ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂါလီအရေးဆွေးနွေးမှုများကို အားတက်မိဟု အီးယူထိပ်တန်းသံတမန်ပြောကြား။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အီးယူ ဆက်လက် ထောက်ခံမည် ဘင်္ဂါလီအရေးနှင့်စပ် လျဉ်း၍ မြန်မာနိုင်ငံ၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အလွန်အားတက်စရာကောင်း သော တွေ့ဆုံဆွေးနွေးမှုများကို ဥရောပသမဂ္ဂ (အီးယူ)ပြည်ပ မူဝါဒအကြီးအကဲ ဖက်ဒရီကာ မိုဟီရီနီက ကြိုဆိုခဲ့ပြီး မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှနိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများ ကို ပြန်လည်လွှဲပြောင်းရေး ခြေလှမ်းများကို လက်ခံကြိုဆိုခဲ့ သည်။ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ နေ့များက ဘင်္ဂလားဒေ့ရှနိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများ သို့ သွားရောက်ခဲ့သူ မိုဟီရီနီ သည် နိုဝင်ဘာ ၂၀ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံဆွေးနွေးရာ၌ အပြုသဘော ဆောင်ခဲ့သည်ဟု ပြောကြား သည်။ ‘‘တွေ့ဆုံဆွေးနွေးမှုတွေက တော်တော်အားရစရာကောင်း တယ်ဆိုတာ ကျွန်မတွေ့ခဲ့ပါ တယ်’’ဟု မိုဟီရီနီက နေပြည် တော်၌ ကျင်းပသည့် အာဆီယံနှင့် ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သတင်း ထောက်များအား ပြောသည်။ ‘‘မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ ကြားမှာ ဒုက္ခသည်တွေကို ပြန် လည် လွှဲပြောင်းဖို့ သဘောတူညီချက်ရနိုင်ခြေကြောင့် ကျွန်မ တော်တော်လေး အားတက်မိပါတယ်။ အဲဒါက အစစ်အမှန်နဲ့ ခိုင်မာ တယ်လို့ ကျွန်မယုံကြည်တယ်’’ ဟု မိုဟီရီနီက ပြောသည်။ ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရာတွင် အီးယူ အထူးကိုယ်စားလှယ် မစ္စစ်ဖက် ဒရီကာမိုဟီရီနီက ဒေါက်တာ ကိုဖီအာနန်ကော်မရှင်၏ အစီရင် ခံစာပါ အကြံပြုချက်များကို အ ကောင်အထည်ဖော်ရန် လိုအပ် ကြောင်း ထည့်သွင်းပြောကြား သည်။ အီးယူ အထူးကိုယ်စား လှယ်သည် ရခိုင်ပြည်နယ်အရေး ကို မြန်မာ-ဘင်္ဂလားဒေ့ရှ နှစ် နိုင်ငံ ပူးပေါင်းအဖြေရှာဆောင် ရွက်ရန် လိုအပ်ကြောင်းနှင့် ယင်း ဖြစ်စဉ်ကို ကူညီပံ့ပိုးပေးရန် အ ဆင်သင့်ရှိကြောင်း ဆွေးနွေးခဲ့ သည်။ အီးယူသည် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ မျှော်လင့် ချက်များစွာရှိပြီး မြန်မာ့ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေး ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း အထူး ကိုယ်စားလှယ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည် တော်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက် များအား ပြောသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ သည် ဒုက္ခသည်များ လွှဲပြောင်း ရေးနှင့်စပ်လျဉ်း၍ သဘောတူညီ မှု မရရှိသေးပေ။ နေ့စဉ်နှင့်အမျှဆိုသလို ဆာ လောင်မွတ်သိပ်မှု၊ ကြောက်ရွံ့မှု နှင့် အကြမ်းဖက်မှုများမှ အရေအ တွက် အများအပြားထွက်ပြေးနေ ဆဲဖြစ်သောကြောင့် ဘင်္ဂါလီများ ကို လျင်လျင်မြန်မြန်၊ ချောချော မွေ့မွေ့ဖြင့် နေရပ်ပြန်လည်ပို့ ဆောင်ရေးမဖြစ်နိုင်သေးကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြော ကြားသည်။ —Ref: AFP
Source : http://ift.tt/2znaTGQ
via IFTTT
No comments:
Post a Comment