Friday, October 14, 2016


ဘိုကိုဟာရမ်တို့က ချီဘော့မိန်းကလေး ၂၁ ဦးကို ပြန်လွှတ်ပေးခဲ့သဖြင့် ကျန်မိန်းကလေးများ လွတ်မြောက်ရန် မျှော်လင့်ချက် မြင့်တက် ဘိုကိုဟာရမ် ဂျီဟတ်အဖွဲ့သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ချီဘော့မြို့မှ ၎င်းတို့ ဖမ်းဆီးခဲ့ကြသည့် ကျောင်းသူ ၂၀၀ ကျော်အနက် ၂၁ ဦးကို အောက်တိုဘာ ၁၃ ရက်က ပြန်လွှတ်ပေး လိုက်သည်ဟု နိုင်ဂျီးရီးယား အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ ထို့ကြောင့် ကျန်သော ကျောင်းသူများပါ ပြန်လည်လွတ်မြောက်လာရန် မျှော်လင့်ချက်များ မြင့်တက်လာခဲ့ကြသည်။ နိုင်ဂျီးရီးယား ဒုတိယ သမ္မတ ယီမီအိုစင်ဘာဂျိုသည် မြို့တော်အဘူဂျာတွင် ၀မ်းမြောက်ပျော်ရွှင်စွာဖြင့် ပြန်လွတ်လာသည့် မိန်းကလေးများနှင့် တွေ့ဆုံခဲ့ပြီးနောက် “ဒါဟာ တစ်နိုင်ငံလုံးအတွက် အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းပါပဲ။ ပြန်လွတ်လာတဲ့ မိန်းကလေး ၂၁ ဦးဟာ ကျန်းမာရေး ကောင်းမွန်ကြတဲ့အတွက် သူတို့ နေထိုင်ခဲ့ရတဲ့ အခြေအနေကို ခန့်မှန်းနိုင်ပါတယ်” ဟု ဒုသမ္မတက ပြောကြားခဲ့သည်။ ဒုသမ္မတရုံးက ပြန်လွတ်လာသော မိန်းကလေးများ၏ အမည်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနက် မိန်းကလေး တစ်ဦးသည် ကလေးတစ်ဦးအား ချီထားသည်ကိုလည်း တွေ့ရသည်။ ဆက်လက်ဖတ်ရှုရန်
Source : http://ift.tt/2edtbLC
via IFTTT

No comments:

Post a Comment