၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိကျေးရွာ ၂၁၉ ရွာ၌ ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP)အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၂၁၉ ရွာတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ''၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်ထဲမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၆ မြို့နယ်မှာ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဆောင်ရွက်သွားပါမယ်၊ အဲဒီ ၁၆ မြို့နယ်ထဲက ကျေးရွာ ၂၁၉ ရွာမှာ ဆိုလာမီး စုစုပေါင်း ၁၁၃၃၃ ယူနစ် တပ်ဆင် သွားမှာဖြစ်ပါတယ်၊ NEP ရဲ့ ရည်ရွယ်ချက်ကတော့ လျှပ်စစ်ဓာတ်အား လိုင်းနဲ့ဝေးကွာတဲ့ ကျေးရွာတွေ၊ လျှပ်စစ် မီး ၁၁ ကေဗွီ ဓာတ်အားလိုင်းရှိတဲ့ နေရာ ကနေပြီးတော့ ၁ဝ မိုင်အထက်ဝေးတဲ့ ကျေးရွာတွေနဲ့ လျှပ်စစ်ဌာနရဲ့ ၁ဝ နှစ် အတွင်း မဆောင်ရွက်နိုင်တဲ့ ကျေးရွာတွေ မီးလင်းအောင် ဆောင်ရွက်တာဖြစ်ပါ တယ်''ဟု ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်က ပြောသည်။ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့ တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီး တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွ စသည့် မြို့နယ်များရှိ ကျေးရွာ ၂၁၉ ရွာတွင် ဆိုလာမီးလင်းရေးလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၁၃၃၃ စု ဆိုလာမီးရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။ ''အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်း (NEP) ကို ၂ဝ၁၆-၂ဝ၁၇ မှာ စတင်ဆောင်ရွက်ပါတယ်၊ ကမ္ဘာ့ ဘဏ်ရဲ့အထောက်အပံ့၊ နိုင်ငံတော် ထည့်ဝင်ငွေ၊ ပြည်သူလူထုထည့်ဝင်ငွေ တွေနဲ့ ဆောင်ရွက်ပါတယ်၊ ပြည်သူက ၁ဝ ရာခိုင်နှုန်း၊ နိုင်ငံတော်က ၃ဝ ရာခိုင် နှုန်း၊ ကမ္ဘာ့ဘဏ်က ၆ဝ ရာခိုင်နှုန်း အချိုး အစားအတိုင်း ထည့်ဝင်ပြီး ကျေးရွာတွေ မှာ အိမ်သုံးဆိုလာစနစ်တပ်ဆင်ပါတယ်၊ ဝပ် ၃ဝ၊ ၄၅ ဝပ်၊ ဝပ် ၆ဝ သုံးမျိုး ခွဲပြီးတော့ ဆောင်ရွက်ပါတယ်၊ ဒါက လူထု ထည့်ဝင်ငွေ ၁ဝ ရာခိုင်နှုန်း ပါဝင်ပြီး တော့မှ ဆောင်ရွက်တဲ့ဟာဖြစ်ပါ တယ်၊ အဲဒီအပြင် ပြည်သူတွေအတွက် ထောက်ပံ့ကူညီမှုအဖြစ် လမ်းမီးတွေ၊ စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ဆေးပေးခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သာသနာရေး ဆိုင်ရာအဆောက်အအုံ တွေ၊ အများပြည်သူနဲ့ပတ်သက်တဲ့ နေရာတွေအတွက်ကိုတော့ နိုင်ငံတော် ကနေ တပ်ဆင်ပေး သွားတာဖြစ်ပါတယ်''ဟု ဦးနေထက်ရှိန်က ပြောသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်း ((NEP) ဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ ၅၄၉ ရွာမှ အိမ်ထောင် စု ၃၁၃၆၃ စု ဆိုလာမီးရရှိအောင်ဆောင် ရွက်ခဲ့ကြောင်း၊ ထို့ပြင် အများပြည်သူ နှင့်ပတ်သက်သည့်နေရာများတွင်လည်း ဆိုလာမီး ၄ဝ၉၁ ယူနစ်တပ်ဆင်ပေးခဲ့ ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တွင်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၆၈ ရွာမှ အိမ်ထောင်စု ၄၄၉၂ စုနှင့် အများသုံး ၁၆၆ ခုကို အိမ်သုံး ဆိုလာစနစ် ဝပ် ၆ဝ နှင့် ဝပ် ၁ဝဝ များ မကြာခင်ကာလအတွင်း တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ The Ladies News
Source : http://ift.tt/2Gk4Sgw
via IFTTT
No comments:
Post a Comment