Saturday, March 24, 2018

The Ladies News

ဦးဝင်းထိန်အား ပါတီတာဝန် သတ်မှတ်ခြင်းမရှိသေး ၊ ပါတီပြောရေး ဆိုခွင့်ရှိသူများ ပြောင်းလဲခန့်အပ် ယနေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဦးဝင်းထိန်အား ပါတီတာဝန် သတ်မှတ်ရေးကို ဆုံးဖြတ်ခဲ့ခြင်းမရှိကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က The Ladies News သို့ ပြောကြားသည်။ “အန်ကယ်ဦးဝင်းထိန်အနေနဲ့ ကျွန်တော်တို့က ပါတီတာဝန်ကို ဘယ်နေရာက ထမ်းဆောင်မယ် ဆိုတာကို ကျွန်တော်တို့အဖွဲ့ကနေပြီး လောလောဆယ် ဆုံးဖြတ်မှု မရှိသေးတဲ့အတွက် သူက လောလောဆယ်မှာ နဂိုတာဝန် အတိုင်းပဲ ရှိတယ်လို့ ကျွန်တော်တို့ မှတ်ယူပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ သြစတြေးလျ နိုင်ငံသို့ သုံးလကြာ သွားရောက်နေထိုင်ခဲ့သော ဦးဝင်းထိန်သည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိင်ငံသို့ ပြန်ရောက်ရှိလာခဲ့သည်။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ဦးဝင်းထိန်က ၎င်း၏ နုတ်ထွက်စာကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျနိုင်ငံတွင် တွေ့စဉ်က တင်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခြင်း မရှိသောကြောင့် ပြန်လာခြင်းဖြစ်သည်ဟု သတင်းမီဒီယာများကို ပြောကြားထားသည်။ သြစတြေးလျနိုင်ငံသို့ မသွားရောက်ခင် အချိန်အထိ ဦးဝင်းထိန်သည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ အဖြစ် ပါတီတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ယနေ့ပြုလုပ်ခဲ့သော ဗဟိုကော်မတီ အစည်းအဝေးတွင် NLD ပါတီ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူများ အဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာမျိုးညွန့်တို့ကို ခန့်အပ်ခဲ့သည်ဟု ဒေါက်တာမျိုးညွန့်ကိုယ်တိုင်က ပြောသည်။ ယခင်က NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူမှာ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းဖြစ်သည်။ ထို့အပြင် ပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်ကလည်း သတင်းမီဒီယာများ၏ မေးမြန်းချက်များကို လက်ခံဖြေကြားပေးခဲ့သည်။ အောင်ရဲနောင် The Ladies News
Source : http://www.theladiesnewsjournal.com/news/sat-2018-03-24-1735/9998
via IFTTT

No comments:

Post a Comment