မဘသဆိုင်းဘုတ် ဖြုတ်ချရေး အင်အားသုံးမည် မဟုတ်ဟု ကရင်ပြည်နယ် အစိုးရဆို 15-Jul-2017 tagged as မဘသ ဘားအံ၊ ဇူလိုင် ၁၅ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) ဆိုင်းဘုတ်ဖြုတ်ချရေးကို အင်အားသုံး လုပ်ဆောင်သွားမည် မဟုတ်ဘဲ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်သွားမည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။ မဟန၏ မေလ ၂၃ ရက် ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထား၍ မဘသ ဆိုင်းဘုတ်များ ဖြုတ်ချရန် အသိပေးခဲ့ရာ ဘားအံမြို့နှင့် မန္တလေးမြို့နယ်မှလွဲ၍ ဆိုင်းဘုတ်များ ဖြုတ်ခဲ့သည်။ “သာသနာရေးဌာန အနေနဲ့ စောင့်ကြည့်နေတယ်၊ ထိပ်တိုက်တွေ့ဆုံမှု လမ်းကြောင်းက သွားမှာတော့ မဟုတ်ဘူး၊ သူတို့ကတော့ ထိပ်တိုက် ရင်ဆိုင်ဖို့ တာစူနေကြတယ်၊ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ” ဟု ပြည်နယ်သာသနာရေးနှင့် မွန်တိုင်းရင်းသားဝန်ကြီး ဦးမင်းတင်ဝင်းက ပြောကြားသည်။ မန္တလေးနှင့် ဘားအံရှိ မဘသဆိုင်းဘုတ်များကို ဖြုတ်ချမည် မဟုတ်ဘဲ အကြမ်းဖက် လုပ်ဆောင်လာပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာအရပ်ရပ်သည် အစိုးရ၏ တာဝန်သာ ဖြစ်သည်ဟု မန္တလေးအခြေစိုက် မဘသအဖွဲ့က ဇူလိုင်လ ဒုတိယပတ်တွင် သဘောထား ထုတ်ပြန်ထားသည်။
Source : https://goo.gl/QneRgV
via IFTTT
No comments:
Post a Comment