Saturday, November 25, 2017


ဆိုင်ကယ် ဝါသနာအိုးများ နှစ်သက်မယ့် ဟာလေးဒေးဗစ်ဆင်ရဲ့ 2018 Softail Breakout 114 မော်ဒယ် အမေရိကန် အခြေစိုက် Harley-Davidson ကတော့ တခြား ဆိုင်ကယ် ကုမ္ပဏီတွေက Sportbike တွေ Dual-Purpose တွေလို ပြိုင်ပွဲဝင် ဆိုင်ကယ်တွေ ထုတ်လုပ်နေပေမယ့် သူကတော့ Cruiser တွေကိုပဲ စွဲစွဲမြဲမြဲ ထုတ်လုပ်နေတာတွေ့ရပါတယ်။ Cruiser တွေထဲကမှ ကိုယ်ထည် အရွယ်အစားနဲ့ ဒီဇိုင်းမျိုးစုံကို ရွေးချယ်နိုင်စရာ များပြားအောင် ထုတ်လုပ်နေပြီး Harley ရဲ့ ၂၀၁၈ ခုနှစ် မော်ဒယ် အဖြစ် ထုတ်လုပ်ရောင်းချလာတဲ့ Softail Breakout 114 အကြောင်းကို ပြောပြပါမယ်။ ပြည်တွင်းမှာ Harley အသင်းတွေ ရှိနေတဲ့ အထိ Harley ရဲ့ ပရိတ်သတ် အခိုင်အမာ ရှိနေသလို လူကြိုက်လည်း များတယ်။ ပြီးတော့ ဆိုင်ကယ်က ကားတွေလို လိုင်စင် အရမ်း မခက်တော့ လူတိုင်း သဘောကျတယ် ဆိုရင် မှာယူ စီးနင်းနိုင်မှာ ဖြစ်လို့ အခု မော်ဒယ်ကို လေ့လာကြည့်ဖို့ပဲ လိုအပ်ပါတော့တယ်။ ဒီမော်ဒယ်ကို အမေရိကန်မှာပဲ တပ်ဆင်ထုတ်လုပ်တယ် လို့ သိရပြီး ဥရောပရော အာရှ ဈေးကွက်ကိုပါ တင်ပို့ရောင်းချနေတယ် လို့ သိရပါတယ်။ အင်ဂျင်က V Twin အမျိုးအစားပါ၊ ကားတွေထဲက ပြိုင်ကားတွေမှာ တပ်ဆင် အသုံးပြုတဲ့ အင်ဂျင်စနစ်မျိုး ဖြစ်ပါတယ်။ အင်ဂျင် အရွယ်က ၁၉၀၀ စီစီသုံး အရွယ်ပါ။ တော်ရုံ ကားတွေရဲ့ အင်ဂျင်တွေကို ခေါက်ထားလို့ ရလောက်အောင် ကြီးမားပါတယ်။ အလွယ်ဆုံး ပြောရရင် ပြည်တွင်းမှာ လူကြိုက်များ ၁ ဒသမ ၅ လီတာသုံး ကားတွေရဲ့ အင်ဂျင်ထက် အရွယ် ပိုကြီးသေးတာ ဖြစ်ပါတယ်။ အင်ဂျင်စက်နှိုး စနစ်က လျှပ်စစ်နဲ့ လာပါတယ်၊ ဂီယာက ၆ ချက်သုံး ဖြစ်ပါတယ်။ ပုံမှန် Manual စနစ်နဲ့ ဖြစ်ပြီး ထူးခြားချက်က Clutch စနစ်မှာ Slipper စနစ်နဲ့ ဖြစ်လို့ ဂီယာချက် တချက်ကနေ နောက်တချက် ပြောင်းလဲ မောင်းနှင်ရမှု အပိုင်းမှာ မြန်ဆန် တယ်၊ မြန်နှုန်းမြင့် မောင်းနှင်ချိန်တွေမှာ ကလပ်စနစ်က Free ရိုက်လို့ လွယ်အောင် အထိုင်ပုံစံနဲ့ လာတယ်၊ အမြန်နှုန်း လျော့ချမှုမှာ ဘရိတ်တခုတည်း ကနေ အားမယူပဲ ကလပ်ကနေပါ ကူညီ ထိန်းချုပ်ပေးနိင်အောင် ဖန်တီးထားတာတွေက သဘောကျစရာ ကောင်းပါတယ်။ ဘီးတွေကတော့ ရှေ့ဘီးတွေက 130/60 R21 63H ဖြစ်ပြီး နောက်ဘီးတွေက 240/40 R18 79V ကို တပ်ဆင်ထားပါတယ်။ လက်ကိုင် မြင့်မြင့်နဲ့ ထိန်းချုပ်မောင်းနှင်ရမှု ပိုမို