နိုင်ငံပိုင်ဂြိုဟ်တုကို ကန်ဒေါ်လာ သန်း ၁၅၀ ကျော် အကုန်ကျခံလွှင့်တင်မည် အမေရိကန်အခြေစိုက် ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ Intelsat နှင့် ပူးပေါင်း၍ Myan-mar Sat ဂြိုဟ်တုကို ကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း အသုံးပြု၍ လွှင့်တင်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။ ၁၅ နှစ် သက်တမ်းရှိသည့် Myanmar Sat ဂြိုဟ်တုအတွက် ကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ရင်းနှီးမြှုပ်နှံပြီး ရှစ်နှစ်ကြာကာလ ၌ အရင်းကျေမည်ဟု ခန့်မှန်းထား ကြောင်း၊ Intelsat နှင့် မပူးပေါင်း ဘဲ ကိုယ်ပိုင်လွှင့်တင်ပါက ကန် ဒေါ်လာ သန်း ၅၀၀ အထိ ကုန်ကျ နိုင်ကြောင်း ဦးသန့်စင်မောင်က ပြောသည်။ Intelsat ကုမ္ပဏီနှင့် မြန်မာ နိုင်ငံအကြား ဆွေးနွေးမှုအရ ၂၀၁၉ ဇွန်လတွင် လွှင့်တင်မည့် ဂြိုဟ်တု၌ မြန်မာနိုင်ငံသည် Transponder အနေဖြင့် C-Band ၁၂ ခုနှင့် KU-Band ၁၂ ခု ပိုင်ဆိုင်မည်ဖြစ်သည်။ ‘‘ဝန် ကြီးဌာနတွေ၊ ကုမ္ပဏီတွေအနေ နဲ့ ဂြိုဟ်တုကို ဈေးပေါပေါနဲ့ သုံး လာနိုင်တော့မှာပါ’’ဟု ဂြိုဟ်တု ဆက်သွယ်ရေးအင်ဂျင်နီယာချုပ် ဦးဝင်းအောင်ကပြောသည်။ ‘‘ခုနစ်နှစ်လောက် အခမဲ့သုံးရမယ်ဆိုတော့ ဒီနည်းလမ်းကို စဉ်းစားတာပါ။ ဒါပေမဲ့ ပိုက်ဆံချေတဲ့ နည်းလမ်းကျတော့ လုံးခနဲ မပေးနိုင်ဘူးလေ။ ညှိရဦးမှာပေါ့။ ဘတ်ဂျက်အခြေအနေ ကလည်း ရှိသေးတယ်။ သုံးချင်တိုင်း သုံးလို့မရဘူး’’ဟု ဦးသန့် စင်မောင်ကပြောသည်။ မြန်မာအမည်ဖြင့် အသစ် လွှင့်တင်မည့် ကိုယ်ပိုင်ဂြိုဟ်တု၏ ဆက်သွယ်ရေးစနစ်ကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးက အများ ပြည်သူသို့ ပြန်လည်ရောင်းချရန် စီစဉ်ထားပြီး ဂြိုဟ်တုလွှင့်တင်ရာ ၌ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ရေးနှင့် ပြန်လည်ရောင်းချနိုင်ရေး မြန်မာ နိုင်ငံပိုင် ဂြိုဟ်တုတည်ထောင်ရေး လုပ်ငန်းကော်မတီကို ဇန်နဝါရီအတွင်း ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ သည် ကိုယ်ပိုင်ဂြိုဟ်တုမရှိသေး ၍ Intelsat ၏ လွှင့်တင်ပြီးသား ဂြိုဟ်တုမှ KU Transponder သုံးခုနှင့် C Transponder ခုနစ်ခု တို့ကို ၂၀၁၆ မေလက ငါးနှစ် သက်တမ်းဖြင့် ငှားရမ်းအသုံးပြုခဲ့ သည်။ မြန်မာအစိုးရသည် ငှား ရမ်းထားသည့် ဂြိုဟ်တုဆက် သွယ်ရေးကို ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများအား 1MHz ပမာဏကို ငါးနှစ်စာချုပ်ဖြင့် အသုံးပြုပါက တစ်လလျှင် ဒေါ်လာ ၁,၂၀၀၊ သုံးနှစ်စာချုပ်ဖြင့် အသုံးပြုပါက ဒေါ်လာ ၁,၃၀၀၊ တစ်နှစ်စာချုပ်ဖြင့် အသုံးပြုလိုပါက ဒေါ်လာ ၁,၅၀၀ ဖြင့် ပြန်လည်ငှားရမ်းခြင်းဖြစ်သည်။ အစိုးရအနေဖြင့် ဂြိုဟ်တုဝန်ဆောင်မှုကို 1MHz ပမာဏအတွက် ၉၅၀ ဒေါ်လာဖြင့် ငှားရမ်းပေးခြင်း ဖြစ်သော်လည်း ကုမ္ပဏီများက ဒေါ်လာ ၁,၂၅၀ ခန့်ဖြင့် ပြန်လည်ငှားရမ်းနေ ကြောင်း ဦးသန့်စင်မောင်ကပြော သည်။ မြန်မာနိုင်ငံသည် ဂြိုဟ်တု နှင့် ပတ်သက်၍ Vina Sat (ဗီယက် နမ်)၊ Asia Sat (ဟောင်ကောင်)၊ Intelsat (အမေရိကန်)နှင့် Thaicom (ထိုင်း)တို့မှ ရယူအသုံးပြုနေခဲ့သော်လည်း Intel-sat က ဂြိုဟ်တုဆက်သွယ်ရေး ငှားရမ်းခဲ့သည့်နောက် အဆိုပါဂြိုဟ်တုတစ်ခုတည်း ပြောင်းလဲ အသုံးပြုလာခဲ့သည်။
Source : http://ift.tt/2sv58mM
via IFTTT
No comments:
Post a Comment