်က အင်္ဂလန်နဲ့ သရေကျထားတယ်၊ ရလဒ်တွေကတော့ အားရစရာပါ။ ကမ္ဘာ့ဖလားမတိုင်ခင် လာမယ့် မတ် ၂၃ ရက်မှာ ရုရှ၊ ၂၇ ရက်မှာ ဂျာမနီ၊ ဇွန် ၃ ရက်မှာ ခရိုအေးရှား၊ ၁၀ ရက်မှာ သြစတီးယားတွေနဲ့ ခြေစမ်းပွဲတွေ ကစားမှာပါ။ ကမ္ဘာ့ဖလားပွဲစဉ် အနေနဲ့ကတော့ အုပ်စု အဖွင့်ပွဲ အနေနဲ့ ဇွန်လ ၁၇ ရက်မှာ ဆွစ်ဇာလန်၊ ၂၂ ရက်မှာ ကော်စတာရီကာ၊ ၂၇ ရက်မှာ ဆားဘီးယားတွေနဲ့ ကစားမှာ ဖြစ်ပြီး အုပ်စုတွင်း အင်အားအကြီးဆုံး အသင်း အဖြစ်ရော ၁၆ သင်း အဆင့် တက်ရောက်ဖို့ပါ ရေပန်းအစားဆုံး အသင်း တသင်း အဖြစ် သတ်မှတ်ခံထားရတာပါ။ လက်ရှိ ဘရာဇီးရဲ့ လူူအင်အားစုဖွဲ့မှု အရလည်း စပိန်၊ ဂျာမနီတို့နဲ့ အပြိုင် အခုနှစ် ကမ္ဘာ့ဖလားကို ကောင်းကောင်း စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ဘောလုံး သုံးသပ်သူတွေက The post ဘရာဇီးကို ကမ္ဘာ့ဖလားမှာ ပြန်မျှော်လင့်နိုင်ဦးမလား appeared first on ဧရာဝတီ.
Source : http://ift.tt/2u18O0Q
via IFTTT

No comments:

Post a Comment