Wednesday, October 12, 2016


ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် ဗိုလ်လောင်း အချင်းချင်း ဆုံးမရာမှ လက်လွန်သေဆုံးသွားခဲ့မှုနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သူကို စစ်ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိပြီး စစ်စည်းမျဉ်း ဥပဒေများနှင့် အရေးယူသွားမည် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် အောက်တိုဘာ ၇ ရက်က ဗိုလ်လောင်းအချင်းချင်း ဆုံးမရာမှ လက်လွန်သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သူကို စစ်ခုံရုံးဖွဲ့စစ်ဆေးလျက်ရှိပြီး စစ်စည်းမျဉ်း ဥပဒေများနှင့် အရေးယူသွားမည် ဖြစ်ကြောင်း စစ်တက္ကသိုလ် လေ့ကျင့်ရေးဌာနမှ စုံစမ်းသိရသည်။ အောက်တိုဘာ ၇ ရက်က ပြင်ဦးလွင်စစ်တက္ကသိုလ် အမှတ်စဉ် (၆၀) ဘုရင့်နောင်တပ်ခွဲမှ ဒုတိယနှစ် ဗိုလ်လောင်း ကျောင်းသားအား တတိယနှစ် ဗိုလ်လောင်း ကျောင်းသားဖြစ်သူ ဗိုလ်လောင်း ဇွဲမာန်အောင်က ထိုးကြိတ်ခဲ့သဖြင့် ရင်ဘတ်ထိခိုက်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ကနဦးဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။ “လက်ရှိကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ခုံရုံးဖွဲ့ပြီး စစ်ဆေးနေပါတယ်။ စစ်စည်းကမ်း ဥပဒေတွေနဲ့အညီ အရေးယူသွားမှာပါ” ဟု စစ်တက္ကသိုလ်မှ တပ်မတော်အရာရှိ တစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက် ညနေပိုင်း သင်တန်းပြီးဆုံးချိန်တွင် သေဆုံးခဲ့သူ ဗိုလ်လောင်း အောင်ညီညီဇော်အား ဗိုလ်လောင်း ဇွဲမာန်အောင်က အခန်းသန့်ရှင်းရေး လုပ်ဆောင်ထားရန်အတွက် လူကြုံဖြင့်မှာခဲ့ကြောင်း၊ ယင်းသို့ လူကြံုဖြင့် မှာကြားခဲ့သော်လည်း အဆိုပါလူကြံုက ပြောဆိုခဲ့မိခြင်း မရှိသဖြင့် အခန်းသန့်ရှင်းရေး လုပ်ဆောင်ထားခြင်း မရှိသဖြင့် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့ရာ ဗိုလ်လောင်း အောင်ညီညီဇော်မှာ သတိလစ် မေ့မျောသွားကာ အခင်းဖြစ်နေရာ၌တွင် သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ မိသားစုဝင်များ၏ ပြောကြားထားမှုအား ဧရာဝတီ သတင်းဌာနက ဖော်ပြထားမှုအရ သိရသည်။ ထို့အပြင် ဗိုလ်လောင်း အောင်ညီညီဇော် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ Zanwa Dy Facebook account တွင် ‘ကူညီပြီးရှယ်ပေးကြ ပါ ၇-၁၀-၂၀၁၆ စစ်တက္ကသိုလ် အမှတ်စဉ် (၆၀) ဒုတိယနှစ် ဗိုလ်လောင်း အောင်ညီညီဇော် (အဖ ဦးခင်ဇော်ဝင်း အမိဒေါ်ခင်စန်းလွင်) အား ကြီးနိုင်ငယ်ညှဉ်းပြီး ဝမ်းဗိုက်အား လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်ခြင်းကြောင့် ရုတ်တရက် သေဆုံးခဲ့ခြင်းကြောင့် ထိုကိစ္စကို တရားဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ပေးပါလို့ အုပ်ချုပ်သူ အစိုးရကို တောင်းဆိုပါတယ်။ အောက်မှာ ပူဆွေးသောကနဲ့ ရင်နဲ့မဆံ့အောင် ခံစားနေရတဲ့ အဖေ အမေနဲ့ ဆွေမျိုးများနဲ့ ဗိုလ်လောင်း အောင်ညီညီဇော်ရဲ့ စျာပနမြင်ကွင်းတွေပါ’ ဟု ယင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အဆိုပါဗိုလ်လောင်း သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ရေးသားထားသည်ကို တွေ့ရသည်။ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအချင်းချင်း ဆုံးမရာမှ လက်လွန်သေဆုံး သွားခဲ့သူ ဗိုလ်လောင်း အောင်ညီညီဇော်မှာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် အတွင်းမှဖြစ်ပြီး ထိုးကြိတ်ဆုံးမခဲ့သူ ဗိုလ်လောင်း ဇွဲမာန်အောင် မှာ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အတွင်းမှ ဖြစ်ကြောင်း သိရသည်။ စစ်တက္ကသိုလ် အတွင်းရှိ ဗိုလ်လောင်းများအကြား Senior Junior အုပ်ချုပ်မှုစနစ်တွင် အပြစ်ပေးမှုများ ပြုလုပ်ပါက ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန် အတွက်သာ အပြစ်ပေးပိုင်ခွင့်ရှိပြီး ရိုက်နှက်ခြင်း၊ လက်သီးဖြင့်ထိုး၍ ဆုံးမခြင်းများ လုံးဝပြုလုပ်ခွင့် မရှိကြောင်း စစ်တက္ကသိုလ် နည်းပညာဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။ ယင်းအပြင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း အတွင်းက စစ်တက္ကသိုလ် ကျောင်းသားအချင်းချင်း ထိုးကြိတ်၍ ကြမ်းတမ်းစွာ အပြစ်ပေးနေသည့် ဗွီဒီယိုဖိုင်တစ်ခုမှာ လူမှုကွန်ရက် စာမျက်နှာများထက်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်တက္ကသိုလ် ကျောင်းသားအချင်းချင်း ထိုးကြိတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ည ၁၀ နာ ရီနောက်ပိုင်း၌ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ ခိုင်းစေခြင်း၊ အပြစ်ပေးခြင်းများ လုပ်ဆောင်ခွင့် မရှိစေရဟု အမိန့်စာတစ်ရပ် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း စုံစမ်းသိရသည်။
Source : http://ift.tt/2dbJHe8
via IFTTT

No comments:

Post a Comment