တည်ငြိမ်အောင် နောက်ဘီး အရွယ်အစားကို သေးထားတာ ဖြစ်ပြီး ရှေ့ဘီးက ၂၁ လက်မ ဖြစ်ပေမယ့် နောက်ဘီးကတော့ ၁၈ လက်မပဲ ရှိပါလိမ့်မယ်။ ဒါက ခရီးဝေး မောင်းနှင်မှုမှာ မောင်းနှင်သူကို ခါးကိုင်းပြီး မောင်းနှင်ရမှုကို ကင်းလွတ်စေပြီး အချိန်ကြာ မောင်းနှင်လာလို့ ခါးညောင်းညာမှုကို လျော့နည်းစေတာ ဖြစ်ပါတယ်။ ဘရိတ်ပိုင်းမှာက ရှေ့ရော နောက်ပါ ဟိုက်ဒရောလစ်နဲ့ ဖိအားပေး Disc ဘရိတ်စနစ်တွေပဲ ဖြစ်ပါတယ်။ Suspension စနစ်က လမ်းကြောင်း အနေအထားကို လိုက်ပြီး Suspension စနစ် အတွင်းက လေကို အတိုး၊ အလျော့ ချိန်ပြီး စီးနင်းနိုင်တယ်၊ ရှေ့ဘက် စနစ်က Inverted Fork နဲ့ လာပြီး နောက်ဘက် အထိုင်ကတော့ Twin Sided Swing Arm နဲ့ ဖြစ်ပါတယ်။ Dual မော်ဒယ်တွေမှာလို နောက် Fork က Single မဟုတ်လို့ ပိုမို တည်ငြိမ်တဲ့ လက်ကိုင် စနစ်ရအောင် အကူအညီပေးနိုင်တာလည်း တွေ့ရပါတယ်။ မော်ဒယ်ရဲ့ ထိုင်ခုံက မြေပြင်ကနေ ၂၆ ဒသမ ၂ လက်မ အကွာမှာ ရှိပါတယ်။ မော်ဒယ်က လမ်းကြမ်းစီး မော်ဒယ် မဟုတ်လို့ မြေပြင်နဲ့ ကိုယ်ထည်က ၅ လက်မ ဝန်းကျင်ပဲ ကင်းလွတ်ပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၃ ဒသမ ၅ လီတာ ဆံ့ပါတယ်။ တိုင်ကီရဲ့ ပုံစံက မော်ဒယ်ရဲ့ တဖက် တချက်စီကို အညီအမျှ ဖြန့်ချထားပြီး အသည်းပုံစံ တိုင်ကီ ဖြစ်ပါတယ်။ မောင်းနှင်နေချိန် အလေးချိန် ဟန်ချက်ညီမှု ညီမျှအောင် ဖန်တီးထားတာပါ။ မော်ဒယ်က ပုံမှန် အလေးချိန် ၆၄၈ ပေါင် လေးပါတယ်။ ဆီအပြည့်နဲ့ ဆိုရင်တော့ ၆၇၂ ပေါင် လေးပါလိမ့်မယ်။ Gym ကစားပြီး ကိုယ်ထည် တောင့်တောင့် လှလှနဲ့ လူငယ်တွေ အတွက်တော့ စိတ်ကြိုက်ဖြစ်မယ်၊ လိုက်ဖက်နိုင်ပေမယ့် မော်ဒယ်ရဲ့ အလေးချိန်နဲ့ ကိုယ်ထည် ကြီးမားမှု အနေအထားအရ လူတိုင်းနဲ့တော့ လိုက်ဖက် အဆင်ပြေဖို့ မလွယ်ပါဘူး။ မော်ဒယ်က ဈေးနှုန်း ဒေါ်လာ ၂၀၂၉၉ နဲ့ ရောင်းချနေတာ တွေ့ရပြီး မြန်မာငွေနဲ့ ဆိုရင်တော့ သိန်း ၂၆၀ ကျော်လောက် ရှိနိုင် ပါတယ်။ Harley ချစ်သူတွေ အနေနဲ့ ဇိမ်ခံစီးချင်တယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ့် Cruiser မော်ဒယ်ပဲ ဖြစ်ပါတယ်။ Ref: www.cycleworld.com The post ဆိုင်ကယ် ဝါသနာအိုးများ နှစ်သက်မယ့် ဟာလေးဒေးဗစ်ဆင်ရဲ့ 2018 Softail Breakout 114 မော်ဒယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2AtH4o5
via IFTTT

No comments:

Post a Comment