Monday, November 6, 2017


ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သည့် AAC ခေါင်းဆောင်များ ခြိမ်းခြောက်ခံနေရ ထိုင်းနိုင်ငံ၌ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာ အလုပ်သမားများ၏အရေးကို လိုက်ပါဆောင်ရွက် ပေးနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAC) ခေါင်းဆောင်များ ခြိမ်းခြောက် ခံနေရ ကြောင်း သတင်းရရှိသည်။ AAC ဥက္ကဋ္ဌ ဦးခိုင်နှင့် အဖွဲ့၏ အထွေထွေ တာဝန်ခံနှင့် သတင်းပြန်ကြားရေး ဦးရဲမင်း တို့ထံသို့ နိုဝင်ဘာ ၃ ရက်နေ့ကစပြီး တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ ဦးရဲမင်း က “ကျနော်တို့ ဥက္ကဋ္ဌကို ထိုင်းလူမျိုးတဦးက အလုပ်သမားအရေး ဆက်လုပ်ပြီး ထိုင်းမှာ နေချင်သေးလား ဆိုတဲ့ ပုံစံမျိုး ဆက်သွယ်ပြီး ဖိအားပေး ခြိမ်းခြောက်လာတယ်။ ကျနော့်ကိုဆိုရင်လည်း မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေနဲဖုန်းနဲ့ ဆက်တိုက် ဆက်သွယ် လာတယ်” ဟု ဧရာဝတီကို ပြောပြသည်။ ဆက်သွယ် ခြိမ်းခြောက်သူများသည် ထိုင်းနှင့် မြန်မာလူမျိုး ၂ မျိုးလုံးပါဝင်ပြီး ထိုင်းနိုင်ငံကို မြန်မာလုပ်သားများအား နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MOU နှင့် စေလွှတ်ရာတွင် ခေါင်းပုံဖြတ် အမြတ်ထုတ်သူများ ဖြစ်ဖွယ်ရှိကြောင်း AAC က ယူဆနေသည်။ AAC အဖွဲ့သည် ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MOU ဖြင့်ရောက်ရှိလာပြီး အလုပ်အကိုင်မရရှိဘဲ ဒုက္ခရောက် နေသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိုအလုပ်သမားများကို တင်ပို့လာသည့် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၏ အမည်များကို ထုတ်ဖော်ပေးခဲ့သည်။ “ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေဟာ သူ့တို့ရဲ့ အကျိုးစီးပွား လမ်းကြောင်းတွေ ပိတ်တယ်။ အလုပ်သမားတွေပေါ်ကနေ စိတ်ကြိုက် ဂုတ်သွေး စုပ်လို့ မရေတော့တဲ့ အနေအထားမှာ ကျနော်တို့ အဖွဲ့ကို ပြုတ်သွားစေချင်တဲ့ အနေအထားပါ။ ရှင်းရှင်း ပြောရရင် အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့ ထိုင်းပွဲစား၊ မြန်မာပွဲစားတွေက AAC အဖွဲ့ကို အလိုမရှိတာ သေချာ ပါတယ်” ဟု ဦးရဲမင်း က ပြောသည်။ AAC ထံသို့ ဆက်သွယ် ခြိမ်းခြောက်လာသော ဖုန်းနံပါတ်များ၊ စာရေးသားပေးပို့သော ဖုန်းနံပါတ်များကို ပြန်လည် ဆက်သွယ်ရာတွင် ပိတ်ထားကြောင်း၊ ထိုအခြေအနေများနှင့် ပတ်သက်၍ တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး အတွက် တော့ လတ်တလော ဆောင်ရွက်ထားခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။ ထိုကဲ့သို့ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း AAC အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားအရေးကို ဆက်လက် လုပ်ဆောင် နေဦးမည် ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ပုံစံအမျိုးမျိုးနှင့် ခြိမ်းခြောက်နေမှုများ ရှိနေသဖြင့် သတိထား၍ လုပ်ဆောင် သွားရမည် ဖြစ်သည်ဟုလည်း ပြောသည်။ ဦးရဲမင်းက “နည်းနည်းတော့ ကျနော်တို့ သတိထားလာရမယ့် အနေအထားမျိုး ရှိတယ်။ ပုံစံတမျိုးနဲ့ အန္တရာယ်ရှိလာတယ် လို့ သုံးသပ်တယ်။ အရင်က အနေအထားထက် ထူးခြားနေတဲ့ အနေအထားပေါ့” ဟု ပြောဆိုသည်။ AAC အဖွဲ့ကို ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ မတရားသဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရမှုများ၊ ထိုင်းရဲတပ်ဖွဲ့များ၏ ငွေညှစ်မှုများ၊ လူမှောင်ခိုကူးခံရမှုများ၊ ထိုင်းနိုင်ငံရောက် မြန်မာ အမျိုးသမီး ငယ်များ အဓမ္မပြုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် အလုပ်သမား အခွင့်အရေး ရရှိခံစားခွင့်များ အတွက် လိုက်ပါ ဆောင်ရွက် ပေးနေသော အဖွဲ့ဖြစ်သည်။ The post ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သည့် AAC ခေါင်းဆောင်များ ခြိမ်းခြောက်ခံနေရ appeared first on ဧရာဝတီ.
Source : http://ift.tt/2zhGvN2
via IFTTT

No comments:

Post a Comment