Tuesday, October 11, 2016


အာရှရဲ့ အနာဂါတ် တရုတ်ဘီလျံနာ Jack Ma ဟောကိန်းထုတ် တရုတ်ဘီလျံနာ သူဌေးကြီး Jack Ma က အွန်လိုင်းနဲ့ အင်တာနက်ကို အခြေခံတဲ့ ငွေကြေးလည်ပတ်မှုတွေ ကြောင့် လာမည့် နှစ် ၃၀ဟာ အာရှအတွက် အရေးကြီးပြီး၊ အဆုံးအဖြတ်တွေပေးမှာဖြစ်ကြောင်း မနေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (ACD) မှာပြောဆိုလိုက်ပါတယ်။ မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေ အပါအဝင် ACD ကွန်ဖရင့်ကို တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်များ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ Alibaba ကုမ္ပဏီကြီးကို တည်ထောင်ကာ အွန်လိုင်းနဲ့ E- Commerce လုပ်ငန်းကို လုပ်ကိုင်ပြီး ဒေါ်လာဘီလျံ နဲ့ချီပြီး ချမ်းသာခဲ့တဲ့ Jack Ma က နည်းပညာတော်လှန်ရေးဟာ နှစ်ပေါင်း ၅၀လောက် သက်တမ်းရှိမှာဖြစ်ပြီး ပထမအနှစ် ၂၀ ကတော့ technological နဲ့ ပတ်သက်တဲ့ ဗဟုသုတကို လေ့လာစူးစမ်းတဲ့ ကာလဖြစ်ခဲ့ကြောင်း နှောင်လာမယ့် နှစ် ၃၀ ကတော့ ဒီ technological inclusion လို့ခေါ်တဲ့ အားလုံးပါဝင် ပေါင်းစပ်ရေးပဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Jack Ma က ကမ္ဘာကျော် Silk Road ကို တင်စားပြီး E-Road ဆိုတဲ့ စကားကိုသုံးခဲ့ပြီး စီးပွားရေးလုပ်ငန်း သေး လေးတွေလည်း ကြီးပွားတိုးတက်ဖို့ ကူညီရန်လိုကြောင်း၊ သူ့ရဲ့Alibaba ကုမ္ပဏီဟာ အလုပ်အကိုင်ပေါင်း သန်း ၃၀ ကျော် ကို တရုတ်နိုင်ငံမှာ ဖန်တီးပေးခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာမှာ အာရှဟာ အကြီးမားဆုံး စျေးကွက်ဖြစ်တဲ့ အတွက် Asian Community ကို ပေါင်းစည်းပြီး အနာဂါတ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နိုင်ဖို့လိုကြောင်း ပြောကြားသွားခဲ့ပါတယ်
Source : https://goo.gl/mGRK88
via IFTTT

No comments:

Post a Comment