Thursday, March 8, 2018


လျှပ်စစ် စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြား နှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၂ ခု ခွင့်ပြု မြန်မာနိုင်ငံ၌ အစိုးရ လျှပ်စစ်မီးမပေးနိုင်သော ကျေးရွာများတွင် လျှပ်စစ်မီးဖြန့်ဖြူးပေးရန် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံ သား ဖက်စပ် လုပ်ငန်း၂ ခု ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်း ၂ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ဒု ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။ ဒု ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က “တခုကတော့ ရေးမြို့မှာ ကျေးလက်မီးပေးတာ ဖြစ်တယ်။ လောလော ဆယ် နိုင်ငံတော်က လျှပ်စစ်ဓာတ်အား မရောက်တဲ့နေရာတွေမှာ ပေးတာဖြစ်တယ်။ နောက်တခုကတော့ ပဲခူးမှာ ရှိတဲ့ စက်မှုဇုန်ထဲမှာ မီးပေးမှာ ဖြစ်တယ်။ စက်မှုဇုန် တည်ထောင်တဲ့သူက သူ့စက်မှုဇုန်ထဲမှာ မီးရရှိဖို့ ပေးတာဖြစ်တယ်” ဟု ပြောပြသည်။ မတ်လ ၅ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနရုံး ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး ကဏ္ဍသည် နိုင်ငံတော်က အားပေး ဆောင်ရွက်နေသော ကဏ္ဍ တခု ဖြစ်သည်ဟု လည်း ဆိုသည်။ ယခု ခွင့်ပြုလိုက်သော လုပ်ငန်း ၂ခုမှာ တနင်္သာရီတိုင်း ရေးမြို့ နှင့် ပဲခူးတိုင်း i Land Park Myanmar စက်မှုဇုန်တို့ တွင် ဖြစ်ကြောင်း သိရသည်။ ရေးမြို့တွင် စင်ကာပူနိုင်ငံသား ရင်းနှီးမြှုပ်နှံသူမှ ၃၃ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံသူမှ ၃၃ ရာခိုင်နှုန်းနှင့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူမှ ၃၄ ရာခိုင်နှုန်း ပါဝင်သော Southern Myanmar Development ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်း ၂သောင်း ၆ ထောင် ၄ ရာကျော်ဖြင့် ကျေးရွာများကို ၁၀ မဂ္ဂါဝပ်နှင့် မီးပေးရန် ခွင့်ပြု ခဲ့သည်။ ဒုတိယ တခုမှာ ပဲခူးတိုင်းဒေသရှိ စင်ကာပူ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူမှ ဖော်ဆောင်နေသော i Land Park Myanmar စက်မှု ဇုန်တွင် စင်ကာပူနိုင်ငံသား ၈၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသား ၂၀ ရာခိုင်နှုန်း ပါဝင်သော i Land Park Myanmar ကို ရင်း နှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၈ သန်းနှင့် စက်မှုဇုန်တွင် ၁၉ မဂ္ဂါဝပ်နှင့် လျှပ်စစ်မီးပေးရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း DICA စာရင်းများအရ သိရသည်။ “ကျေးရွာတွေကို မီးပေးတဲ့ ကုမ္ပဏီက ဒီဇယ်ဆီနဲ့ မောင်းပြီး လျှပ်စစ်မီးပေးမှာ ဖြစ်တယ်။ စက်မှုဇုန် မီးပေးမှာကတော့ မီးထိုးဆီဆိုတဲ့ လောင်စာဆီ အမျိုးအစားနဲ့ ပေးမှာဖြစ်တယ်” ဟု ဒုညွှန်ချုပ် ဦးသန်းအောင်ကျော်က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်ကဏ္ဍသို့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခုမှ စုစုပေါင်း ပမာဏ ကျပ် ၁၇၂၂၆၇ ဒသမ ၃၂၄ သန်းနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅ ခုမှ စုစုပေါင်း ရင်းနှီးမြှုပ်မှု ပမာဏ အမေရိ ကန် ဒေါ်လာ ၄၀၅ ဒသမ ၇၇၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း MIC စာရင်းများတွင် ဖော်ပြထားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား မရရှိသေးကြောင်းနှင့် ယင်းသို့ လျှပ်စစ် ဓာတ် အား အသုံးမပြုနိုင်သည့် နေရာများသည် ကျေးလက်ဒေသတွင် အများဆုံးဖြစ်ကြောင်း သိရသည်။ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က “ကျေးလက်ဒေသ အများစုက လျှပ်စစ် ကွန်ရက်နဲ့က ဝေးတယ်ဆိုတော့ အစိုးရပေးတဲ့ မီးကို မရသေးတာ။ အဓိကတော့ သူတို့ပေးတယ်ဆို လည်း မီတာခက ကျနော်ထင်တာကတော့ လျှပ်စစ် ၁ ယူနစ်ကို ကျပ် ၂၅၀ ကနေ ၃၀၀ ကျပ်လောက်တော့ ပေးရမှာပါပဲ။ ဒါပေမယ့် ရန်ကုန်ကလူတွေ ၁ ယူနစ်ကို ၃၅ ကျပ်၊ ကျပ် ၅၀ လောက်ပဲပေးရတယ် ဆိုတော့ အဲဒီ ဒေသတွေက ၅ ဆလောက် ပေးနေရတယ်။ ဒါကတော့ အစိုးရအနေနဲ့ တနိုင်ငံလုံး မျှတဖို့လိုပါတယ်။ ရန်ကုန်မှာနေတဲ့ သူက မီတာခ သက်သက်သာသာ ပေးရပြီး တောမှာနေတဲ့သူက ပိုပေးရတယ်ဆိုရင် မမျှတဘူး”ဟု ဧရာဝတီသို့ ပြော သည်။ လျှပ်စစ် မီတာခ နှုန်းထားများမှာ တနေရာနှင့် တနေရာ မတူညီမှုများ ဖြစ်နေခြင်း အပေါ် အစိုးရ အနေဖြင့် ပြန်လည် စဉ်းစား သင့်ကြောင်းလည်း ၎င်းက ဆိုသည်။ ဦးကျော်ကျော်လှိုင် က ဆက်လက်“နိုင်ငံခြားကနေ မီးပေးမယ့်သူတွေ ဝင်လာတာတော့ ကောင်းပါတယ်။ သူတို့တွေ များများဝင်လာပြီး ရင်းနှီးမြှုပ်နှံလေ နိုင်ငံတိုးတက်လေ ဆိုတော့ ကောင်းတယ်။ ဒါပေမယ့် အဓိကတော့ မီတာခနှုန်း ထားတွေ သက်သာရင်ပို ကောင်းတာပေါ့။ အခြေခံ လူတန်းစားတွေကို မကြည့်နဲ့ ချမ်းသာတဲ့ သူတွေဆို မီးအရမ်းသုံး တယ်။ သူတို့တွေလည်း အစိုးရက မီတာခသက်သက်သာသာ ပေးထားတဲ့အတွက် တနည်းဖြင့်ပြောရင် သူတို့ မီတာ သုံးတိုင်း သုံးတိုင်း အစိုးရက စိုက်ပေးနေ ရတယ် ဆိုတော့ အဲဒါတွေကိုတော့ အစိုးရအနေနဲ့ မြန်မြန်ပြုပြင်သင့်တာပေါ့။ ပြုပြင်မှ မျှတမှုက ဖြစ်လာမှာပါ” ဟု ပြောသည်။ မြန်မာနိုင်ငံ၌ လျှပ်စစ်မီးကို အဓိကအသုံးပြုမှုသည် မြို့ပြဒေသတွင် ၇၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသတွင် ၁၄ ဒသမ ၉ ရာခိုင်နှုန်းရှိသဖြင့် မြို့ပြ/ကျေးလက် ကွာဟချက် ကြီးမားေနေကြောင်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြည်တွင်း၌ လျှပ်စစ် သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်နေပြီး လက်ရှိ အစိုးရမှ ကောက်ခံနေသော နှုန်းထား များမှာ အိမ်သုံးမီတာ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိ အသုံးပြုပါက ၁ ယူနစ် ၄၀ ကျပ်၊ ၂၀၁နှင့် အထက် အသုံးပြုပါက ၁ ယူနစ်လျှင် ၅၀ ကျပ်နှင့် လုပ်ငန်းသုံးအနေဖြင့် ၁ယူနစ်လျှင် ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံ လျက် ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။ The post လျှပ်စစ် စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြား နှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၂ ခု ခွင့်ပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2HgNeHg
via IFTTT

No comments:

Post a Comment