ဂျင်းလက်ဖက်ရည် (Ginger Tea) သောက်သုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၅ ခု မီးဖိုချောင်မှာ အလွယ်တကူရှိပြီး အစားအစာတွေ ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဂျင်းရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းကို လူတိုင်းသိကြမှာပါ။ ကျန်းမာရေးအတွက် အလွန်အသုံးဝင်တဲ့ ဂျင်းလက်ဖက်ရည် ပြုလုပ်ပုံနဲ့ ဂျင်းလက်ဖက်ရည်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ ဂျင်းလက်ဖက်ရည် ပြုလုပ်ပုံ သေချာစွာ ဆေးကြော သန့်စင်ထားတဲ့ ဂျင်းကို ခပ်ပါးပါးလှီးပြီး ရေနွေးခွက်ထဲ ထည့်ပါ။ သံပုရာရည်နဲ့ ပျားရည် အနည်းငယ်ကို ထည့်ပြီးရင် သောက်သုံးလို့ရပါပြီ။ ဂျင်းလက်ဖက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၅ ခု (၁) အခုလို ရာသီဥတု အပြောင်းအလဲမှာ ရုတ်တရက် ဖျားနာခြင်းနဲ့ အအေးမိတာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလို အခါမျိုးတွေမှာ အိမ်လုပ် ဂျင်းလက်ဖက်ရည်ကို သောက်သုံးပေးမယ်ဆိုရင် အအေးမိခြင်း၊ နှာစေးခြင်းနဲ့ ဖျားနာခြင်းတွေကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ (၂) ဂျင်းဟာ အအေးမိခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်အတွက်လည်း ကောင်းမွန်စေနိုင်ပါတယ်။ ဂျင်းဟာ အစာအိမ် အချဉ်ဓာတ်ကို ထိန်းပေးနိုင်ပြီး အစာကို ကြေစေနိုင်တာကြောင့် အစာစားပြီးတိုင်း ဂျင်းလက်ဖက်ရည် သောက်သုံး ပေးသင့်ပါတယ်။ (၃) ဂျင်းမှာ သွေးထဲက အဆီဓာတ်တွေကို လျှော့ချပေးပြီး သွေးတွင်း သကြားဓာတ်ကို ညှိပေးတဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ဝိတ်လျှော့ နေသူများအတွက် ဂျင်းလက်ဖက်ရည်ေ သာက်သုံးပေးခြင်းဟာ အထူးသင့်တော်ပါတယ်။ ကြွက်သား နာကျင်ခြင်းနဲ့ အဆစ်အမြစ်များ ရောင်ရမ်း နာကျင်ကိုက်ခဲခြင်းတွေအတွက်လည်း ဂျင်းလက်ဖက်ရည်ကို သောက်သုံး ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေမှာပါ။ (၄) အမျိုးသမီးများ လစဉ်ကြုံတွေ့နေရတဲ့ နာကျင်ကိုက်ခဲခြင်း ဝေဒနာများကိုလည်း ဂျင်းလက်ဖက်ရည် သောက်သုံး ပေးခြင်းက ပျောက်ကင်းစေနိုင်ပါတယ်။ (၅) ခေါင်းတခြမ်းကိုက်ခြင်း၊ (Morning Sickness) နံနက်ခင်းမှာ မအီမသာ ဖြစ်ခြင်း၊ အူမကြီး ကင်ဆာ၊ မျိုးဥအိမ် ကင်ဆာနဲ့ ဆီးချို ရောဂါကြောင့် အာရုံကြောထိခိုက်ခြင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် ဂျင်းလက်ဖက်ရည်ကို ပုံမှန် သောက်သုံးပေးသင့်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – နွေရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ Ref : timesofindia.indiatimes.com The post ဂျင်းလက်ဖက်ရည် (Ginger Tea) သောက်သုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၅ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2pu6KJn
via IFTTT
No comments:
Post a Comment