ကစားသမားဘဝတစ်လျှောက် ဟတ်ထရစ်ပေါင်း ၅၀ ပြည့်မြောက်လာခဲ့တဲ့ စီရိုနယ်လ်ဒို ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ဂီရိုနာအသင်းနဲ့ ပွဲစဉ်မှာ ၆-၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယ နေရာကို တက်လှမ်းလာဖို့အတွက် ခြေလှမ်းတွေ ပြန်လည်စတင်လာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရီးရဲလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ဦးဆောင်ဂိုး အပါအဝင် ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အဆိုပါ ဂိုးတွေကိုတော့ ပွဲကစားချိန် ၁၁ မိနစ်၊ ၄၇ မိနစ်၊ ၆၄ မိနစ်နဲ့ မိနစ် ၉၀ အချိန်တွေမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အဆိုပါပွဲစဉ်မှာ ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် ယခုအပတ် ပွဲစဉ်တွေမှာ တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် အင်တာမီလန်က အီကာဒီ၊ လီဗာပူးလ် တောင်ပံကစားသမား ဆာလတ်တို့နဲ့ အတူ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စီရိုနယ်လ်ဒိုဟာ အဆိုပါပွဲစဉ်မှာ ဟက်ထရစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့်လည်း ၎င်းရဲ့ ကစားသမား ဘဝတစ်လျှောက်မှာ ဟက်ထရစ် စုစုပေါင်း ၅၀ ပြည့်မြောက် လာခဲ့ပြီလည်း ဖြစ်ပါတယ်။ အဆိုပါကစားသမားဟာ ၎င်းရဲ့ ဟက်ထရစ်တွေကို ရီးရဲလ်မက်ဒရစ် အသင်းမှာ ၄၄ ကြိမ် အထိ ရယူထားနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းမှာ ၅ ကြိမ်၊ မန်ယူအသင်းမှာ ၁ ကြိမ် ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ စီရိုနယ်လ်ဒိုဟာ ၎င်းရဲ့ ကစားသမား သက်တမ်းတစ်လျှောက်မှာ တစ်ပွဲထဲ ၄ ဂိုးအထိ သွင်းယူခဲ့တဲ့ ပွဲပေါင်း ၉ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပြီး ကစားပွဲတစ်ပွဲတွင် ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပွဲပေါင်း ၂ ပွဲတိတိ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ကစားသမားဟာ ယခုနှစ်ရာသီ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံစုစုပေါင်း ၃၄ ဂိုးအထိ သွင်းယူပေးထားပြီး လာလီဂါပြိုင်ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူထားနိုင်ကာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ပြိုင်ဘက်ကစားသမား မက်ဆီနောက် ဒုတိယနေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်တွင် ဂီရိုနာအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရိုနယ်လ်ဒိုဟာ လာလီဂါတွင် အသင်းပေါင်း ၃၂ သင်းရှိတဲ့ အနက် အသင်းပေါင်း ၃၁ သင်းကို ဂိုးတွေ သွင်းယူထားနိုင်ပြီး လီဂါနက် အသင်းတစ်သင်းတည်းကိုသာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ The Ladies News
Source : http://ift.tt/2FPNSPS
via IFTTT
No comments:
Post a Comment