ရန်ကုန်မြို့၏ မြေအောက်ရေသုံးစွဲမှု ၂ဝ၂၅ တွင် ရပ်တန့်မည် ၂ဝ၂၅ ခုနှစ်တွင် မြေအောက်ရေသုံးစွဲမှုကို ရပ်တန့်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှုဌာန) ဒုတိယဌာနမှူး ဦးမျိုးသိမ်းက လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပင်မစီမံချက်အရ ၂ဝ၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၈ ဒသမ ၅ သန်းအတွက် ရေဂါ လန်ပေါင်း ၅၂၅ သန်းလိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့အတွက်ဖြန့်ဝေပေးနိုင်သည့် ပမာဏမှာ ဂါလန် ၂ဝ၅ သန်းသာရှိပြီး ၎င်းတွင် မြေအောက်ရေဂါလန် ၁၆သန်းပါဝင်သည်ဟု ဆိုသည်။ လက်ရှိတွင် နေ့စဉ်ရေဂါလန်သန်း ၃ဝ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖြန့်ဝေပေးလျက်ရှိသည်။ ၂ဝ၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့တစ်ခုလုံးအတွက် ရေဂါလန်သန်း ၅ဝဝ ကျော်လိုအပ်မည်ဖြစ်ရာ ရေအရင်းအမြစ်သစ်ကို လေ့လာနေဆဲဖြစ်သည်ဟု ဆိုသည်။
Source : http://ift.tt/2dbzxPz
via IFTTT
No comments:
Post a Comment