Tuesday, March 20, 2018

The Ladies News

မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းပေးရန် တရုတ်နိုင်ငံအား `၀`ဦးဆောင်သည့် မြောက်ပိုင်းခုနစ်ဖွဲ့ တောင်းဆို မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းအများကို ဖြေရှင်းပေးရန် တရုတ်နိုင်ငံအား `၀` ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့မှ ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) မှ တောင်းဆိုလိုက်သည်။ တရုတ်အမျိုးသားကွန်ကရက်ကြီးမှ သမ္မတရှီကျင်းဖျင်အား ခေါင်းဆောင်အဖြစ်ထား၍ အစိုးရ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလိုက်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အစိုးရအဖွဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မတ်လ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားခြင်းဖြစ်သည်။ သမ္မကြီးရှီကျင်းဖျင် ဦဆောင်သည့် တရုတ်နိုင်ငံအစိုးရအနေဖြင့် လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း အခက်အခဲ ကြီးမားစွာ ရင်ဆိုင်နေရသည့် အိမ်နီးချင်း မြန်မာနို်င်ငံ၏ နိုင်ငံရေး၊ စစ်ရေးပြသ၁နာကို ဦးဆောင်ဖြေရှင်း ပေးပါရန်နှင့် တရုတ်- မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများအား အထူးအလေးပေး ကူညီဆောင်ရွက်ပေးပါရန် အနူးအညွှတ် တောင်းဆိုတင်ပြရင်း ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ထုတ်ပြန်အပ်ပါသည်ဟု ဖေါ်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာ သုတေသီ ဆရာဦးမောင်မောင်စိုးက ယခုကဲ့သို့ The Ladies News သို့ သုံးသပ်ပြောကြားသည်။ “တစ်ဖက်က ပြောမယ်ဆိုရင်တော့ မြောက်ပိုင်းခုနစ်ဖွဲ့နဲ့ အစိုးရကြားမှာ ကြားဝင် ညှိနှိုင်းပေးနေတာ တရုတ်သံတမန်က ညှိနှိုင်းပေးနေတာ ထင်သာမြင်သာရှိပါတယ်။ ၂၀၁၆ နှစ်ကုန်လောက် ကတည်းက သိသိသာသာ လှုပ်ရှားနေတာလေ။ သူတို့အနေနဲ့ကတော့ အဲဒါကို တောင်းဆိုတာပဲလို့ ပြောရပါမယ်။ ဒါပေမယ့် တစ်ဖက်ကလည်းပဲ ကြေညာချက်မှာ သုံးနှုန်းထားတဲ့ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ကတော့ တရုတ်ကို မှီခိုလွန်းတယ်လို့ ဆိုတဲ့ ဝေဖန်ပုပ်ခတ်မှုတွေတော့ ရှိနိုင်ပါတယ်။ တရုတ်ကို မှီခိုလွန်းတယ်လို့ ဝေဖန်မှုတွေလည်း သူတို့ကြုံရနိုင်ပါတယ်။ တစ်ဖက်ကလည်း လက်ရှိငြိမ်းချမ်ရေးမှာ တရုတ်ဝင်ညှိပေးမှပဲ အဆင်ပြေလိမ့်မယ်ဆိုတဲ့ အနေအထားမျိုး ရောက်နေတဲ့ အချိန်မှာ သူတို့အနေနဲ့ ဒီကြေညာချက် ထွက်လာတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်” ဟု ပြောကြားသည်။ `၀` ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် သတင်းထုတ်ပြန်ခြင်း မရှိသော အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်ထားသည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ သို့သော်လည်း `၀`အဖွဲ့ကမူ အစိုးရနှင့် တပ်မတော်တို့က လက်ခံရန် လိုလားနေသော NCA စာချုပ်အား လက်မခံကြောင်းကို အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ကို အကြောင်းပြုကာ အတိအလင်း သတင်းထုတ်ပြန်ထားသည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့သည်လည်း တပ်မတော်နှင့် စစ်ရေးတင်မာမှုများ ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကိုမူ မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ အောင်ရဲနောင် The Ladies News
Source : http://ift.tt/2GKNtvk
via IFTTT

No comments:

Post a Comment