Sunday, October 9, 2016

7Day TV

နောင်မွန်ရှမ်းဆန် ထွက်တဲ့ဒေသက ရှမ်းရိုးရာ လှေပြိုင်ပွဲ အောက်တိုဘာ - ၉၊ ၂၀၁၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ပုံးအင်းကျေးရွာဒေသမှာ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက စတင်ပြီးတော့ ရှမ်းရိုးရာ လှေပြိုင်ပွဲကို ကျင်းပနေပါတယ်။ ရှမ်းရိုးရာ အယူအဆအရ လှေဆိုတာဟာ စပါးသယ် ပေါင်းရှင်း အထောက်အကူပြုနေတဲ့ အရာဖြစ်နေတာကြောင့် ရှေးရိုးရာ ဓလေ့အရ ကျင်းပတာဖြစ်တယ်လို့ ပွဲကျင်းပရေး ကော်မတီက ပြောပါတယ်။ လှေပြိုင်ပွဲမှာ ကျေးရွာ အသီးသီးက ပြိုင်ပွဲဝင် လှေတစ်ရာကျော် ပါဝင်ယှဉ်ပြိုင်နေပြီး ဒီနှစ်လှေပြိုင်ပွဲ ကျင်းပတာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အောက်တိုဘာ ၈ရက်နေ့နဲ့ ၉ရက်နေ့ နစ်ရက်တိုင်တိုင် ဒီရိုးရာလှေပြိုင်ပွဲကို ကျင်းပနေတာဖြစ်ပါတယ်။ (တောင်ကြီးသတင်းထောက် ဂျွန်ချစ်ငြိမ်း ရိုက်ကူးတင်ဆက်ထားပါတယ်။) #ရှမ်းပြည်နယ်တောင်ပိုင်း #ဟိုပုံးမြို့နယ် #ရှမ်းရိုးရာလှေပြိုင်ပွဲ #နောင်မွန်ရှမ်းဆန် #LocalNews #7DayNews #7DayTV (7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)
Source : http://ift.tt/2cZYA7V
via IFTTT

No comments:

Post a Comment