Friday, March 23, 2018

burma.irrawaddy.com

မြဝတီမြို့တွင် တပ်မတော်နှင့် BGF တို့အကြား တင်းမာမှုဖြစ် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကင်းစခန်းများကို တပ်မတော်က မတ် ၂၃ ရက်နေ့ ညနေပိုင်းတွင် ရုတ်တရက် ဝင်ရောက် စစ်ဆေးခြင်းပြုလုပ်ခဲ့ရာမှ တပ်မတော်နှင့် BGF တို့အကြား တင်းမာမှုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ ယခင်က BGF ကင်းစခန်းများကို တပ်မတော်က ဝင်ရောက်မည်ဆိုပါက အသိပေးပြီးမှ ဝင်ရောက်ခဲ့သော်လည်း ယခုတွင် BGF တာဝန်ရှိသူများကို အသိမပေးဘဲ ဝင်ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း BGF အဖွဲ့ပြောခွင့်ရ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။ BGF မှ ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်နေချိန် ၎င်းတို့၏ ကင်းစခန်းများကို တပ်မတော်က ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လိုင်စင်မဲ့ယာဉ်များအား ဝင်ရောက်ရှာဖွေလို၍ ကင်းစခန်းများထဲ ဝင်ရောက်မည် ဆိုပါကလည်း ကြိုတင် သတိပေး ညှိနှိုင်းမှုများ ပြုလုပ်သင့်ကြောင်း ထိုသို့ပြုလုပ်၍မှ ၎င်းတို့ဘက်မှ တစုံတရာ အလေးမထားသည့် အနေအထားဖြင့် တုန့်ပြန်မှှု မပြုလျှင်မှ ဝင်ရောက် စစ်ဆေးမှု ပြုလုပ်သင့်ကြောင်း BGF တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ ယခုတွင် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းနှင့် တပ်မတော်နှင့် BGF တို့ တင်းမာမှုတော့ လျော့ကျသွားပြီဖြစ်ကြောင်း ယနေ့ည ၇ နာရီအချိန်က သတင်းရရှိသည်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အနေဖြင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားရန် စီစဉ်နေလျှက်ရှိကြောင်းလည်း သိရသည်။ The post မြဝတီမြို့တွင် တပ်မတော်နှင့် BGF တို့အကြား တင်းမာမှုဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2IMybHh
via IFTTT

No comments:

Post a Comment