Wednesday, October 12, 2016


လမ်းမတော်မြို့နယ် ဂျန်းရှင်းမော်တင် ရှေ့တွင် ကျည်ဆံများတွေ့ ရန်ကုန်၊ အောက်တိုဘာ ၁၂ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၇ လမ်းနှင့် ၈ လမ်းကြား အနော်ရထာလမ်းမပေါ် ဂျန်းရှင်းမော်တင် အရှေ့ရှိ အမှိုက်ပုံးအနီးတွင် လာရောက်စွန့်ပစ် ထားသည့် သေတ္တာဟောင်းတစ်လုံးအတွင်းမှ ကျည်ဆံများ ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက် ၁၀ နာရီက တွေ့ရှိခဲ့ကြောင်း လမ်းမတော်မြို့မ ရဲစခန်းထံမှ သိရသည်။ "သေတ္တာကို ချကိုက်စားထားလို့ ဟောင်းနေတဲ့အတွက် မိသားစုတွေက စစ်ဆေးခြင်းမရှိဘဲ လာရောက်စွန့်ပစ်သွားတာပါ။ လာပစ်တဲ့အိမ်က ဗိုလ်မှူးအငြိမ်းစားတစ်ဦးအိမ်ကလို့ သိရပါတယ်။ သေတ္တာထဲမှာ ဆိုင်ကယ်ဦးထုတ် နှစ်လုံးနဲ့ မီးပူတစ်လုံးပါ တွေ့တယ်" ဟု အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ပြောကြားသည်။
Source : http://ift.tt/2erewAr
via IFTTT

No comments:

Post a Comment