Saturday, October 8, 2016

တပ်မတော်က ကေအိုင်အေ တပ်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် - DVB

တပ်မတော်က ကေအိုင်အေ တပ်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် အောက်တိုဘာ ၇ ရက်နေ့က မြန်မာ့တပ်မတော်က ကေအိုင်အေ တပ်စခန်းကို တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ KIA တပ်ရင်း ၂၅၂ ထိန်းချုပ်ထားတဲ့ အင်ခရန် တောင်ကုန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ တပ်မတော်တိုက်လေယာဉ် ၄ စင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ “မနက် ၈ နာရီခွဲကျော်ချိန် အင်ခရန်ဘူ ကောအိုင်အေတပ်ရင်း ၂၅၂ တပ်စွဲထားတဲ့နေရာမှာ တပ်မတော်ဘက်က လေကြောင်းစစ်ဆင်ရေး လုပ်တာ ရှိပါတယ်။ ဂျက် ဖိုက်တာ ၄ စင်းလာပြီး ဗုံးတွေကြဲတာ စက်သေနတ်နဲ့ ပစ်တာ စစ်ဆင်ရေးလုပ်တာ ရှိပါတယ်။” အဲ့ဒီတောင်ကုန်းကို သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလတို့မှာ ၃ လ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး တပ်မတော်အနေနဲ့ ကေအိုင်အေတပ်စခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုဟန် ရှိတယ်လို့လည်း သူက ပြောပါတယ်။ မြေပြင်တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိတဲ့အတွက် လေကြောင်းက တိုက်ခိုက်တာဖြစ်နိုင်ပြီး ကချင်ဘက်ကို တပ်မတော်တပ်ရင်းတွေ အလုံးအရင်းနဲ့ အင်အား တိုးချဲ့နေတာတွေလည်း ရှိတယ်လို့ ဒေသတွင်း စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ ဥရောပသမဂ္ဂကလည်း မြန်မာပြည်တွင်း တိုက်ပွဲများ ပိုပြီးပြင်းထန်လာတဲ့အတွက် အလွန်အမင်း စိတ်ပူမိကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်နေခြင်း ဟာ ထိခိုက်လွယ်တဲ့ ဒေသခံများရဲ့ ဘဝများကို အန္တရာယ်ရောက်စေရုံမျှမက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်ရန် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုကိုလည်း အားနည်းစေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA တရားဝင် သက်သေတစ်ဦးဖြစ်တဲ့ ဥရောပသမဂ္ဂအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းရန်နှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုသို့ ပြန်သွားရန် တောင်းဆိုလိုက်ပါတယ်။
Source : http://ift.tt/2dA5gLE
via IFTTT

No comments:

Post a Comment