၉၅ မော်ဒယ်အောက် ခရီးသည်တင် ဘတ်စ်များ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပါက လူစီးယာဉ်စလစ် ထုတ်ပေးရန် စီစဉ်နေဟုဆို ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များကို ကညနတွင် ယာဉ်အိုယာဉ်ဟောင်းအ ဖြစ် အပ်နှံပါက လူစီးယာဉ်စလစ်ထုတ်ပေးမည်ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင် ခရီးသည် တင် ယာဉ်စီးရေ ၇,၀၀၀ ကျော်ရှိ သည့်အနက် ၁၉၉၅ မော်ဒယ်အောက် ယာဉ်စီးရေ ၁,၄၀၀ ကျော်ရှိ၍ အဆိုပါကားများကို စလစ်ထုတ်ပေးနိုင်ရန် ကညနနှင့် ညှိနှိုင်းနေကြောင်း YRTA ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောသည်။ ‘‘အရင်တုန်းကတော့ ဘတ်စ်အပ်ရင် ဘတ်စ်ပဲ ပြန်သွင်းရတဲ့ စလစ်ထုတ်ပေးတယ်။ ဒါပေမဲ့ အခုဘတ်စ်အပ်ရင် လူစီးစလစ် ထုတ်ပေးမယ်ဆိုတဲ့ သဘောကို ညှိနှိုင်းနေတာပါ’’ဟု ဒေါက်တာ မောင်အောင်က ပြောသည်။ လက်ရှိ ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ဘတ်စ်ကားများ၏ သက်တမ်း ကြာမြင့်နေခြင်း ကြောင့် အဆိုပါအစီအစဉ်ကို လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ‘‘ကျွန်တော်တို့ဆီကိုတော့ ဒီ နေ့အထိ ၁၉၉၅ အောက် ဘတ်စ် တွေကို လူစီးစလစ်ထုတ်ပေးရ မယ်ဆိုပြီး သီးသန့်ညွှန်ကြားထား တာတော့ မရှိသေးဘူး။ အပေါ် ပိုင်းကြီးကော် (မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ)မှာတော့ ဒီကိစ္စကို ညှိ နေတယ်’’ဟု နေပြည်တော် ကည နမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။ လက်ရှိပြေးဆွဲနေသော ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ မော်ဒယ် City Bus ယာဉ်များကိုလည်း အ ချိန်အတိုင်းအတာတစ်ခုအထိ အများပိုင် ယာဉ်လိုင်းများတွင် ပြေးဆွဲခွင့်ပြုရန် YRTA က ယာဉ်ပိုင်ရှင်များကို ကတိပေးပြောဆိုထား ပြီးဖြစ်သည်။ ‘‘စလစ်ထုတ်ပေးမယ်လို့ သာ ပြောတယ်။ လူစီးစလစ်ဆို တာ ဘယ်လိုပုံစံမျိုးနဲ့ ခွင့်ပြုမှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်းမသိရ သေးဘူး။ အထက်ကိုတင်ပြရဦး မယ်လို့တော့ ပြောတယ်။ ပြည်ပ ကနေ ယာဉ်ပိုင်ရှင်တွေ ကားအသစ် ဝယ်သွင်းဖို့ကိုလည်း ဘဏ် ချေးငွေပေးမယ်ဆိုတာ ဒီနေ့အထိ ဘာမှန်းမသိရသေးဘူး’’ဟု ၂၂၆ ယာဉ်လိုင်း ယာဉ်ပိုင်ရှင် ဦးဟန်စိုး က ပြောသည်။
Source : http://ift.tt/2ecnHoc
via IFTTT
No comments:
Post a Comment