အစိုးရက ကျန်းမာရေးဆိုင်ရာသုတေသနလုပ်ငန်း အတွက် ကျပ်သန်းတထောင် ဘတ်ဂျက်ချပေး မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ ကျန်းမာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေပြီး ကျန်းမာရေးဆိုင်ရာ သုတေ သန လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် အစိုးရက သုတေသန ဘတ်ဂျက်ငွေ ကျပ်သန်း တထောင် ချထားပေးကြောင်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး၌ ပြုလုပ်သည့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ အစည်းအဝေး မှ သိရသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ကျနော်တို့ လုပ်ငန်းအားလုံးသည် သုတေသနမပါဘဲ လုပ်ရင် အလကားပဲ။ မျက်စိပိတ်ပြီး လုပ်သလို ဖြစ်နေ ပါတယ်။ အစိုးရက သုတေသနလုပ်ဖို့ သန်းတစ်ထောင်ပေးထားတယ်။” ဟု ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနအတွက် ၁၉၄၈ ခုနှစ်မှ စပြီး သုတေသန လုပ်ရန် ဘတ်ဂျက်ငွေ ချပေးခြင်း မရှိခဲ့ဘဲ ယခု အစိုးရလက်ထက်တွင် ကျပ်သန်း တထောင်ချပေးကြောင်း၊ လာမည့်နှစ်တွင် ကျပ်သန်း နှစ်ထောင် ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘတ်ဂျက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေး ကဏ္ဍတခုလုံးတွင် ရှိသော လုပ်ငန်းအသီးသီးအား သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။ ဒေါက်တာသန်းထွဋ် က “သုတေသနမရှိဘဲနဲ့ ဘယ်ဟာမှ ဖွံဖြိုးမတိုးတက်ဘူး။ ကုန်ပစ္စည်းမှာတင် မဟုတ်ဘူး။ လုပ်ငန်းဆောင်တာတွေမှာလည်း သုတေသနလိုမှာ ဖြစ်ပါတယ်။ သုတေသနရှိမှ တိုးတက်မယ်။ ဒါကြောင့် အဖွဲ့အစည်း တခု တိုးတက်ဖို့ ဆိုရင် နိုင်ငံတကာ အလေ့အကျင့်က သူတို့အသုံးစရိတ်ထက် ၃၀ ရာနှုန်း၊ ၄၀ ရာနှုန်း သုတေသနလုပ်ငန်းတွေ မှာသုံးတာတွေရှိတယ်။” ဟု ပြောသည်။ အဆိုပါ သုတေသနဘက်ဂျက်သည် ကျန်းမာရေးဝန်ကြီးဌာနသို့ နှစ်စဉ် ချပေးနေသည့် ဆေးသုတေသန ဦးစီးဌာန ဘက်ဂျက်နှင့် မသက်ဆိုင်ဘဲ ယခုအစိုးရလက်ထက်မှ သီးခြားဘတ်ဂျက် စတင် ချပေးခြင်း ဖြစ်သည်။ အဆိုပါ သုတေသန ဘတ်ဂျက်ကြောင့် ဘက်ပေါင်းစုံ ကျန်းမာရေး ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဘတ်ဂျက်ကို ဆေးသုတေသနမှ လုပ်နေသည့် သုတေသနများအပြင် FDA သုတေသန၊ သင်ကြားရေး သုတေသန၊ ကုသရေးဆိုင်ရာ သုတေသန လုပ်ငန်းများ၌ အသုံး ပြုလျက်ရှိကြောင်း သိရသည်။ The post အစိုးရက ကျန်းမာရေးဆိုင်ရာသုတေသနလုပ်ငန်း အတွက် ကျပ်သန်းတထောင် ဘတ်ဂျက်ချပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2zl9VYq
via IFTTT
No comments:
Post a Comment